Saturday, April 21, 2012

"အမေ့ထံသို့ ပေးစာများ-၃၉..."


သို့
ချစ်တဲ့အမေ
သားသတိတရ စာရေးလိုက်ပါတယ်။
အရွေ့အပြောင်းတွေ များလွန်းနေတာကြောင့် စာရေးချင်စိတ်သာ ရှိနေတယ်။
တကယ်တန်း မရေးနိုင်ခဲ့ဘူး။
ကယ်လီဖိုးနီးယားပြည်နယ်ကနေ အင်ဒီယားနား ပြည်နယ်ကို ပြောင်းရွေ့ရတယ်။
ဒါလည်း အလုပ်ကြောင့် ရွေ့ပြောင်းရတာပါ။
အင်ဒီယားနားရောက်ပြီး နှစ်လမပြည့်ခင်မှာပဲ မစ်ချီဂန်ကိုပြောင်းရွေ့ရပြန်ပါတယ်။
အင်ဒီးယားနားမှာ ရှိတဲ့အလုပ်ရှင်နဲ့ အခု မစ်ချီဂန်မှာ ရှိတဲ့အလုပ်က အလုပ်ရှင်တစ်ဦးထဲပါ။
အင်ဒီးယားနားမှာ စာဖိုးမှူးပညာသင်တယ်။ အလုပ်လုပ်တယ်။
အခုတော့ သူ့ရဲ့ဆိုင်အသစ် ဖြစ်တဲ့ မစ်ချီဂန်ဆိုင်ကို
လင်မယားနှစ်ယောက်စလုံး ပြောင်းရွေ့ရတယ်။
ပြောင်းတော့ ဝယ်ထားတဲ့ 4RUNNER ကားနဲ့ပြောင်းတယ်။
ကားက ကြီးတော့ ရှိတဲ့ပစ္စည်းတွေ အကုန်လုံး သယ်လို့ရတယ်။
သယ်လို့ရအောင်လည်း ကားကြီးကြီး ဝယ်ဖြစ်တဲ့သဘောပါပဲ။
ဒါပေမယ့် အမေရိကန်နိုင်ငံမှာတော့ ခရီးဝေးဝေးကို တစ်ခါမှ မမောင်းဖူးဖူး။
အခုမောင်းခဲ့ရတဲ့ခရီးက မိုင်ပေါင်း လေးရာပတ်ဝန်ကျင်လောက်ရှိမယ်ထင်တယ်။
ရန်ကုန်-မန္တလေး ခရီးအကွာအဝေးလောက် ရှိမယ်လို့ ခန့်မှန်း မိပါတယ်။
မမောင်းမဖြစ်မောင်းရတော့လည်း မောင်းဖြစ်သွားတာပါပဲလေ။
အမေပြောခဲ့ဖူးတဲ့စကားကို သတိရမိတယ်။
"နယ်မြေအသစ်ကိုသွားရင် အရေးအကြီးဆုံး လိုအပ်တာကတော့
သတ္တိပဲ။ နေ့စဉ်ဘဝမှာကို သတ္တိက လိုအပ် နေတတ်တယ်။
လိုအပ်တဲ့အခါတိုင်း အသုံးချနိုင်ဖို့ ကိုယ်နဲ့အတူ ယူသွားပေါ့"တဲ့။
အခုတော့ အမေပြောတဲ့အတိုင်း သတ္တိက နေ့တိုင်းကိုလိုအပ်နေတယ်။
ဘာဖြစ်လို့ဆိုတော့ နေ့တိုင်း စိန်ခေါ်မှုတွေ ရှိနေလို့ပါပဲ။
အလုပ်သစ်လုပ်နေရတော့ စိန်ခေါ်မှု အသစ်နဲ့တွေ့တယ်။
ကိုယ်မကျွမ်းကျင်တဲ့ အလုပ်ဖြစ်တာမို့ သိစရာ တတ်စရာက အများကြီး။
မှန်အောင် မနည်းကြိုးစားနေရချိန်မှာ အမြန်လုပ်ဖို့ အခြေအနေကတောင်းဆိုတယ်။
မဖြစ်မနေ မြန်အောင် လုပ်ရပြန်တော့ မမှားအောင် အာရုံစိုက်ရပြန်တယ်။
မီးဖိုချောင်မှာ အလုပ်လုပ်တော့ မီးမလောင်အောင် ဂရုစိုက်ရတယ်။
ဘယ်ရမလဲ။ အကြီးအကျယ် မီးအပူမလောင်တာပဲ ရှိတယ်။
အသေးအဖွဲလောင်တာက နေ့စဉ်နဲ့အမျှပါပဲ။
အခုဆိုရင် အပူလောင်တာကို ရိုးသွားသလိုတောင် ဖြစ်နေပြီ။
မီးလောင်တာကို ခံစားကြည့်တော့မှ ငရဲဆိုရင် ဒီထက်ပူလောင်မှပဲလို့ တွေးမိတယ်။
မီးဖိုချောင်ဆိုတော့ အလှီးအဖြတ်တွေက များကများပါဘိသနဲ့။
ဓားက မျိုးစုံအောင် ကိုင်တွယ်ရတယ်။
ဓားမထိအောင်လည်း သတိထားရတယ်။
သတိထားတဲ့အတွက် ဓားကတော့ အထိအခိုက်မရှိပါဘူး။
ဒါပေမယ့် ဓားသွေးတော့ သတိလွတ်သွားတယ်။
အဲဒီတော့မှ ဓားထိတော့တာပဲ။
လူနာတွေကို လှီးဖြတ်တုန်းကတော့ နာရကောင်းမှန်းမသိခဲ့ပါဘူး။
ကိုယ့်အသားကို ကိုယ်လှီးမိတော့ နာလိုက်တာအမေရယ်။
ကိုယ်ချင်းစာတရားဆိုတာ ကိုယ်ခံရတော့မှ သိတဲ့တရားလားလို့တောင်တွေးမိသေးတယ်။
မီးဖိုခန်းထဲမှာ ဆီတွေနဲ့လုပ်နေရသမို့ ချောမလဲအောင် သတိထားရတယ်။
စီးနေကျဖိနပ်နဲ့ တစ်ရက်အလုပ်လုပ်ကြည့်တယ်။
စကိတ်စီးနေရတဲ့အတိုင်းပါပဲ။ မဖြစ်သေးပါဘူးဆိုပြီး
ချောမလဲအောင် ဆီထဲမှာ စီးလို့ရတဲ့ဖိနပ်တစ်ရံဝယ်လိုက်တယ်။
အဲဒီဖိနပ်ဝယ်တော့မှ အစဉ်ပြေသွားတယ်။
အင်ဒီးယားနားမှာနေတုန်းကတော့
ကျနော်နဲ့တွဲလုပ်ရတာက ချင်းတိုင်းရင်းသား လူငယ်နှစ်ယောက်ပါ။
သူတို့က မလေးရှားကနေ ရောက်လာကြတယ်။
မလေးရှားမှာလည်း စားသောက်ဆိုင်မှာပဲ အလုပ်လုပ်ခဲ့ကြတယ်။
စားသောက်ဆိုင် အတွေ့အကြုံတွေကတော့ များလှပါတယ်။
အတွေ့အကြုံအရတော့ ဆရာကြီးတွေပေါ့။
မစ်ချီဂန်မှာလည်း ကျနော်နဲ့တွဲလုပ်သူတစ်ယောက်က မြန်မာပါ။
နောက်တစ်ယောက်ကတော့ ပေါ်တူဂီလူမျိုးလို့သိရတယ်။
သူတို့လည်း အမေရိကန်ရောက်နေတာ ကြာလှပြီ။
စားသောက်ဆိုင်မှာပဲ လုပ်တော့ အတွေ့အကြုံအရတော့ ဆရာကြီးပေါ့။
လုပ်ငန်းခွင်မှာ ဆရာလုပ်တာကို သီးခံနိုင်ပါတယ်။
ဒါပေမယ့် လူမျိုးမတူ၊ဘာသာမတူကြတော့
မိုက်ရိုင်းတာကို သီးခံဖို့ခက်ခဲလှပါတယ်။
ဒါပေမယ့် သီးခံနိုင်ဖို့ သတ္တိလိုလာပြန်တယ်။
သတ္တိမရှိရင် သီးခံနိုင်ဖို့မလွယ်လှဘူး။
မိုက်မိုက်မဲမဲ တုန့်ပြန်တာဟာ သတ္တိမဟုတ်ဘူးလို့အမေမှာတာကိုလည်း
သားမမေ့ပါဘူး။
တစ်နှစ်ကျော်ကာလမှာပဲ အခြေအနေအရ လေးနေရာပြောင်းရွေ့နေထိုင်ခဲ့တယ်။
အကောင်းဖက်ကတွေးရင် အမေရိကန်နိုင်ငံမှာ ပြည်နယ်လေးခုကို
ရွေ့ပြောင်းနေထိုင်ခွင့်ရတယ်။ပြီးတော့
အတွေ့အကြုံအများကြီးရတာဟာ အမြတ်တွေချည်းပါပဲလို့ မှတ်ယူနိုင်ပါတယ်။
အတွေ့အကြုံဟာ ငွေနဲ့ဝယ်လို့ရတာမျိုး မဟုတ်ပါဘူး။


