တစ်ခါတုန်းက မိသားစုတစ်စုတွင်
လင်းနဲ့မယား အခန့်မသင့်ဖြစ်ပြီး စကားများကြပါတယ်။
အဖေနဲ့အမေ တို့ ခွန်းကြီးခွန်းငယ် အပြန်အလှန်ဒေါသဖြင့် ပြောဆိုကြပါတယ်။
အဲဒီလိုအချိန်မျိုးတွင် သားသမီးများက စိတ်ညစ်ကြရပါတယ်။
အဲဒီလို စကားများချိန်မှာ ၁၂-နှစ် အရွယ်သမီးလေးက
အိမ်ကနေ ရုတ်တရက်ပြေးထွက်သွားပါတယ်။
တယ်လီဖုန်းစကားပြောရုံတစ်ရုံကို အပြေးသွားပြီး အဲဒီနေရာက
သူ့မိဘများဆီ တယ်လီဖုန်း ဆက်ပါတယ်။
ဖခင်က တယ်လီဖုန်းကို ကောက်ကိုင်ပါတယ်။
တစ်ဖက်က မိန်းကလေးးတစ်ဦးရဲ့ အသံထွက်လာပါတယ်။
“ မင်္ဂလာနံနက်ခင်းပါရှင်၊
ကျမဟာ သတင်းထောက်တစ်ဦးပါ။
ကျမအလုပ်လုပ်နေတဲ့ မဂ္ဂဇင်းတစ်စောင်အတွက်
လေ့လာမှုတစ်ခု လုပ်နေပါတယ်။
ကျမမေးတာကို ဖြေပေးဖို့ မေတ္တာရပ်ခံပါတယ်ရှင်။
ရှင်ဟာ ရှင့်ဇနီးကို ချစ်ပါသလားရှင် ”
လို့ မေးလိုက်ပါတယ်။
ဖခင်ဟာ စိတ်ဆိုးနေတဲ့အနေအထားကို ထိန်းပြီး ထစ်ထစ်ငေါ့ငေါ့နဲ့
“ ချစ်တာပေါ့၊
ဒါက မေးစရာတောင် မလိုပါဘူး ”
လို့ ပြန်ဖြေပါတယ်။
အဲဒီနောက် သူဟာ ဇနီးသည်ဘက်ကိုလှည့်ပြီး
“ ဟေ့ နွယ်လေး၊ ဒီကိုခဏ ”
လို့ လှမ်းပြောလိုက်ပါတယ်။
တစ်ဖက်က မိန်းကလေးက
“ ကျမကို ခွင့်ပြုပါရှင်၊
ကျမဟာ မဂ္ဂဇင်းတစ်စောင်အတွက် အချက်အလက်တွေ
စုဆောင်းနေပါတယ်ရှင်၊
ကျမမေးတာကို ကျေးဇူးပြုပြီး ဖြေပေးဖို့ မေတ္တာရပ်ခံပါတယ်။
ရှင်ဟာ ရှင့်ရဲ့ခင်ပွန်းကို ချစ်ပါသလား ”
လို့ မေးပါတယ်။
“ ချစ်တာပေါ့ ”
လို့ပြန်ဖြေလိုက်ချိန်မှာ မိခင်ဟာ သူ့သမီးရဲ့အသံကို မှတ်မိသွားပါတယ်။
“ ကျေးဇူးတင်ပါတယ်ရှင် ”
လို့ တစ်ဖက်ကပြန်ပြောပြီး တယ်လီဖုန်း ပြန်ချသွားပါတယ်။
တယ်လီဖုန်းအမေး၊အဖြေလုပ်ပြီးနောက်
ဖခင်ဟာ လက်ကိုင်ပဝါတစ်ထည်ကို ယူပြီး
သူ့နဖူးမှ ချွေးစေးတွေကို သုတ်ပါတယ်။
ပြီးတော့ ကုလားထိုင်တွင် မှီထိုင်လိုက်ပြီး
“ ဟေ့ နွယ်လေး ရေ၊
တို့အခုအချိန်မှာ လိုနေတာက ကော်ဖီတစ်ခွက်ပဲဟေ့ ”
လို့ ပြောလိုက်ပါတော့တယ်။
No comments:
Post a Comment