Wednesday, February 15, 2012

"ကိုယ်ကိုယ်တိုင် ဖတ်ဖို့- ၆..."




စိတ်ချမ်းသာခြင်း အကျိုးဆယ်ပါး……..မှအဆက်

…………Increased Productivity


ပျော်နေရင် အလုပ်ပိုပြီးတယ်။ အလုပ်ပိုလုပ်နိုင်တယ်။

မပင်ပန်းဘူး။ မပျော်ရင် မလုပ်ခင်ကတည်းက ပင်ပန်းနေတယ်။

လုပ်မယ်လို့စဉ်းစားလိုက်တာနဲ့ ပိုပင်ပန်းသွားတယ်။

မလုပ်ခင်ကတည်းက ပင်ပန်းနေတယ်။ လုပ်မယ်လို့ စဉ်းစားလိုက်တာနဲ့ ပိုပင်ပန်းသွားတယ်။

မလုပ်ခင်ကတည်းက လုပ်ရတာ ပျော်အောင် လုပ်နိုင်ဖို့ ကြိုတင်ပြီး စဉ်းစားထားပါ။

အလုပ်လုပ်ရတဲ့နေရာကို ပျော်စရာကောင်းအောင် တတ်နိုင်သလောက် ဖန်းတီးပါ။

သန့်ရှင်း သပ်ရပ် လှပအောင် လုပ်နိုင်သလောက် လုပ်ပါ။

လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားပြောတာကို အဆင်ပြေအောင် ကြိုးစားပါ။

ပျော်တတ်တဲ့သူနဲ့ တွဲပြီးလုပ်ရင် ပိုကောင်းတယ်။

အလုပ်ကို စိတ်မဝင်စားကြောင်း၊ အလုပ် လုပ်ရတာ မပျော်ကြောင်း ပြောတတ်တဲ့သူနဲ့

တွဲလုပ်ရင် အလုပ်လည်း မပြီးဘူး။ လုပ်ရတာလည်း ပိုပင်ပန်းမယ်။ အမှားအယွင်း များမယ်။

ထိခိုက်ဒဏ်ရာရတာ များမယ်။

အလုပ်ကို စိတ်ဝင်စားတဲ့သူနဲ့ လုပ်ရင် အလုပ်ပိုပြီးတယ်။

ဒါကြောင့် အလုပ် လုပ်ရတာ မပျော်တဲ့သူနဲ့ တွဲမလုပ်ပါနဲ့။

ကိုယ့်စိတ်ကို ချမ်းသာအောင် ထားနိုင်ရင် အလုပ် ပိုလုပ်နိုင်မယ်။ စိတ်ညစ်ရှိရင်တောင် တတ်နိုင်တာကို

လုပ်ပြီးတော့ မတတ်နိုင်တာကို မေ့ထားသင့်တယ်။

ဒါကြောင့် နေ့တိုင်း စိတ်ချမ်းသာဖို့ အစီအစဉ် လုပ်ထားပါ။

ကြိုတင် စီစဉ်ထားပါ။

စိတ်ချမ်းသာဖို့ အစီအစဉ် လုပ်မထားရင် စိတ်ဆင်းရဲစရာကပဲ နေရာဦးသွားလိမ့်မယ်။

အချိန်ရရင် စိတ်ချမ်းသာအောင်နေမယ်လို့ တချို့က စဉ်းစားတယ်။

အလုပ်များတဲ့သူအဖို့ အချိန်ရရင် ဆိုတာ ဖြစ်ခဲပါတယ်။

အချိန်ရရ မရရ စိတ်ချမ်းသာဖို့ အစီအစဉ်တစ်ခုကို လုပ်မှဖြစ်မယ်။

တစ်နေ့တာအတွင်းမှာ ခဏ, ခဏ ငါးမိနစ်လောက်ဖြစ်ဖြစ်

စိတ်ကို ကြည်လင်အောင် လုပ်နိုင်ရင် ပိုကောင်းပါတယ်။

အလုပ်ပိုပြီးရင် အလုပ်ပိုကောင်းရင် ကိုယ့်အတွက်ရော အများအတွက်ပါ သိပ်အကျိုးများပါတယ်။