ဘာလိုလိုနဲ့ သင်္ကြန်တောင်ပြီးသွားပြီနော်။
ဒီမှာတော့ သင်္ကြန်ဆိုတာ ဘာမှန်းတောင် မသိလိုက်ဘူး။
မြန်မာပြည်မှာဆိုရင် သင်္ကြန်ကာလမှာ တရားစခမ်းတစ်ခုခုမှာ တရားဝင်ဖြစ်တာကို
ပြန်တွေးမိပါတယ်။ လွမ်းမိသလိုခံစားရပါတယ်။
မြန်မာပြည်နဲ့ဝေးနေပေမယ့် မြန်မာစိတ်တွေ မပျောက်ပါဘူး။
မြန်မာဟာ မြန်မာပါပဲ။
အချိန်ရတိုင်း မြန်မာပြည်ကို လွမ်းမိပါတယ်။
အမေ ကျန်းမာရေးကို ဂရုစိုက်ပါနော်။
သားတို့အားလုံးနေကောင်းကြပါတယ်။
အမေ့ကိုချစ်တဲ့သား
အောင်ဝင်းဟိန်း
လန်ဆင်းမြို့(Lansing)
မစ်ချီဂန်ပြည်နယ်(Michigan)
အမေရိကန်ပြည်ထောင်စု(USA)။
၎-၂၁-၂၀၁၂



