အသက် ၈၀ကျော် အဘိုးအိုတစ်ဦးက သရက်ပင်ငယ်တစ်ပင် စိုက်နေတယ်။
လူငယ်တစ်ဦးက သိချင်တာနဲ့ အဘိုးအိုကိုမေးလိုက်ပါတယ်။
“ အဘိုး၊အဲဒီသရက်ပင် သီးတဲ့ အသီးကို
အဘိုးစားရလိမ့်မယ်လို့ မျှော်လင့်ပါသလား ”
လို့မေးပါတယ်။
အဘိုးအိုဟာ ပေါက်တူးကိုမြေမှာထောက်မှီရင်း ခါးဆန့်လိုက်ပါတယ်။
အသက်ကို ပြင်းပြင်းရှုရင်း
“အဘိုး မမျှော်လင့်ပါဘူးကွယ်၊
အဘိုးအရွယ်နဲ့ဆိုရင် ဒီအသီးစားဖို့ မမျှော်လင့်နိုင်ဘူးဆိုတာ
အဘိုးကောင်းကောင်း နားလည်ပါတယ်။
အဘိုးဘဝတစ်လျှောက်လုံး သရက်သီးတွေ စားခဲ့တာမနည်းပါဘူး။
အဲဒီသရက်သီးတွေဟာ အဘိုးစိုက်တဲ့ သရက်ပင်က သရက်သီးတွေမဟုတ်ပါဘူး။
အခြားလူတွေသာ သရက်ပင်တွေမစိုက်ခဲ့ဘူးဆိုရင်
အဘိုးအဲဒီသရက်သီးတွေ ဘယ်လိုလုပ် စားနိုင်မှာလဲကွယ်။
အဘိုးစားနိုင်ဖို့ သရက်ပင်တွေကို စိုက်ပျိုးထားပေးခဲ့တဲ့ ကျေးဇူးရှင်တွေကို
ကျေးဇူးဆပ်တဲ့အနေနဲ့ နောင်လာနောင်သားတွေစားဖို့ အဘိုးစိုက်နေတာပါကွယ်”
လို့ အဘိုးအိုကရှင်းပြပြီး စိုက်လက်စ သရက်ပင်တွေကို ဆက်ပြီးစိုက်နေပါတယ်။
No comments:
Post a Comment