ဒါကြောင့် အားလုံးတိုးတက်ဖို့ ဒီအချက်ကို လေးလေးစားစား စီစဉ်သင့်တယ်။

စိတ်ချမ်းသာနေရင် အလုပ်ပိုလုပ်နိုင်တယ် ဆိုတော့ အလုပ်ရှင်တွေ စဉ်းစားသင့်တယ်။

ကိုယ့်အလုပ်ပိုပြီးချင်ရင် အလုပ်သမားတွေကို စိတ်ချမ်းသာအောင် တတ်နိုင်တဲ့နည်းနဲ့ စီစဉ်ပေးသင့်တယ်။

စိတ်ချမ်းသာနေရင် အလုပ်ပိုလုပ်နိုင်တယ်ဆိုတော့ ကျောင်းသူကျောင်းသားတွေလည်း ဒီအချက်ကို

စဉ်းစားပါ။ မိဘတွေ၊ ကျောင်းဆရာ၊ဆရာမတွေ စဉ်းစားပါ။

ကျောင်းသူကျောင်းသားတွေ စာသင်ရတာ စာဖတ်ရတာ တွက်ရ ချက်ရတာ ပျော်ရင် စာရတာ လွယ်မယ်။

ပိုမှတ်မိမယ်။ ကျောင်းမှာ ပျော်မှ စာတော်မယ်။ ပျော်စရာကောင်းတဲ့ကျောင်း ဖြစ်အောင် စဉ်းစားပါ။

သန့်ရှင်းလှပတဲ့ ကျောင်းဟာ ပိုပြီးပျော်စရာကောင်းတယ်။

အနောက်နိုင်ငံတွေမှာ ကျောင်းတွေ၊ အထူးသဖြင့် တက္ကသိုလ်ကျောင်းတွေဟာ လှပတဲ့တောင်ကုန်းတွေ