Friday, April 20, 2012

“ မိသားစုနဲ့ အတူတူစားခွင့်…”





တစ်ခါတုန်းက
မိန်းမဖြစ်သူ မနန်းဖောင်းက ယောက်ျားဖြစ်သူကိုအေးကို 
ကို မြည်တွန်တောက်တီးနေတယ်။
ဘာဖြစ်လို့
မနက် -နာရီကျမှ
အိမ်ကိုပြန်လာ ရတာလဲ

ကိုအေးကို ပြန်ပြောလိုက်တာက...
ဘာလဲ၊
မိသားစုနဲ့ အတူတူ
မနက်စာ စားခွင့်မရှိဘူးလား ”တဲ့။


Wednesday, April 18, 2012

“ဘယ်လောက်ကြာကြာ စောင့်ခဲ့ရသလဲဆိုတာ…”


တစ်ခါတုန်းကပေါ့။

မီးရထားပေါ်ကို လက်မှတ်စစ် တက်လာတယ်။

ခရီးသည်ဖြစ်တဲ့ဦးတင်ဝင်းဟာ

လပေးလက်မှတ်ကို ထုတ်ပြတယ်။

လက်မှတ်စစ်က ယူကြည့်ပြီး ပြောတယ်။


လက်မှတ်စစ်က...

“ ဒီလက်မှတ်က

မူလတန်းကျောင်းသူ ကျောင်းသားတွေ

အတွက် ထုတ်ပေးထားတဲ့ လက်မှတ်ပဲ ”


ဦးတင်ဝင်းပြန်ပြောလိုက်တာက...

“ ဟုတ်ပါတယ်၊

ခင်ဗျားတို့ မီးရထားကို ကျနော်

ဘယ်လောက်ကြာကြာ စောင့်ခဲ့ရသလဲ

ဆိုတာကို စဉ်းစားကြည့်ပေါ့ ”

Tuesday, April 17, 2012

“ များလိုက်တဲ့ ဝန်ဆောင်ခ…”



တစ်ခါတုန်းက
ကလေးလက်ရေးနဲ့ ရေးထားတဲ့ စာတစ်စောင်ကို
စာတိုက်မှ လက်ခံရပါတယ်။
လိပ်စာမှာ… "ကယ်တင်ရှင်သို့…"ဆိုပြီးလိပ်စာရေးထားပါတယ်။
စာထဲမှာ ပါတဲ့အကြောင်းအရာက….
အိုကယ်တင်ရှင်ခင်ဗျား၊  
ကျနော့်အမည်မှာ ဖိုးကျော်ဖြစ်ပါတယ်။ 
 ကျနော်ရဲ့အသက်မှာ -နှစ်ဖြစ်ပါတယ်။
ဖေဖေက ဆုံးသွားခဲ့ပြီ။ 
 မေမေက ကလေး -ယောက်နဲ့ ရုန်းကန်နေရတာ အရမ်းပင်ပန်းပါတယ်။
ဒါကြောင့် ကျနော်တို့မိသားစုကို ကူညီတဲ့အနေနဲ့  
ငွေ သုံးသောင်းလောက် ကူညီမစပါခင်ဗျားလို့ ရေးထားပါတယ်။
ပြန်စာအတွက် လိပ်စာဖော်ပြထားပါတယ်။

စာပို့လုလင်ဟာ စာကို ဖတ်ပြီး အလွန်စိတ်မကောင်းဖြစ်သွားပါတယ်။
မိတ်ဆွေဖြစ်တဲ့ လုပ်ဖော်ကိုင်ဖက်တွေကိုလည်း ဒီစာကို ပြသပါတယ်။
အားလုံးက လည်း စိတ်မကောင်းဖြစ်ကြပြီး၊ ငွေစုပြီးကူညီဖို့ ဆုံးဖြတ်ကြပါတယ်။
စုလိုက်တဲ့အခါ ငွေ တစ်သောင်းသာရပြီး အဲဒီမိသားစုဆီကို ပို့ပေးလိုက်ပါ တယ်။
နောက်ထပ် တစ်လခန့်ကြာတဲ့အခါမှာတော့  
လိပ်စာတူညီတဲ့ နောက်ထပ် စာတစ်စောင်ကို စာပို့လုလင် က ထပ်ရပါတယ်။

စာမှာ အောက်ပါအတိုင်းရေးသားထားပါတယ်။
 နောက်တစ်ခါဆိုရင် ကျနော်တို့အိမ်ကို တိုက်ရိုက်လာပို့ပေးပါခင်ဗျား။
စာတိုက်မှတစ်ဆင့်လာရင် ငွေ တစ်သောင်းသာရပြီး၊ 
 ငွေ နှစ်သောင်းမှာ စာပို့ခအဖြစ် ယူထားပါတယ်ခင်ဗျား
လို့ဖော်ပြထားတာကိုတွေ့ရပါတယ်။


Monday, April 16, 2012

"ပျော်စရာ အကောင်းဆုံး အလုပ်...(၁၉)..."



