Saturday, September 24, 2011
" အမေ့ထံသို့ပေးစာများ-၁၃..."
Friday, September 23, 2011
“ မှန်တာကိုလုပ်မှ မှန်တာပါ... ”

သူတစ်ပါးကိုတာဝန်ပေးရင်
( Follow the DART ) =မြှားနောက်လိုက်၊ ကိုသတိရပါ။
မြှား (DART )က အရင်သွားတယ်။
၁။ ။D= Duty…..
တာဝန်ကဘာလဲ ဆိုတာတိတိကျကျပြောပါ။
၂။ ။ A=Authority…..
လုပ်သားငွေကြေး၊ယာဉ်၊စက်စသည်ဖြင့် ခန့်ခွဲသုံးစွဲပိုင်ခွင့် အတိအကျသတ်မှတ်ပေးပါ။
၃။ ။R= Responsibility…..
ဘာတွေကို တာဝန်ယူရမယ်။ ဘာတွေပြီးစီးအောင်မြင်ဖို့လိုတယ်ဆိုတာတိတိကျကျပြောပါ။
၎။ ။T=Time…..
ကာလသတ်မှတ်ပေး၊ ဘယ်အချိန်အတွင်းပြီးရမယ်ဆိုတာ တိတိကျကျပြောထားပါ။
ပြီးမှ ( Follow Up )ဆိုတဲ့ လိုသမျှ အထောက်အကူကိုပေးထားပါ။
ပုံမှန်လိုက်လံစစ်ဆေးတာကိုလုပ်ပါ။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။
သိပ္ပံလောကမှာ ရှေ့ကသွားလေသူတို့ရဲ့ တွေ့ရှိချက်များဟာ
နောက်လူတို့ အသိပညာတောင်ထွတ်ကို ဆက်ပြီးတက်ရာမှာ
လှေကားထစ်များသဖွယ် အထောက်အကူပြုမြဲဖြစ်တယ်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ပညာရှာရာမှာ ကြီးလှခြင်းတည်းဟူသော
၎င်းပုဂ္ဂိုလ်တို့ရဲ့ထူးခြားသောဓလေ့စရိုက်ကောင်းတစ်ခုသည်လည်း
နောက်လူအတွက်လေးစားအားကျစရာအတုယူစရာ အရည်အချင်းတစ်ရပ်ဖြစ်တယ်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။
တယ်လီဖုန်းကို ထိရောက်စွာ အသုံးပြုရန် အကောင်းဆုံးနည်းများမှာ…
၁။ တယ်လီဖုန်းခေါ်သူအား သင်ရဲ့အမည်ကို ပြောပြပါ။
၂။ ဖုန်းပြောစဉ် ပြုံးပါ။
မှန်တစ်ချပ်ကို သူ့ရှေ့တွင် ချထားပါ။
၃။ ဖုန်းခေါ်သူအား အသိပေးပါ။
ဘာမှ မပြောဘဲ ဖုန်းကို ဒီအတိုင်းကိုင်စောင့်စေခြင်းမျိုး မပြုလုပ်ပါနဲ့။
၎။ ဖုန်းခေါ်သူအား လိုရင်းပြောရန် တိုက်တွန်းပါ။
လိုရင်းရောက်အောင်ပြောခိုင်းပါ။
၅။ ဖုန်းခေါ်သူရဲ့ လိုအပ်ချက်ကို တာဝန်ယူပါ။
၆။ ဖုန်းခေါ်သူအား ကျေးဇူးတင်ကြောင်း ပြောပါ။
၇။ အသံအနိမ့်အမြင့်၊ အတိုးအကျယ်ဖြင့် ပြောပါ။
၈။ ဖုန်းကိုင်ခိုင်းထားရင် ဂရုတစိုက်ရှိပါ။
၉။ ရင်းနှီးတဲ့ပရိယာယ် ကြွယ်တဲ့စကားလုံးကို သုံးပါ။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ထူးထက်ရှေ့တက်
( ကြည်မင်း )
လုပ်သင့်တာကို လုပ်ရဲတာဟာ သတ္တိဖြစ်သလို