ရေကန်တွေနားမှာ တည်ထားကြတယ်။ အကောင်းဆုံးနေရာမှာ ကျောင်းတည်ရမယ်။

ဆရာ ဆရာမတွေနဲ့ ကျောင်းသူကျောင်းသားတွေ ဆက်ဆံရေး အဆင်ပြေမှ စိတ်ချမ်းသာမယ်။

ဒါကြောင့် ဆက်ဆံရေးကို ပညာရေးထဲမှာ ထည့်ရမယ်။

………Higher Quality of Work

ပျော်နေရင် အလုပ်ရဲ့အရည်အသွေး ပိုကောင်းလာမယ်။

ဘာဖြစ်လို့လဲ။

ပျော်နေရင် ဥာဏ်ပိုထွက်တယ်။ ပျော်နေရင် အလုပ်လုပ်ရတာ စိတ်ဝင်စားတယ်။

စိတ်ရှည်တယ်။ ပျော်နေရင် မပင်ပန်းဘူး။

ဘာပဲလုပ်လုပ် ပျော်နေရင် ပိုကောင်းအောင် လုပ်နိုင်တယ်။

ဘယ်လိုအကြောင်းကြောင့်ပဲ ပျော်ပျော် ပျော်နေတဲ့သူဟာ အလုပ်အရည်အသွေး

ပိုပြီးကောင်းအောင် လုပ်တယ်။

အလုပ်ကို ပျော်စရာဖြစ်အောင် ဖန်တီးနိုင်ရင် ပိုကောင်းတယ်။

အလုပ်လုပ်တဲ့နေရာဟာ သန့်ရှင်းနေမယ်။ မကောင်းတဲ့အနံ့အသက် မရှိဘူး။

လှပနေမယ်ဆိုရင် အလုပ်လုပ်ရတာ ပိုပျော်မယ်။

အလုပ်မှာ ပြောရဆိုရ ဆက်ဆံရတာ အဆင်ပြေရင် ပျော်မယ်။

အလုပ်ရဲ့အရည်အသွေးလည်း ပိုကောင်းမယ်။ အလုပ်လည်း ပိုပြီးမယ်။

ကျောင်းမှာလည်း သန့်ရှင်းလှပမယ်။ ဆက်ဆံရေးကောင်းမယ် ဆိုရင်

ဆရာ ဆရာမတွေနဲ့ ကျောင်းသူကျောင်းသားတွေ ပိုပျော်မယ်။

ပိုပျော်ရင် စာပိုတော်မယ်။

+++++++++++++++++++++++++++++++++

ဆရာတော်ဦးဇောတိက၏ စိတ်ချမ်းသာဖို့လိုရင်းပါ…စာအုပ်မှ ထုတ်နှုတ်ပါသည်။


Tuesday, February 14, 2012

"ကိုယ်ကိုယ်တိုင် ဖတ်ဖို့- ၅..."


စိတ်ချမ်းသာခြင်း အကျိုးဆယ်ပါး……..မှအဆက်

၂။ More likely to be more cooperative, prosocial and charitable.

More cooperative--------စိတ်ချမ်းသာနေရင် ပိုပြီးပူးပေါင်းဆောင်ရွက်မှု ရှိမယ်။

ကိုယ်နဲ့သူနဲ့ အတူတူ တစ်ခုခုကို လုပ်ချင်တယ်။

ကိုယ်လုပ်နေတဲ့ကိစ္စမှာ သူ့ကိုလည်း ပါစေချင်တယ်ဆိုရင် စိတ်ချမ်းသာအောင် ပြောပါ။

စိတ်ချမ်းသာရင် ပူးပေါင်းဆောင်ရွက်မယ်။

သူ့အရည်အချင်း၊ သူ့စိတ်ထားကို ယုံကြည်ရင် သူ့ကိုလေးစားရင် သူနဲ့ကိုယ်နဲ့ အတူတူ

အလုပ် လုပ်နိုင်မယ်။ လုပ်ရတာ စိတ်ဆင်းရဲလာရင် ဆက်မလုပ်ချင်တော့ဘူး။

More prosocial------------- စိတ်ချမ်းသာနေတဲ့သူဟာ ခင်မင်ရင်းနှီးမှု ပိုရှိမယ်။

စိတ်ချမ်းသာနေတဲ့သူက ဆက်ဆံရေး ပိုကောင်းတယ်။

စိတ်ချမ်းသာနေတဲ့အခါ လူအများနဲ့ပြောဆိုရတာ ပိုပြီး စိတ်ဝင်စားတယ်။

တွေ့ချင်တယ်။ ကျွေးချင်တယ်။ လူများများနဲ့ ပျော်တယ်။

စိတ်ဆင်းရဲနေတဲ့အခါ သူများကို စိတ်မဝင်စားဘူး။ မတွေ့ချင်ဘူး။ မပြောချင်ဘူး။

ပြောရင်လည်း ကိုယ်အဆင်မပြေကြောင်းပဲ ပြောမယ်။ ဒါကြောင့် ကြာကြာ စိတ်မချမ်းသာ ဖြစ်နေရင်

ဆက်ဆံရေးတွေ ပျက်သွားမယ်။

စိတ်မချမ်းမသာ ဖြစ်လာရင် ရတဲ့နည်းနဲ့ စိတ်ချမ်းသာလာအောင် လုပ်ပါ။

စိတ်မချမ်းသာတာဟာ တွက်ခြေမကိုက်ဆုံးပဲ။

More charitable------------ စိတ်ချမ်းသာနေတဲ့သူဟာ ပေးချင်စိတ်၊ လှူချင်စိတ် ပိုများမယ်။

