တစ်ခါတုန်းက
မွန်ပြည်နယ်က တောရွာတစ်ရွာမှာ
ကောက်ရိတ်သိမ်းပွဲ ကျင်းပဖြစ်ပါတယ်။
သြဇာအာဏာကြီးမားတဲ့ သူကြီးက
ရွာသားအားလုံးကို ခေါ်ပြီး အမိန့်ထုတ်လိုက်ပါတယ်။
“ ကောက်ရိတ်သိမ်းပွဲကို ရွာသားတိုင်းတက်ရောက်ရမယ်။
တက်ရောက်လာသူတိုင်း
ထန်းရည် တစ်ကျည်တောက်စီ ယူလာရမယ်။ ”
ကောက်ရိတ်သိမ်းပွဲ ကျင်းပတဲ့နေ့ရောက်လာတော့
ယူလာတဲ့ ထန်းရည်ကို
ရွာလယ်က ရာဝင်အိုးထဲကို ထည့်ကြတယ်။
ပြီးမှ
ရွာသားများ ပျော်ပွဲရွှင်ပွဲအဖြစ်
ထန်းရည်ကို ဝိုင်း သောက်ကြဖို့စီစဉ်ထားကြတယ်။
တကယ်တန်း ထန်းရည်ကိုသောက်ကြတဲ့အခါ
ထန်းရည်မဟုတ်ပဲ ရေတွေဖြစ်နေတာကို သိရပါတော့တယ်။
ရွာသားတိုင်းက ကျည်တောက်ထဲကို
ထန်းရည်အစား ရေတွေကိုသာ ယူလာကြတယ်။
ဒီလောက်ကြီးမားတဲ့ ရာဝင်အိုးထဲကို
ရေတစ်ကျည်တောက်ကိုထည့်လိုက်ရုံနဲ့တော့
ဘာမှ မဖြစ်လောက်ဘူးလို့
ရွာသားတွေကထင်ပြီး ထန်းရည်အစား ရေကိုယူလာခြင်းဖြစ်တယ်။
ဒါပေမယ့် ရွာသားတွေ အားလုံးက ယူဆပုံခြင်းတူသွားတဲ့အခါမှာတော့
ရာဝင်အိုးထဲ အားလုံးကရေဖြစ်သွားပါတော့တယ်။
မကောင်းမှု ကိုလည်း
ဘာမှ မဖြစ်လောက်ပါဘူးလို့ထင်ပြီး
စုပေါင်းလုပ်လိုက်သောအခါ
အင်အားကြီးမားတဲ့ မကောင်းမှုဖြစ်သွားတတ်သကဲ့သို့
ကောင်းမှု
ကိုလည်း
နည်းနည်းချင်း၊
အကြိမ်ပေါင်းများတဲ့အခါ ဖြစ်စေ၊
နည်းနည်းချင်း စုပေါင်းလိုက်တဲ့အခါဖြစ်စေ
အင်အားကြီးမားတဲ့ ကောင်းမှုဖြစ်သွားတတ်ပါတယ်။
No comments:
Post a Comment