မလုပ်သင့်တာကို မလုပ်ဘဲနေတာလည်း သတ္တိဖြစ်ပါတယ်။
လုပ်သင့်၊ မလုပ်သင့် ဆုံးဖြတ်နိုင်တဲ့အရည်အသွေးကိုတော့ ဗျတ္တိလို့ခေါ်တယ်။
ဝန်ကျင်ကို မျက်ခြည်မပြတ်စေနဲ့၊
ကိုယ့်ထက်အဆင့်မြင့်သူတွေ လုပ်ကိုင်ပုံ၊ ဆုံးဖြတ်ပုံ၊ တွေးခေါ်ပုံတို့ကို လေ့လာပါ။
သူတို့နေရာမှာ ကိုယ်သာဆိုရင် ဘာလုပ်မလဲ
အဲဒါကိုစဉ်းစားကြည့်တဲ့ အလေ့အကျင့်မွေးမြူပါ။
လုပ်ငန်းဆိုတာ လွှသွားလိုပဲ၊
ထက်နေအောင်သွေးထားမှ သုံးစွဲရာမှာ ထိရောက်တယ်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ပညာယူပါ။
ဘယ်လိုလုပ်ရင်ကောင်းသွားမလဲ စဉ်းစားပါ။
လူတွေရဲ့တန်ဖိုးအရှိဆုံးပိုင်ဆိုင်မှုဟာအချိန်ပဲ။
အသုံးချပုံချင်း မတူလို့ သာ ရလာဒ်တွေကွဲပြားသွားကြတာဖြစ်တယ်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။
“ အများက ဝိုင်းခေါင်းညိတ်တိုင်း
ကိုယ့်လုပ်ရပ်မှန်လှပြီလို့ ထင်မနေနဲ့။
မှန်တာကို လုပ်မှ မှန်တာ ”
( Warren Buffet )
။။။။။။။။။။။။။။။။။။။။။။။။။။။။။။
“ ကိုယ့်မှာ ဘာတွေမသိတာ၊ မတတ်တာ ရှိသလဲ ဆန်းစစ်၊
ပြီးတော့ အဲဒါတွေသိတဲ့၊တတ်တဲ့ လူတွေ ခေါ်ခန့် ”
(Howard Schultz )
။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ချင်ရင်
ကိုယ့်မာနနဲ့အတ္တကို ဖိနပ်ချွတ်မှာ ထားခဲ့ပြီး
ကိုယ်ဘာမသိသေးသလဲ၊
မတတ်သေးသလဲဆိုတာ ဆန်းစစ်နေရမယ်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။
မျှော်မှန်းထားတဲ့တိုးတက်မှုအဆင့်ထက်ကျော်ပြီး ရင်းနှီးမြှုပ်နှံဖို့ပါ။
ပညာရေးနဲ့မြင်သာအောင်ပြောရရင်
ငါးတန်းကလေးကို ခြောက်တန်းစာ ကြိုသင်ခိုင်းတာပါ။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။
“ ခက်ခဲတဲ့အလုပ်မှာ ဆက်လုပ်ရဲတဲ့သတ္တိရှိပါ ”
(A.G Lefley-57)
Procter &Gamble’ Chairman &CEO
။။။။။။။။။။။။။။။။။။။။။။။။။။။။။။
“ လောကအမြင်ချင်းမတူတဲ့ လူတွေရဲ့အာရုံသိစိတ်နောက် မလိုက်နဲ့။
ကိုယ့်အာရုံသိစိတ်နောက်ပဲလိုက် ”
( S.Redstone=81years)
Viacom’ Chairman &CEO
။။။။။။။။။။။။။။။။။။။။။။။။။။။။။။
“ ချိုသာယဉ်ကျေးပါ။
အကောင်းဆုံးလုပ်ပါ။
အရေးကြီးဆုံးကတော့ ရှေ့ရေးမြင်ထားပါ ”
( M.Whitman=48years )
e-Bay ‘Chairman
။။။။။။။။။။။။။။။။။။။။။။။။။။။။။။
Thursday, September 22, 2011
" သင့်အတွေးဟာ သင်ပါပဲ..."