စိတ်ချမ်းသာတဲ့သူတွေမှာ ရှိတတ်တဲ့ အချက် (၆)ချက်…မှ အဆက်

6။ Have work and leisure that engages their skills
Have work that engages their skills
အရည်အချင်းကို ကောင်းကောင်းသုံးရတဲ့ အလုပ်ကိုလုပ်တယ်။
အပန်းဖြေ အပျော်တန်းလုပ်တဲ့အလုပ်မှာလည်း အချင်းအချင်းကို သုံးရတဲ့နည်းနဲ့ပျော်တယ်။
အလုပ်လုပ်တဲ့အခါမှာ ကိုယ့်အရည်အချင်းနဲ့တန်တဲ့ နည်းနည်း ခက်တဲ့အလုပ်ကို လုပ်တဲ့သူက
အလုပ်မှာ ပိုပျော်တယ်။ အပျင်းပြေ ကစားတဲ့အခါမှာလည်း ဥာဏ်ကိုသုံးရတဲ့ ကစားနည်းက
ပိုပျော်စရာကောင်းတယ်။
+++++++++++++++++++++++++++

ဘာဘဲလုပ်လုပ် နည်းနည်းခက်တာလုပ်ရင် ပိုပြီး စဉ်းစားရတယ်။
ပိုပြီးဥာဏ်ထုတ်ရတယ်။ အားစိုက်ရတယ်။ အဲဒါ အရေးကြီးတဲ့အချက်ပဲ။
ကိုယ်ရော စိတ်ပါ အပြည့်ထည့်ပြီး လုပ်ရမှ အားရတယ်။ ကျေနပ်တယ်။
လုပ်ရင်းနဲ့ ကိုယ့်အရည်အချင်းတိုးလာတာ ပိုပျော်စရာကောင်းတယ်။
ဘာအရည်အချင်းမှ မတိုးရင် ကြာရင် ပျင်းလာတယ်။
+++++++++++++++++++++++++++

 လွယ်တာကို လုပ်ရရင် ပိုပျော်တဲ့သူဟာ တကယ်ပျော်တဲ့သူ မဟုတ်ဘူး။
သူ့ကိုယ်ကိုသူ ယုံကြည်မှု မရှိဘူး။
ကိုယ့်ကိုယ်ကို ကိုယ် ယုံကြည်မှုရှိတဲ့သူဟာ ပိုခက်တာကို လုပ်တယ်။
+++++++++++++++++++++++++++

စာဖတ်ရင်လည်း ဖတ်ရင်းနဲ့စဉ်းစားရတာကို ဖတ်မှ ပျော်စရာကောင်းတယ်။
ဘာမှ စဉ်းစားမပါရင် ပျော်စရာမကောင်းဘူး။
အခုခေတ်မှာ ရုပ်ပုံလှလှတွေနဲ့ အပျင်းပြေရုံဖတ်ရတဲ့ စာစောင်တွေ များတယ်။
အဲဒီလိုစာတွေကို ဆယ်နှစ်လောက်ဖတ်တောင်မှ ဘာအရည်အချင်းမှ တိုးလာမှာ မဟုတ်ဘူး။
+++++++++++++++++++++++++++

အလုပ်ဟာ ဘဝမှ အရေးပါတဲ့ကိစ္စဖြစ်လို့ အလုပ်မှာ ပျော်တဲ့သူဟာ သူ့ဘဝကို သူပိုပြီး ကျေနပ်တယ်။
အလုပ်မှာမပျော်ရင် ဘဝကို မကျေနပ်ဘူး။
ခက်တာကိုလုပ်ရမှ ပျော်တဲ့သူဟာ သူ့အရည်အချင်းကို အမြဲတန်းအစမ်းခံ နေရတယ်။
အရင်က မလုပ်နိုင်တာ တစ်ခုကို လုပ်လို့ရသွားတိုင်း ကိုယ့်ကိုယ်ကိုကိုယ် ယုံကြည်မှုတိုးလာတယ်။
အဲဒါ ပျော်စရာ အကောင်းဆုံးပဲ။
ဘာအရည်အချင်းမှ တိုးမလာတဲ့ အလုပ်မျိုးကို မလုပ်သင့်ဘူး။
+++++++++++++++++++++++++++

သစ်ပင် ပန်းပင်ကို ကိုယ်တိုင် စိုက်ပျိုးတာက ကိုယ်တိုင် ဘာမှ မလုပ်ရတဲ့ စိုက်ပြီးသား သစ်ပင် ပန်းပင်
ဝယ်တာထက် ပိုပျော်ရတယ်။
မျိုးစေ့အကြောင်း မြေအကြောင်း ရာသီဥတုအကြောင်းတွေကို လေ့လာရတယ်။
စဉ်းစဉ်းစားစား လုပ်တယ်။
ချစ်တဲ့စိတ်နဲ့လုပ်တယ်။
အဲဒါ ပျော်စရာကောင်းတယ်။
+++++++++++++++++++++++++++

