ရန်ကုန် တိရ စ္ဆာန်ဥယျာဉ်မှာဖြစ်ပါတယ်။
ခြင်္သေ့ပျိုကို တိရ စ္ဆာန်ရုံကို ယူဆောင်လာပြီး
ခြင်္သေ့အိုကြီးရှိရာ လှောင်ချိုင့်အတွင်းကို ထည့်လိုက်တယ်။
မကြာခင်မှာ တိရ စ္ဆာန်ရုံ ဝန်ထမ်း ရောက်လာပြီး ခြင်္သေ့အိုကြီးဘက်ကို
အမဲသားတုံးကြီးတစ်တုံးကို ပစ်ပေးလိုက်ပါတယ်။
အသစ်ရောက်လာတဲ့ ခြင်္သေ့ပျိုဘက်ကိုတော့
ငှက်ပျောသီး လေးငါးလုံးပစ်ပေးလိုက်တယ်။
ခြင်္သေ့ပျိုက ခြင်္သေ့အိုကိုမေးလိုက်တယ်။
“ ခင်ဗျားကျတော့ အသားစားရတယ်။
ကျနော်ကျတော့ ဘာဖြစ်လို့ ငှက်ပျောသီးပဲ စားရတာလဲ၊
ခင်ဗျားက ကျနော့်ထက် ဘာများ သာလို့လဲ ”
ခြင်္သေ့အိုကြီး ပြန်ဖြေလိုက်တာက…
“ သာလို့တော့ ဟုတ်ဟန်မတူပါဘူး၊
အခု တိရ စ္ဆာန်ရုံမှာ အင်အားအတိုးအလျှော့လုပ်နေတယ်။
မင်းကို မျောက်စာရင်းထဲ ထည့်လိုက်ပြီနဲ့တူတယ် ”
No comments:
Post a Comment