ကိုယ်က အရင်ကောင်းထားဖို့လိုတယ်။
၁။ အများသူငါ သွားတဲ့လမ်းမပေါ်မှာ ချည်းမနေနှင့်။
၂။ သူတစ်ပါးသွားပြီးသားနေရာတွေချည်း မသွားနှင့်။
၃။ လမ်းဟောင်းဖုန်ဖုန်မှ တစ်ခါတစ်လေ ဘေးဖဲ့ဆင်းကာ
လမ်းမရှိတဲ့ တောထဲကို လည်းဝင်ကြည့်ပါ။
၎။ သင်တစ်ခါမျှ မတွေ့ဖူးတဲ့အခြင်းအရာတစ်စုံတစ်ရာတော့ တွေ့မှာသေချာတယ်။
၅။ သေးသေးမွှားမွှားဖြစ်ချင်ဖြစ်မယ်၊
ဒါပေမယ့် လျစ်လျူမရှုပါနှင့်။
သူ့နောက်ဆက်လိုက်ကြည့်ပါ။
၆။ သူ့အနီးပတ်ဝန်ကျင်ကို စူးစမ်းကြည့်ပါ။
၇။ တွေ့ရှိချက်တစ်ခုမှ နောက်တစ်ခုဆီ ဆက်လက်ဦးတည်ကာ
ကိုယ်တိုင် သတိမထားလိုက်မိတဲ့အချိန်မှာ
အလေးအနက်စဉ်းစားရမယ့်တန်ဖိုးရှိတဲ့အရာ တစ်ခုသင်တွေ့ရှိလာမည်။
( ဂရေဟမ်ဘဲလ် )
(တယ်လီဖုန်းကို စတင်တီထွင်ခဲ့သူ)
++++++++++++++++++++++++
အလုပ်များလွန်းလို့ စာမဖတ်နိုင်ဘူးတဲ့လား?
( ပါမောက္ခ အော်စလာ ရဲ့ စာဖတ်နည်း )
လူသည် မနက်ထက်ညမှာပညာပို ရှိရမည်။
မနေ့ကထက် သည်ကနေ့ အသိဉာဏ်သာရမည်။
အသက်ကြီးလာသည်နှင့်အမျှ ဦးနှောက် အလေးချိန်ပိုစီးလာရမည်။
ဒီအတွက် ဘာလုပ်မလဲ၊
တစ်နည်းသာ ရှိသည်။
စာဖတ်ပါ။
နေ့စဉ်ဖတ်ပါ။
စာကောင်းပေကောင်းကို ရွေးဖတ်ပါ။
ကိုယ့်အလုပ်အတွက် ကိုယ့်ဘဝအတွက် အသုံးဝင်မယ့်အရာကို
ဦးစားပေးရွေးဖတ်ပါ။
ကိုယ့်ကိုကိုယ် စစ်ဆေးမေးမြန်းပါ။
စာဖတ်ချိန်ရချိန်ရင် အိပ်ချိန်ထဲက ဖဲ့ယူဖို့ကလွဲပြီး အခြားနည်းလမ်းမရှိတော့ပါ။
သို့နှင့် အိပ်ရာမဝင်မီ စာ (၁၅) မိနစ်ဖတ်တဲ့အလေ့အကျင့်တစ်ခု
သူ ( ပါမောက္ခ အော်စလာ ) အစပြုခဲ့တယ်။
သူကွယ်လွန်သွားချိန်တွင်စာအုပ်ကျမ်းပေါင်း ( ၇၇၈၇ )အုပ်ကို
စံနစ်တကျ ညွှန်းဆိုသွားနိုင်ခဲ့ပါတယ်။
တကယ်တန်ဖိုးရှိတဲ့ စာအုပ်ကောင်းတွေရွေးချယ်ဖတ်မိဖို့လိုပါတယ်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
တစ်ကြိမ်မှာ တစ်မိနစ်၊နှစ်မိနစ်
( ဒေါက်တာကက်ဒမင်ရဲ့စာဖတ်နည်း )
၁။ စာဖတ်ခြင်းမှာ အချိန်များစွာသုံးစွဲခြင်းသည် ပျင်းရိခြင်းသာ ဖြစ်တယ်။