ကူညီချင်စိတ် ပိုများမယ်။

စိတ်ဆင်းရဲနေတဲ့သူရဲ့စိတ်ဟာ အတွင်းကိုလှည့်တယ်။

ကိုယ် စိတ်ဆင်းရဲနေတာကိုပဲ တွေးနေတတ်တယ်။ သူများကို အကူအညီပေးဖို့ စိတ်မဝင်စားဘူး။

မိဘတောင် စိတ်ဆင်းရဲနေရင် သားသမီးကို ဂရုမစိုက်နိုင်ဘူး။ စိတ်မဝင်စားဘူး။

ဒါကြောင့် လူတွေ တစ်ယောက်နဲ့တစ်ယောက် ပိုပြီး ပူးပေါင်းဆောင်ရွက်မှု ရှိလာစေချင်ရင်

စိတ်ချမ်းသာအောင် အဆင်ပြေအောင် လုပ်ပေးရမယ်။

ကိုယ်က ပျော်နေရင် သူများကိုလည်း ပျော်အောင် စိတ်ချမ်းသာအောင် ပြောချင်တယ်။

ကူညီချင်တယ်။ ပေးချင်တယ်။ ဒါ လူတိုင်း ကိုယ်တွေ့ပါ။

3။ More likely to enjoy superior work outcomes.

ပျော်နေတဲ့သူဟာ အလုပ်ကို ပိုကောင်းအောင် လုပ်နိုင်တယ်။ အလုပ်ရဲ့အရည်အသွေး ပိုကောင်းလာတယ်။

အလုပ်ရှင်တွေ ဒီအချက်ကို သတိထားသင့်တယ်။ ကိုယ့်အလုပ်သမားတွေ စိတ်ချမ်းသာလာရင်

အလုပ်ပိုကောင်းတယ်။ ပိုပြီးတယ်။

……Greater Creativity

စိတ်ချမ်းသာနေရင် ပိုပြီး တီထွင်ကြံဆနိုင်တယ်။ လုပ်နေကျထက် ပိုပြီးကောင်းတဲ့နည်းနဲ့ လုပ်နိုင်တယ်။

မပျော်တဲ့သူဟာ အလုပ်ကို စိတ်ဝင်စားမှုနည်းတယ်။ ဒါကြောင့် ပိုကောင်းအောင် မလုပ်နိုင်ဘူး။

မပျော်တဲ့သူဟာ ဥာဏ်ထိုင်းနေတယ်။

Creativity ဟာ သိပ်အရေးကြီးပါတယ်။ ဘာလုပ်လုပ် လုပ်နေကျထက်

ပိုကောင်းအောင်လုပ်ရင် ပိုစိတ်ဝင်စားတယ်။

လုပ်နေကျကိုပဲ အမြဲလုပ်ရင် ကြာရင် (interest မရှိတော့ဘူး) စိတ်မဝင်စားတော့ဘူး။

စိတ်ဝင်စားမှုဟာ စိတ်ရဲ့အားကို ထွက်ပေါ်စေတယ်။

စိတ်မဝင်စားရင် လုပ်ရတာ ပိုပင်ပန်းတယ်။

စိတ်ဝင်စားနေတဲ့သူဟာ သိပ်မပင်ပန်းဘူး။

ပျော်တာနဲ့ စိတ်ဝင်စားတာဟာ ဆက်စပ်မှုရှိတယ်။

ပျော်ရင် စိတ်ဝင်စားရင် တီထွင်ကြံဆပြီး လုပ်တယ်။

တီထွင်ကြံဆပြီးလုပ်ရင် ပိုပြီးစိတ်ဝင်စားစရာကောင်းတယ်။

ပိုပြီးစိတ်ဝင်စားစရာကောင်းရင် ပိုပျော်တယ်။

++++++++++++++++++++++++++++++

ဆရာတော်ဦးဇောတိက၏ စိတ်ချမ်းသာဖို့လိုရင်းပါ…စာအုပ်မှ ထုတ်နှုတ်ပါသည်။


Monday, February 13, 2012

"မိန်းမတို့ရဲ့ဘဝကောက်ကြောင်းများ..."