စဉ်းစဉ်းစားစား စကားပြောရတာ ဆွေးနွေးရတာက TV.ကြည့်ရတာထက် ပိုပျော်တယ်။
လိုရင်းက ဥာဏ်ကို သုံးရတာ အရည်အချင်းကို သုံးရတာ ပိုပြီးပျော်စရာ ကောင်းတယ်။
ခက်တဲ့အလုပ်က လွယ်တဲ့အလုပ်ထက် ပိုပြီး ပျော်စရာ ကောင်းတယ်။
+++++++++++++++++++++++++++     

                                     

Studies confirm that a key ingredient of satisfying work is whether or not it’s challenging.
The most satisfied workers find their skills tested, their work varied,
their tasks significant.
သုတေသနလေ့လာချက်တွေမှာ ခိုင်ခိုင်မာမာ အတည်ပြုနိုင်လောက်အောင် တွေ့ရတာက
ကျေနပ်စရာကောင်းတဲ့အလုပ်ရဲ့ အင်္ဂါရပ်တစ်ခုက
အဲဒီအလုပ်ဟာ အစွမ်းကုန် အားထုတ်ပြီး လုပ်ရသလား မလုပ်ရဘူးလား ဆိုတာပါပဲ။
ကျေနပ်မှု အများဆုံးရတဲ့ အလုပ်သမားတွေက
သူတို့အလုပ်ဟာ သူတို့အရည်အချင်းကို စမ်းသပ်တာကို ခံရတာ၊
အလုပ်ဟာ အပြောင်းအလဲ ရှိတာ၊ အလုပ်ဟာ အရေးပါတာ လို့မြင်ရ ခံစားရတယ်။
+++++++++++++++++++++++++++

စိတ်ချမ်းသာဖို့လိုရင်းပါ (ဆရာတော်ဦးဇောတိက) စာအုပ်မှ ကောက်နှုတ်ဖော်ပြပါတယ်။

+++++++++++++++++++++++++++

ကိုယ်ကိုယ်တိုင် ဖတ်ဖို့(၁၉)

 






Sunday, April 15, 2012

“ မောင့်ကို ဒီလောက်တောင် ချစ်သလားကွယ်…”



တစ်ခါတုန်းက တာချီလိတ်မြို့နယ်မှ
တရားသူကြီးက သက်သေကို စစ်ဆေးနေပါတယ်။
ခင်ဗျားယောက်ျားဟာ သူ့ကိုယ်သူ ဘယ်လို သတ်သေလိုက်တာလဲ


မရွှေကြိုင်က

ဒီလိုပါ၊
ကျမယောက်ျားဟာ သူ့ကိုယ်သူ သတ်သေမယ်လို့
အမြဲတန်း ကျမကို ခြိမ်းခြောက်တယ်။
ဒါနဲ့တစ်နေ့မှာ သူ့ကို ကျီစယ်ချင်တာနဲ့
ခြောက်လုံးပြူးထဲ ကျမ ကျည်ဆံ ထည့်ထားလိုက်တယ်

Saturday, April 14, 2012

" နေ့တိုင်း ကောင်းတာတွေကို တွေးပါ...(၁၈)..."




စိတ်ချမ်းသာတဲ့သူတွေမှာ ရှိတတ်တဲ့ အချက်(၆)ချက်…မှ အဆက်
Be optimistic and outgoing
အကောင်းမြင်တတ်တယ်။ ကောင်းတာတွေ ဖြစ်မယ်လို့ မျှော်လင့်တယ်။
လူတွေကို ခင်တတ်တယ်။ လူတွေကို စိတ်ဝင်စားတယ်။
ဖော်ရွေတယ်။ နှုတ်ဆက်ရမှာ ဝန်မလေးဘူး။
လူတွေကို မြင်တဲ့အခါ အနည်းဆုံး ပြုံးပြတတ်တယ်။
+++++++++++++++++++++++++++
Positive thinkers---people who agree with statements such as
“in uncertain times, I usually expect the best”—
cope more successfully with stressful events and enjoy better health than do pessimists.
ဘာဖြစ်မယ်ဆိုတာ မသေချာတဲ့အခြေအနေမျိုးမှာ အဆိုးကို မျှော်လင့်တဲ့သူထက်
အကောင်းဆုံးကို မျှော်လင့်တဲ့သူဟာ ခက်ခဲတဲ့အခြေအနေကို
ပိုပြီးအောင်အောင်မြင်မြင် ရင်ဆိုင်နိုင်တယ်။
ကျန်းမာရေးလည်း ပိုကောင်းတယ်။
+++++++++++++++++++++++++++
စိတ်ကူးယဉ် ဆန်လွန်းတဲ့ မျှော်လင့်ချက်မျိုးဟာ ရေရှည်မှာ
စိတ်ချမ်းသာမှုကို ပေးမှာ မဟုတ်ဘူး။
ဒါကြောင့် ဖြစ်နိုင်တဲ့အတိုင်းအတာအတွင်းမှာ
ကောင်းတာကို မျှော်လင့်တာ စိတ်ချမ်းသာဖို့ အကြောင်းဖြစ်တယ်။
+++++++++++++++++++++++++++
ဘာဘဲဖြစ်ဖြစ် ကိုယ် စိတ်ချမ်းသာအောင် တွေးပါ။
ဒါပေမယ့် သူများရဲ့ဂုဏ်သိက္ခာကိုတော့ လေးစားပါ။
+++++++++++++++++++++++++++