၂။ အကြောင်း၊အကျိုးစဉ်းစားဆင်ခြင်ရန်၊
ညှိနှိုင်းရန်၊
ချိန်ဆရန် အတွက်သာ
စာဖတ်ခြင်း ဖြစ်ပါစေ။
၃။ အချို့စာအုပ်များသည် မြည်းရန်အတွက်သာ၊
အချို့သည်မျိုချရန်၊
အချို့သော( အနည်းငယ်မျှသည်သာ )
ညက်ညက်ဝါးကာ အစာကြေအောင် ချေရန်ဖြစ်တယ်။
၎။ စာဖတ်ခြင်းဟာ လူအားပြည့်ဝစေ၏။
ဆွေးနွေးပြောဆိုခြင်းဟာ အသင့်ပြင်ဆင်ပြီးဖြစ်စေ၏။
ရေးမှတ်ခြင်းကား တိကျစေသည်။
၅။ ဖတ်သောစာတို့သည် ဖတ်သူ၏စရိုက်လက္ခဏာများအဖြစ်သို့
ကူးပြောင်းကြမြဲဖြစ်၏။
++++++++++++++++++++++
သိန်းငှက်ဆိုသည်မှာ စုန်လေတွင် မတက်၊
လေကိုဆန်ရင်းသာ အမြင့်သို့တက်စမြဲဖြစ်သည်။
+++++++++++++++++++++++++++++
သင့်အတွေးဟာ သင်ပါပဲ၊
အပြောကျယ်သည့်စကြာဝဠာကြီးထဲတွင်
ကမ္ဘာကြီးသည် ဖုန်မှုန့်ကလေး တစ်မှုန်မျှသာ ဖြစ်ပါတယ်။
လူသားရဲ့ဘဝတစ်သက်တာဆိုသည်မှာလည်း
ဖျတ်ခနဲတစ်ချက်ကြာမျှသာ ဖြစ်ပါတယ်။
တိုတောင်းလွန်းလှတဲ့ ဘဝတာတွင်
တကယ့်အလှအပတွေကိုသာ စိတ်ထဲတွင် ကိန်းဝပ်ပါစေ။
ကမောက်ကမ၊ ရှေ့နောက်အဆီအငေါ်မတည့်တဲ့ကိစ္စများအပေါ်
အချိန်မဖြုန်းပါနဲ့။
Wednesday, September 21, 2011
" နောက်လူအတွက် ရေပြန်ဖြည့်ခဲ့ပါ..."

တစ်ခါတုန်းက
လေယာဉ်တစ်စီးဟာ စက်ချွတ်ယွင်းသွားတဲ့အတွက်
သဲကန္တာရထဲမှာ ပျက်ကျသွားခဲ့တယ်။
အချို့ကသေတယ်။
အချို့ကမသေဘူး။
မသေတဲ့လူတွေက ဒီအတိုင်းနေလို့မဖြစ်နိုင်မှန်းသိတော့
ထွက်ပေါက်ဖြစ်နိုင်တဲ့လမ်းကို ရှာကြတယ်။
အဆုံးအစမမြင်ရတဲ့သဲကန္တာရမှာ အချို့က လမ်းရှာရင်း
ရေငတ်ပြီးသေကြပြန်တယ်။
လူနည်းနည်းသာကျန်တော့တယ်။
အဲဒီလူစုကလည်း ရေငတ်လွန်းလို့ အသက်ယဲ့ယဲ့သာကျန်တော့တဲ့အချိန်မှာ
လူတွေနေသွားပုံရတဲ့အဆောက်အဦးပျက်ထဲကို ရောက်လာကြတယ်။
ရေငတ်လွန်းလို့ ရေရှာတော့
တစ်နေရာမှာ စာတစ်စောင်နဲ့ ရေခရားတစ်ခုကိုတွေ့ရတယ်။
" ပိုက်ထဲကို ရေးထည့်ချုမှ ရေငင်လို့ရတယ်။
ပြီးတော့ ကရားအိုးထဲ ရေပြန်ဖြည့်ခဲ့ပါ..."
