အတန်းတစ်တန်းမှာ ဆရာက ကျောင်းသားများကို
စာစီစာကုံးတစ်ပုဒ်ရေးခိုင်းပါတယ်။
ခေါင်းစဉ်က
“သိန်းတစ်ထောင်ရှိခဲ့ရင် ဘာလုပ်မလဲ…”
ဆိုတာပါပဲ။
တက်တိုးဆိုတဲ့ ကျောင်းသားကလွဲပြီး ကျောင်းသားကျောင်းသူအားလုံးဟာ
သူတို့စိတ်ကူးတွေကို ချက်ချင်းရေးချကြပါတယ်။
တက်တိုးကတော့ သူနေရာမှာထိုင်ပြီး ဟိုကြည့်၊ဒီကြည့်လုပ်နေပါတယ်။
ငေးငိုင်ပြီးထိုင်နေပါတယ်။
အချိန်ပြည့်သွားတဲ့အခါ ဆရာက
ကျောင်းသူ၊ကျောင်သားတွေကရေးသားထားတဲ့ စာစီစာကုံးစာရွက်တွေကို လိုက်လံသိမ်းပါတယ်။
တက်တိုးက ဘာမှ မရေးထားတဲ့စာရွက်အလွတ်ကို
အခြားကျောင်းသားတွေရဲ့ စာစီစာကုံးစာရွက်တွေနဲ့အတူ ပေးလိုက်ပါတယ်။
“ ဒါက ဘာအဓိပ္ပာယ်လဲ ”
လို့ ဆရာက တက်တိုးကို မေးပါတယ်။
“ဒါက မင်းရေးထားတဲ့ စာစီစာကုံးလား၊
အခြားကျောင်းသူ ကျောင်းသားတွေက စာမျက်နှာ နှစ်မျက်နှာ၊ သုံးမျက်နှာစီရေးထားကြတယ်။
မင်းကတော့ စာတစ်လုံးတောင် ရေးမထားတာ ဘာအဓိပ္ပာယ်လဲ ”
လို့ ဆရာက ဆက်မေးပါတယ်။
“ ဟုတ်ပါတယ် ဆရာ၊
ကျနော့်မှာသာ အဲဒီလောက်များတဲ့ငွေတွေ ရှိမယ်ဆိုရင်
ကျနော် တကယ်လုပ်မယ့် အလုပ်ကတော့ အဲဒီအတိုင်းပါပဲ၊
ဘာမှ မလုပ်တော့ပါဘူးဆရာ ”
လို့ တက်တိုးက သူ့စိတ်ကူးကို တင်ပြလိုက်ပါတယ်။
No comments:
Post a Comment