ငါ့ကို လူတွေက ခင်သလား၊ မခင်ဘူးလားလို့ မသေချာရင်
ခင်တယ်လို့ပဲ မျှော်လင့်ပါ။
အဲဒါ စိတ်ချမ်းသာတယ်။
မသေချာတဲ့ကိစ္စမှာ အကောင်းကို မျှော်လင့်တာ တွက်ခြေကိုက်တယ်။
ကိုယ်မျှော်လင့်သလို ဖြစ်လာရင် ပိုပြီး ဝမ်းသာရတယ်။
ကိုယ်မျှော်လင့်သလို မဖြစ်ရင် ကြိုတင်ပြီး စိတ်မဆင်းရဲရတာဟာ သက်သာတယ်။
+++++++++++++++++++++++++++
ကိုယ့်အကြောင်း ကောင်းတာတွေကို တွေးပါ။
သူများအကြောင်းလည်း ကောင်းတာတွေကို တွေးပါ။
အဲဒီ နှစ်ခုကို တကယ် နေ့တိုင်းလုပ်နိုင်ရင် ပိုပြီး စိတ်ချမ်းသာလာမှာ သေချာတယ်။
တကယ်ပဲ သေချာပါတယ်။
မယုံပါနဲ့။
လက်တွေ့ စမ်းကြည့်ပါ။
ဒီနေ့တစ်နေ့လုံး ကိုယ့်အကြောင်း ကောင်းတာတွေပဲ တွေးပါ။
သူများအကြောင်းလည်း ကောင်းတာတွေပဲ တွေးပါ။
+++++++++++++++++++++++++++

Friday, April 13, 2012

"စိတ်ကျန်းမာရေး၏သော့ချက်များ..."


စိတ်ကျန်းမာရေး၏သော့ချက်များ...


၁. အသိစိတ်ဖြင့်ထိန်းချုပ်မှု့ကိုလေ့ကျင့်ပါ။

သင်၏စိတ်သည်ပြဿနာ တစ်ရပ်ရပ်ကြောင့်ပူပန်ခြင်း၊

ကြောက်ရွံခြင်း၊သောကပွားခြင်း၊

စိတ် အားငယ်ခြင်းဖြစ်လာလျှင်ယင်းစိတ်ကိုချက်ခြင်းရပ်ပစ်ပါ။

ကောင်း သော စိတ်ခံစားမှု့ဖြစ်သည့်တည်ငြိမ်ခြင်း၊သာယာခြင်း၊ခံနိုင်ရည်

သတ္တိ၊ဆုံး ဖြတ်ချက်စသည့်စိတ်များကိုမွေးမြူပါ။


၂. နေ့စဉ်နေ့တိုင်းအချိန်မလပ်ငါသည်ငါ၏သဘောထားနှင့်အတွေး အခေါ် တို့ကို

ယခုအချိန်ကစပြီးတည်ငြိမ်ပျော်ရွင်စွာထားတော့မည် ဟုသတိရှိပါ။


၃. အခြေအနေအားလုံးပြေပြစ်ချောမွှေ့နေလျှင်ပျော်ရွင်ချမ်းမြေ့နေမှု့၏

အရသာကိုအပြည့်အ၀ခံစား၍ပျော်နေသောအချိန်တွင် မကောင်းသော အတွေးများမ၀င်ပါစေနှင့်။


၎. အခြေအနေအဆင်မပြေဘဲပြသာနာများနှင့်ရင်ဆိုင်ရသောအခါ...

(က)ပျော်ရွင်မှု့ကိုမပျက်ပါစေနှင့်။အပြုံးမပျက်ပါနှင့်။

(ခ)ပြသာနာကိုအဖန်တလဲလဲတွေးပြီးကိုယ့်ကိုယ်ကိုသနားမနေပါနှင့်။

(ဂ)အရှုံးထဲမှအမြတ်ထွက်ပါစေ။

(ဃ)အောက်ပါစိတ်များကိုမွေးမြူပါ။

တည်ငြိမ်ခြင်း၊ခံယူခြင်း၊သတ္တိဆုံးဖြတ်ခြင်း၊ပျော်ရွှင်တတ်ခြင်းနှင့် သာယာသိမ်မွေ့ခြင်း။


၅. အိမ်ထောင်ရေးအတွင်းမှာလိင်ကိစ္စနှင့်ပတ်သက်လျှင်အိမ်ထောင်ရေးအတွင်း မှာသာရှိပါစေ။