ရေငတ်လွန်းတဲ့အချိန်မှာ ညွှန်းကြားချက်တွေကို လိုက်နာချင်စိတ်မရှိလှပါဘူး။
အချို့ကသောက်မယ်။
အချို့ကမသောက်သင့်ဘူး။
အငြင်းပွားကြတယ်။
ညွှန်းကြားချက်အတိုင်းလိုက်နာသင့်သူနဲ့မသင့်သူကြားအငြင်းပွားစရာဖြစ်နေတယ်။
ရေကရားကတစ်ခုထဲရှိတာ၊
ရေထည့်ပြီး ရေပြန်မထွက်လာရင်
ဘဲနဲ့လုပ်မလဲဆိုတဲ့အတွေးကလည်း လူအချို့မှာရှိနေကြတယ်။
ဒီအချိန်မှာ ခေါင်းဆောင်လုပ်သူရဲ့အဆုံးအဖြတ်ကို နားထောင်ဖို့ပိုက်လော့ကို အားလုံးက လှမ်းကြည့်ကြတယ်။
ပိုက်လော့က ဘာမှမပြောဘဲ ရေခရားထဲက ရေတွေကို
ရေပိုက်ထဲကို လောင်းထည့်လိုက်တယ်။
ရေရဖို့ ရေချူတဲ့သဘောဖြစ်တယ်။
ရေတွေအားလုံးကို လောင်းထည့်ပြီး ရေငင်လိုက်တော့မှ
ရေတွေတလဟောထွက်လာတယ်။
လူတွေအားလုံးဟာ ရေတွေကို
ပျော်ပျော်ရွှင်ရွှင်နဲ့အဝသောက်နိုင်ကြတယ်။
အချို့ကတော့ရေပါချိုးလိုက်သေးတယ်။
ခရီးမဆက်ခင်မှာတော့ နောက်လူတွေအတွက်
ရေကရားအိုးထဲကို အပြည့်ရေဖြည့်လိုက်တဲ့အပြင်
စာပါရေးခဲ့ပါတယ်။
" ပိုက်ထဲကို ရေးထည့်ချူမှ ရေငင်လို့ရပါတယ်။
ပြီးတော့ နောက်လူတွေအတွက် ကရားအိုးထဲ ရေပြန်ဖြည့်ခဲ့ပါ..."
Tuesday, September 20, 2011
" မိတ်ဆွေလိုချင်မှ မိတ်ဆွေရနိုင်တာပါ..."

တစ်ခါတုန်းက
မီယာမီဒေသတွင် အိုးပြစ်၊အိမ်ပြစ်၊ အလုပ်အကိုင်တွေပြစ်ခဲ့ရပြီး
ခိုလှိုခွင့်တောင်းခံလာကြတဲ့
ကျူးဘားလူမျိုးများရဲ့ရင်နင့်ဖွယ်ဖြစ်ရပ်များ များစွာရှိခဲ့ပါတယ်။
သူတို့တစ်တွေဟာ လွတ်လပ်တဲ့လူသားဘဝကို ရလိုမှုအတွက်
သူတို့နဲ့ရင်နှီးပြီးဖြစ်တဲ့ သူတို့ချစ်ခင်မြတ်နိုးတဲ့အမိမြေကို
စွန့်လွှတ်ခဲ့ကြပါတယ်။
ရာပေါင်းများစွာသော ကျူးဘားလူမျိုးတွေဟာ
ရရာအလုပ်အတွက် ကြိုးစားရှာနေကြပါတယ်။
ဘယ်လောက်ပင် ပင်ပန်းဆင်းရဲတဲ့အလုပ်၊
သူများတွေ မလုပ်ချင်တဲ့အလုပ်ဖြစ်နေပါစေ
ရွေးမနေနိုင်ကြပါ။
