ဂျာမန် အနုဇီဝဗေဒပညာရှင်
`ရောဘတ်ကော့ခ်´(ROBERT KOCH: 1843-1910)
ဟာ ကမ္ဘာသိ ထင်ရှားသူဖြစ်ပါလျက်၊
အမြဲတမ်းအလုပ်များသူဖြစ်ပါလျက်နှင့်ပင်
သာမန်လုပ်သားပြည်သူများကို
ဂရုစိုက်ဆေးကုပေးလေ့ရှိတယ်။
တစ်နေ့သောအခါ
သူ့ကို
ကိုင်ဇာဘုရင် `၀ီလျံ´
ဆင့်ခေါ်သဖြင့် နန်းတော်သို့ရောက်လာတယ်။
ဘုရင်ကပြောတယ်။
`ဆင်းရဲသားတွေကို ကုသလိုမဟုတ်ဘဲ
ကျုပ်ကို တစ်မျိုးတစ်ဖုံ ခင်ဗျားကုမယ်လို့ မျှော်လင့်တယ်။´
` ကော့်ခ်´ ကတည်ကြည်ခံ့ညားစွာပြန်ပြောတယ်။
`အဲဒါတော့ မဖြစ်နိုင်ဘူးထင်ပါတယ်။
ဘာကြောင့်လဲဆိုတော့
အများပြောကြတဲ့အတိုင်း ပဲ
ကျနော်ဟာ
လူနာမှန်သမျှကို ဘုရင်တစ်ယောက် အမှတ်နဲ့
အမြဲတမ်း ကုသပေးသူဖြစ်လို့ပါ ´
No comments:
Post a Comment