ပြဿနာမဖြစ်အောင်နေရသည်က လွယ်ပါသည်။

ပြဿနာထဲ ကရုန်းထွက်နိုင်ရန်အလွန်ပင်ခဲယဉ်း ကြောင်းအစဉ်သတိရှိရမည်။


၆. အိမ်ထောင်မပြုမီလိင်ကိစ္စကိုလမ်းကြောင်းပြောင်းသည်မှာ

တွေ့ ကရာလျှောက်လုပ် ခြင်းမဟုတ်ပါ။

အခြားကိုယ်ရေးကိုယ်သွေးစွမ်းအင်တို့ ကိုရင့်ကျက်အောင်လေ့ကျင့်ပြီး

ကောင်းသောဝါသနာတစ်ခုခု၌စိတ်ကို နှစ်မြုပ်ထားခြင်းဖြစ်သည်။


၇. ကြင်နာထောက်ထားခြင်း၊နားလည်ခြင်း၊အတ္တမဆန်ခြင်း၊

စုပေါင်းစည်းလုံးစိတ်ရှိခြင်း၊ချစ်ခင်နှစ်သက်တတ်ခြင်း စသော

ရင့်ကျက်မှု့ တို့သည်အိမ်ထောင်ရေးလိင်ပြဿနာဖြေရှင်းရာတွင်

အကောင်းဆုံးလက် နက်များပင်ဖြစ်ကြောင်းကို နားလည်သဘော ပေါက်ရမည်ဖြစ်သည်။


၈. လွပ်လပ်မှု့နှင့်အတိအကျတာဝန်ယူတတ်မှု့ရှိပါစေ။

၉. ရယူလိုသည်ထက် ပေးကမ်းလိုသော စိတ်သဘောထားပါ။

၁၀. အတ္တဆန်သောယှဉ်ပြိုင်မှု့မှ စည်းလုံးညီညာစွာဆောင်ရွက်လိုသောစိတ်မွေးမြူပါ။




၁၁. လိင်ကိစ္စအပေါ် လူမှု့ရေးပညတ်ချက်များကိုနားလည်ခံယူပြီး

ပျော်ရွှင်သောအိမ်ထောင်သည်တစ်ဦးဖြစ်နိုင်သောလိင်ကိစ္စ ဆိုင်ရာ

အရည်အချင်းရှိသူတစ်ယောက်ဖြစ်ရန်ကြိုးစားပါ။


၁၂. ရန်လိုမှု၊ဒေါသ၊မုန်းတီးခြင်း၊ရက်စက်ခြင်းနှင့်ထောင်လွှားမောက်ကြွားခြင်း

တို့ကိုပျော့ညံချက်ဟုခံယူပြီး

ညင်သာခြင်း၊ ကရုဏာနှင့်အကြင်နာပိုခြင်းတို့ကို အစွမ်းသတ္တိအဖြစ်သဘောပိုက်နိုင်ပါစေ။


၁၃. လက်တွေ့အရှိစိတ်နှင့်စိတ်ကူးယဉ်ခြင်းကိုခွဲခြားသိရှိပါ။

၁၄. အခြေအနေအရပ်ရပ်တွင်အရှိကိုအရှိအတိုင်း လက်ခံလိုက်ဖက် အောင်နေတတ်ပါစေ။

၁၅. ရိုးရိုးနေပြီးသာမန်လက်လှမ်းမီရာများတွင်ပျော်ရွှင်နေတတ်ပါစေ။

၁၆. မိသားစုအတွင်းတစ်ဦးနှင့်တစ်ဦးချစ်ခင်လေးစားအလေးထားပါ။

၁၇. မိသားစုကိုပတ်ဝန်းကျင်နှင့်လိုက်ဖက်ညီထွေနေတတ်ပါစေ။

၁၈. အရှုံးများထဲမှအမြတ်ထုတ်တတ်သူဖြစ်ပါစေ။

၁၉. မိသားစုအတွင်းမေတ္တာတရားပွားများပါ။

၂၀. သိမ်မွေ့စွာပျော်ပျော်နေတတ်ပါစေ။




၂၁. ကျိုးကြောင်းဆင်ခြင်မှုရှိပြီး တိကျစွဲမြဲသောစည်းကမ်းကို

သာယာ နာပျော်ဖွယ်ဖြစ်အောင်ဆောင်ရွက်နိုင်ပါစေ။

၂၂. မိသားစုအတွင်းလုံခြုံမှု့နှင့်ယုံကြည်မှု့ပြည့်ဝပါစေ။

၂၃. ယခုဆိုသောအချိန်တိုင်းတွင်"သာသာယာယာ"ဖြစ်အောင် နေတတ်ပါစေ။

၂၄. ရိုးရိုးသားသားဘ၀ကိုနှစ်ခြိုက်ပါ။

၂၅. သင့်ခန္ဒ္ဓ္ဓ္ဓာကိုယ်ကိုအမြဲစောင့်ကြည့်မနေပါနှင့်။

၂၆. မိမိအလုပ်ကိုနှစ်ခြိုက်ပါ။

၂၇. ကျေနပ်လွယ်သောစိတ်ကိုမွှေးပါ။

၂၈. လူတွေကိုချစ်ခင်နှစ်သက်ပါ။

၂၉. သာသာယာယာပျော်ပျော်ရွှင်ရွှင်ပြောဆိုတတ်အောင်လေ့ကျင့်ပါ။

