တစ်ခါတုန်းက
မီယာမီဒေသတွင် အိုးပြစ်၊အိမ်ပြစ်၊ အလုပ်အကိုင်တွေပြစ်ခဲ့ရပြီး
ခိုလှိုခွင့်တောင်းခံလာကြတဲ့
ကျူးဘားလူမျိုးများရဲ့ရင်နင့်ဖွယ်ဖြစ်ရပ်များ များစွာရှိခဲ့ပါတယ်။
သူတို့တစ်တွေဟာ လွတ်လပ်တဲ့လူသားဘဝကို ရလိုမှုအတွက်
သူတို့နဲ့ရင်နှီးပြီးဖြစ်တဲ့ သူတို့ချစ်ခင်မြတ်နိုးတဲ့အမိမြေကို
စွန့်လွှတ်ခဲ့ကြပါတယ်။
ရာပေါင်းများစွာသော ကျူးဘားလူမျိုးတွေဟာ
ရရာအလုပ်အတွက် ကြိုးစားရှာနေကြပါတယ်။
ဘယ်လောက်ပင် ပင်ပန်းဆင်းရဲတဲ့အလုပ်၊
သူများတွေ မလုပ်ချင်တဲ့အလုပ်ဖြစ်နေပါစေ
ရွေးမနေနိုင်ကြပါ။
အမျိုးမျိုးနှိပ်စက်၊ရိုက်နှက်ခံရတဲ့အတွက်
နယ်သစ်၊ပယ်သစ်ရောက်တဲ့အခါ သူတို့တစ်တွေဟာ
အထီးကျန်အဖော်မဲ့နေကြရပါတယ်။
တစ်ချိန်က လူဝင်မှုကြီးကြပ်ရေးနဲ့အကောက်ခွန်ဌာနမှာ
ရာထူးခပ်မြင့်မြင့်တာဝန်ယူခဲ့တဲ့ ကျူးဘားလူမျိုးတစ်ဦးနဲ့ကြုံရဖူးပါတယ်။
သူဟာ မီယာမီဟိုတယ်တွင် အလုပ်လာလျှောက်ပါတယ်။
အစောင့် ဒါမှမဟုတ် ပန်းကန်ဆေးအလုပ် တစ်ခုခုရဖို့ လာလျှောက်ခြင်းဖြစ်ပါတယ်။
ကျူးဘားသို့ အခေါက်ခေါက်အခါခါ ရောက်ဖူးတဲ့မန်နေဂျာက
အလုပ်လာလျှောက်တဲ့ ကျူးဘားလူမျိုးကို မှတ်မိနေပါတယ်။
“ ဒါနဲ့ ခင်ဗျား အရင်က ကျူးဘားအကောက်ခွန်ဌာနမှာ
အလုပ်လုပ်ဖူးသလား”လို့မေးရာ
အဲဒီလူက လုပ်ဖူးကြောင်းပြောပါတယ်။
“ အခု ကျနော် ခင်ဗျားကို မှတ်မိပြီ၊
လွန်ခဲ့တဲ့သုံးနှစ်လောက်က ကျနော် ကျူးဘားကို အလည်ရောက်ခဲ့ပါတယ်။
အဲဒီတုန်းက အကောက်ခွန်ဌာနနဲ့ကျနော် အခက်အခဲတော်တော် ကြုံရပါတယ်။
အကောက်ခွန်အရာရှိတွေကို ကျနော်ရှင်းပြလေလေ
ပြဿနာပိုဆိုးလာလေလေဖြစ်လာပါတယ်။
အဲဒီအခါမှာ အရာရှိလူစိမ်းတစ်ယောက်ဝင်လာပြီး
အားလုံးကို ပြေလည်အောင် လုပ်ပေးခဲ့ပါတယ်။
အဲဒီလူက ခင်ဗျားပဲ မဟုတ်လား”လို့မေးလိုက်ပါတယ်။
“ ဟုတ်ပါတယ်”
လို့ကျူးဘားကခိုးဝင်လာသူက ဖြေပါတယ်။
“ ကျနော်ဟာ ထောင်မကျတော့ဘူးဆိုတာ
သိရတော့ ဝမ်းသာပြီး ကျေးဇူးတင်လွန်းလို့ခင်ဗျား
ကို ဒေါ်လာတစ်ရာ ပေးပြီး ကျေးဇူးဆပ်ခဲ့ပါတယ်။
ဒါပေမယ့် ခင်ဗျားက မိတ်ဆွေပဲ လိုချင်ပါတယ် လို့ပြောပြီး လက်မခံခဲ့ပါဘူး။”
ကျူးဘားလူမျိုးက ပြုံးပြီး အတိတ်ကဖြစ်ရပ်ကို သတိရပြီး ခေါင်းညိတ်လိုက်ပါတယ်။
“ ကဲ…အခု ခင်ဗျားမှာ မိတ်ဆွေရှိပါပြီဗျာ။
အခု ဒီဟိုတယ်ဟာ ခင်ဗျားရဲ့အိမ်ပါပဲ။
ခင်ဗျားနေချင်သလောက် ဒီမှာ ခင်ဗျားအိမ်လို သဘောထားနေပါဗျာ၊
မိတ်ဆွေဆိုတာ အပြန်အလှန် ကျေးဇူးပြုတတ်ပါတယ်”
လို့မန်နေဂျာက ရှင်းပြပါတယ်။