တစ်နေ့တော့ ရိုလန်ဆိုသူတစ်ယောက် အမေဇုန်မြစ်ထဲ
ရေဆင်းကူးရန်အတွက် အဝတ်အစားများကို ချွတ်တယ်။
ရက်အင်ဒီးယန်းတစ်ယောက်က လှမ်းပြောတယ်။
“ ဒီနေရာမှာ ရေ ဆင်းမကူးစေချင်ဘူးဗျာ၊
မိကျောင်းတွေ သိပ်ပေါတယ်ခင်ဗျ ”
“ မိကျောင်း မရှိတဲ့နေရာ ရှားပါတယ်။
ရေ သိပ်ကူးချင်နေတယ်ကွ ”
ရက်အင်ဒီးယန်းက...........
“ ပင်လယ်နဲ့ နီးတဲ့နေရာမှာတော့ မိကျောင်း မရှိပါဘူး ”
“ သေချာရဲ့လား ”
“ သေချာပါတယ်။
မိကျောင်းတွေက ငမန်းကို သိပ်ကြောက်ကြတယ်လေ ”
No comments:
Post a Comment