သို့...........................................................
“ ခင်မင်ရတဲ့ ချောကလျာ၊
ငါ့ကို ခွင့်လွှတ်ပါ။
ငါက သိပ်မေ့တတ်ပါတယ်။
ပြီးခဲ့တဲ့ ညက ငါ မင်းကို ချစ်ရေးဆိုခဲ့ပါတယ်။
မင်း ပြန်ဖြေတာ လက်ခံတယ်။ ဒါမှမဟုတ်
လက်မခံဘူးဆိုတာ ငါလုံးဝမေ့သွားပါတယ်။ ”
လို့ ချစ်ရေးဆိုတဲ့ ကောင်လေးဖြစ်တဲ့ ဟိန်းထက်က စာရေးလိုက်ပါတယ်။
……………………………………………………………………………………………………………………………..
သို့........................................................
ခင်မင်ရတဲ့ ဟိန်းထက်၊
နင်ရေးလိုက်တဲ့ စာကိုရတယ်။
ငါသိပ်ဝမ်းသာပါတယ်။
ငါလည်း မနေ့က လက်မခံနိုင်ကြောင်း
တစ်ဦးဦးကို ပြောခဲ့တာတော့ မှတ်မိပါတယ်။
ဒါပေမယ့် ဘယ်သူ့ကို ပြောခဲ့တယ်ဆိုတာ မေ့နေတာ
အတော်ပဲ ဖြစ်သွားတယ်။”
လို့ ချောကလျာဆီက စာတိုလေးကို ပြန်စာရေးလိုက်တာကို
ဟိန်းထက်ကလက်ခံရရှိပါတယ်။
No comments:
Post a Comment