အမျိုးမျိုးနှိပ်စက်၊ရိုက်နှက်ခံရတဲ့အတွက်
နယ်သစ်၊ပယ်သစ်ရောက်တဲ့အခါ သူတို့တစ်တွေဟာ
အထီးကျန်အဖော်မဲ့နေကြရပါတယ်။
တစ်ချိန်က လူဝင်မှုကြီးကြပ်ရေးနဲ့အကောက်ခွန်ဌာနမှာ
ရာထူးခပ်မြင့်မြင့်တာဝန်ယူခဲ့တဲ့ ကျူးဘားလူမျိုးတစ်ဦးနဲ့ကြုံရဖူးပါတယ်။
သူဟာ မီယာမီဟိုတယ်တွင် အလုပ်လာလျှောက်ပါတယ်။
အစောင့် ဒါမှမဟုတ် ပန်းကန်ဆေးအလုပ် တစ်ခုခုရဖို့ လာလျှောက်ခြင်းဖြစ်ပါတယ်။
ကျူးဘားသို့ အခေါက်ခေါက်အခါခါ ရောက်ဖူးတဲ့မန်နေဂျာက
အလုပ်လာလျှောက်တဲ့ ကျူးဘားလူမျိုးကို မှတ်မိနေပါတယ်။
“ ဒါနဲ့ ခင်ဗျား အရင်က ကျူးဘားအကောက်ခွန်ဌာနမှာ
အလုပ်လုပ်ဖူးသလား”လို့မေးရာ
အဲဒီလူက လုပ်ဖူးကြောင်းပြောပါတယ်။
“ အခု ကျနော် ခင်ဗျားကို မှတ်မိပြီ၊
လွန်ခဲ့တဲ့သုံးနှစ်လောက်က ကျနော် ကျူးဘားကို အလည်ရောက်ခဲ့ပါတယ်။
အဲဒီတုန်းက အကောက်ခွန်ဌာနနဲ့ကျနော် အခက်အခဲတော်တော် ကြုံရပါတယ်။
အကောက်ခွန်အရာရှိတွေကို ကျနော်ရှင်းပြလေလေ
ပြဿနာပိုဆိုးလာလေလေဖြစ်လာပါတယ်။
အဲဒီအခါမှာ အရာရှိလူစိမ်းတစ်ယောက်ဝင်လာပြီး
အားလုံးကို ပြေလည်အောင် လုပ်ပေးခဲ့ပါတယ်။
အဲဒီလူက ခင်ဗျားပဲ မဟုတ်လား”လို့မေးလိုက်ပါတယ်။
“ ဟုတ်ပါတယ်”
လို့ကျူးဘားကခိုးဝင်လာသူက ဖြေပါတယ်။
“ ကျနော်ဟာ ထောင်မကျတော့ဘူးဆိုတာ
သိရတော့ ဝမ်းသာပြီး ကျေးဇူးတင်လွန်းလို့ခင်ဗျား
ကို ဒေါ်လာတစ်ရာ ပေးပြီး ကျေးဇူးဆပ်ခဲ့ပါတယ်။
ဒါပေမယ့် ခင်ဗျားက မိတ်ဆွေပဲ လိုချင်ပါတယ် လို့ပြောပြီး လက်မခံခဲ့ပါဘူး။”
ကျူးဘားလူမျိုးက ပြုံးပြီး အတိတ်ကဖြစ်ရပ်ကို သတိရပြီး ခေါင်းညိတ်လိုက်ပါတယ်။
“ ကဲ…အခု ခင်ဗျားမှာ မိတ်ဆွေရှိပါပြီဗျာ။
အခု ဒီဟိုတယ်ဟာ ခင်ဗျားရဲ့အိမ်ပါပဲ။
ခင်ဗျားနေချင်သလောက် ဒီမှာ ခင်ဗျားအိမ်လို သဘောထားနေပါဗျာ၊
မိတ်ဆွေဆိုတာ အပြန်အလှန် ကျေးဇူးပြုတတ်ပါတယ်”
လို့မန်နေဂျာက ရှင်းပြပါတယ်။