၃၀. အရှုံးထဲမှအမြတ်ထွက်အောင်လုပ်ဆောင်တတ်ပါစေ။

၃၁. ပြဿနာကိုဆုံးဖြတ်ချက်နှင့်ရင်ဆိုင်ပါ။

၃၂. ပစ္စက္ခကာလတွင်စိတ်ခံစားမှုအပိုင်း၌အနိုင်ယူပါ။

၃၃. အတွေ့အကြုံအသစ်အတွက်ပြင်ဆင်ပါ။

၃၄. စိတ်အနှောက်အယှက်များကအနိုင်မယူပါစေနှင့်။

ဒေါက်တာအုန်းကျော်ရေးတဲ့ အိမ်ထောင်သည်ဘ၀ဆေးပညာမှ...စာအုပ်မှ ကောက်နှုတ်ဖော်ပြပါသည်။



ကိုဇော်လတ် (မြတ်မွန်)တာချီလိတ်မြို့ကို အထူးကျေးဇူးတင်ပါသည်။


Thursday, April 12, 2012

" လူ့တစ်ယောက်ရဲ့အဖိုးအတန်ဆုံးပိုင်ဆိုင်မှု..."


သတ္တိဆိုတာဟာ စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့

ကိုယ်လိုချင်တဲ့ကိစ္စကို ဖြစ်မြောက်အောင်လို့

ပင်ပန်းခံပြီးတော့ လုပ်နိုင်တာ၊

ဒါမှ…။ အဲဒီလို သတ္တိမျိုးတွေ မွေးရမယ်။

တကယ်တော့ သတ္တိဆိုတာ နိစ္စဓူဝလုပ်နေရမှာ။

ကျမတို့ပြည်သူတွေ မနံက်မိုးလင်းတာနဲ့ ဒီကနေ့ တစ်နေ့ကို

ရင်ဆိုင်ဖို့ သတ္တိတွေ ထုတ်နေကြရတယ် မဟုတ်လား။

ဒီသတ္တိတွေကို အကျိုးရှိအောင်လို့ သုံးကြရမယ်။

တကယ့်ကို ထိထိရောက်ရောက်နဲ့ ကျမတို့ပြည်သူတွေနဲ့

ကျမတို့ နိုင်ငံအတွက် အကျိုးရှိအောင် သုံးရမယ်။

(ဒေါ်အောင်ဆန်းစုကြည်)



+++++++++++++++++++++++++++



" ကျွန်ုပ်တို့စိတ်ဟာ လက်ငင်းလက်တွေ့ဘဝကိုသာအာရုံပြုထားနိုင်မယ်ဆိုရင်

ကြောက်စိတ်တို့ကို ဖယ်ရှားနိုင်လိမ့်မယ်။

ကြောက်စိတ်ဆိုတာ မဖြစ်သေးသောကိစ္စကို ပူပန်ကြောင့်ကြခြင်းဖြစ်တယ်။

ကြောက်စိတ်ကို ရင်ဆိုင်ရန် အကောင်းဆုံးနည်းလမ်းမှာ

မျက်မှောက်ကိစ္စကို အာရုံပြုရန်ဖြစ်ပါတယ်။

ကျနော်ဘဝမှာ ကြောက်ရွံ့ဆိုးဝါးစရာတွေနဲ့ ဖြတ်သန်းခဲ့ရတယ်။

အဲဒီအထဲက တချို့ပဲ တကယ်ဖြစ်ခဲ့တယ် "

လို့အမေရိကန်စာရေးဆရာ မတ်တိန်း ကပြောခဲ့ဖူးပါတယ်။


+++++++++++++++++++++++++++



ကျနော်တို့က ဘာလုပ်ပေးနိုင်တယ်

ဆိုတဲ့ကိစ္စက အရေးမကြီးပါဘူး။

တစ်ချိန်ချိန်မှာ

တစ်ယောက်ယောက်ကို

တစ်ခုခုလုပ်ပေးနိုင်တယ်

ဆိုတဲ့ကိစ္စက အရေးကြီးပါတယ်။


+++++++++++++++++++++++++++



အကြင်နာစိတ်ထား၊

ပွားများနိုင်ကြပါစေ။


+++++++++++++++++++++++++++



လူတစ်ယောက်ရဲ့အဖိုးအတန်ဆုံးပိုင်ဆိုင်မှုဆိုတာ သူ့ရဲ့သတ္တိပါပဲ။

သတ္တိသာရှိခဲ့မယ်ဆိုရင် အခြေအနေတွေ ဘယ်လောက်ပဲ မဲမှောင်နေပါစေ၊

အမှောင်ကိုခွင်းနိုင်ပါတယ်။

အဲဒီစကားတွေကို အမေက စိတ်ဓာတ်ကျလာတဲ့အခါတိုင်းမှာ

ပြောခဲ့ပါတယ်။

အမေပြောတဲ့အခါတိုင်းမှာလည်း စိတ်ဓာတ်တွေပြန်တက်လာစမြဲပါပဲ။

(ဒေါက်တာစိုင်းအောင်ဝင်းဟိန်း)


လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com