တစ်ခါတုန်းက မျက်မမြင်တစ်ဦးနဲ့
ခြေကျိုးသူတစ်ဦးဟာ တောမီးလောင်ရာမှာ တောထဲမှာ
ပိတ်မိနေကြပါတယ်။
သူတို့နှစ်ယောက်စလုံး အလွန်ကြောက်လန့်နေကြပါတယ်။
မျက်မမြင်က မီးလောင်တဲ့ဘက်ကို တည့်တည့်ပြေးနေပါတယ်။
အဲဒီအခါ ခြေကျိုးသူက မျက်မမြင်သူကို အဲဒီဘက်ကို မပြေးဖို့ ပြောပါတယ်။
“ ဟုတ်လား၊ အဲဒီလို ဆိုရင် ဘယ်ဘက်ကို ပြေးရမလဲ ”
လို့ မျက်မမြင်က မေးပါတယ်။
အဲဒီအခါ ခြေကျိုးသူက
“ ခင်ဗျားက ပြပါဆိုရင် ပြေးရမယ့်ဘက်ကို ပြနိုင်ပါတယ်။
ဒါပေမယ့် ခင်ဗျားရဲ့ ပခုံးပေါ်မှာ ကျနော့်ကို သယ်သွားဖို့လိုပါတယ်။
အဲဒီလို ဆိုရင် ဘယ်မှာ မြွေရှိတယ်၊
ဘယ်မှာ ဆူးရှိတယ်၊
ဘယ်မှာမီးရှိတယ်
ဆိုတာကို ကျနော်ပြောနိုင်ပါတယ်။
အဲဒီလိုဆိုရင် ကျနော်တို့နှစ်ယောက်စလုံး ဘေးလွတ်ရာနေရာကို ရောက်နိုင်ပါတယ်။ ”
လို့ ခြေကျိုးသူက ပြောပါတယ်။
မျက်စိမမြင်သူက ခြေကျိုးသူပေးတဲ့ အကြံဟာ အကြံကောင်းလို့ယူဆပါတယ်။
အဲဒါကြောင့် မျက်မမြင်သူနဲ့ ခြေကျိုးသူတို့ဟာ
သဘောတူ ပူးပေါင်းလုပ်ဆောင်ကြရာ မီးဘေးက
ကင်းဝေးသွားပါတော့တယ်။
လူတစ်ယောက်ဟာ အရာရာ ပြည့်စုံတယ် ဆိုတာ မရှိပါဘူး။
တစ်ခု မဟုတ် တစ်ခုတော့ လိုအပ်နေတတ်ပါတယ်။
လူတွေနဲ့ အတူတူ ပူပေါင်းဆောင်ရွက်တဲ့အခါမှာတော့ လူတစ်ဦးချင်းရဲ့ လိုအပ်ချက်ဟာ
ပျောက်ကွယ်သွားတတ်ပါတယ်။
ကိုယ်လိုအပ်တဲ့အခါ သူက ကူညီ၊ သူလိုအပ်တဲ့အခါ ကိုယ်ကကူညီ၊
နဲ့ အရာရာ ပြည့်စုံသွားတတ်ပါတယ်။
ကိုယ်က အမြဲတမ်း စပြီး ကူညီသူဖြစ်ရတာ
အမြဲတမ်း ကံကောင်းတယ်လို့ဆိုရမှာပါ။
No comments:
Post a Comment