၁၈-နှစ်မိန်းမတွေဟာ ဘောလုံးနဲ့တူပါတယ်။

လူနှစ်ဆယ်နှစ်ယောက်တို့ဟာ

သူမနောက်ကို အသည်းအသန်လိုက်နေတော့တာပဲ။



++++++++++++++++++



၂၈-နှစ်မိန်းမတွေဟာ ဘောလီဘောနဲ့တူပါတယ်။

သူ့နောက်မှာ ဆယ့်နှစ်ယောက်ပဲကျန်ပါတော့တယ်။



+++++++++++++++++++



၃၈-နှစ်မိန်းမတွေဟာ ဂေါက်သီးဘောလုံးနဲ့တူပါတယ်။

သူ့နောက်မှာ တစ်ယောက်တည်းသာ ရှိတော့တယ်။

အဲဒီတစ်ယောက်ကလည်း အဖိုးကြီးဖြစ်နေပါတယ်။

အဲဒီအဖိုးကြီးကလည်း သူမကို နာနာနဲ့ဝေးဝေးရောက်အောင် ရိုက်တော့တာပဲ။



++++++++++++++++++



၄၈-နှစ်အရွယ်မိန်းမတွေဟာ ပိန်ပေါင်ဘောလုံးဖြစ်သွားရှာပါတယ်။

ယောကျာ်းနှစ်ယောက်ဟာ သူ့ဖက်ကိုယ့်ဖက်မရောက်အောင်

အတင်းရိုက်လိုက်၊ပုတ်ထုတ်လိုက်နဲ့ အလုပ်တွေရှုတ်နေတော့တာပဲ။



++++++++++++++++++


၅၈-နှစ်အရွယ်မိန်းမတွေဟာ………………………?



++++++++++++++++++


လူကြီးမင်း ဆက်လက်စဉ်းစားရန် ချန်ထားခဲ့ပါတယ်။


Sunday, February 12, 2012

"ကလေးစာပေ ပြန့်ပွားစေချင်တယ်..."


ကျနော်ရဲ့မိတ်ဆွေတစ်ဦးတွင် သားနှစ်ယောက်ရှိတယ်။

အမွှာညီအကိုဖြစ်တယ်။

နှစ်ယောက်စလုံးက မူကြိုအတန်းဖြစ်ကြတယ်။

ကျောင်းမှာ story time ဆိုတဲ့ ပုံပြင်ပြောတဲ့အချိန်ရှိတယ်။

အရုပ်များများ၊စာနည်းနည်းစာအုပ်ပါအကြောင်းကိုပြောပြတယ်။

ပြီးတော့ အရောင်တွေနဲ့ပုံဆွဲခိုင်းတယ်။

အရောင်တွေရယ်၊နံပါတ်တွေကို သင်ပေးပြီးပုံဆွဲခိုင်းပါတယ်။

ကလေးတွေက ကြိုက်သလိုဆွဲကြတယ်။

ပြီးတော့ စာကြည့်တိုက်မှာ ငှားဖို့စာအုပ်စာရင်းတွေကို ရေးပေးလိုက်တယ်။

မိဘတွေနဲ့အတူ စာကြည့်တိုက်မှာ စာအုပ်ငှားရတယ်။

အိမ်မှာ မိဘတွေက ငှားလာတဲ့စာအုပ်ကို ကလေးတွေကို ဖတ်ပြရတယ်။

အမေရိကန်နိုင်ငံ ၊ကျောင်းပညာရေးစံနစ်က

ခဲတစ်လုံးနဲ့ငှက်နှစ်ကောင်၊သုံးကောင်ကို ထိအောင် ပစ်လိုက်တဲ့သဘောဖြစ်တယ်။

ကလေးတွေကို စာကြည့်တိုက်ကို သုံးတတ်အောင် သင်ပေးလိုက်တယ်။

မိဘတွေကို ကလေးတွေကို စာဖတ်ပေးအောင် တိုက်တွန်းလိုက်တယ်။

ကလေးတွေကိုလည်း အပြင်စာတွေကို ဖတ်အောင်တိုက်တွန်းလိုက်တယ်။

စာဖတ်ဝါသနာလည်းပါစေတယ်။

အလွန်ကောင်းတဲ့ပညာရေးစံနစ်တစ်ခုပါလား။
















“Let’s go visiting…”

Written By Sue Williams

Illustrated by Julie Vivas

$ 15.00

Kittens, piglets, ducklings… the farmyard is full of fun!

So let’s go visiting and see who’s ready to play.

Then once we’ve counted and recounted our colorful friends,

Let’s all snuggle together for an afternoon nap.

++++++++++++++++++++++++++++

Let’s go visiting.

What do you say?

One brown foal is ready to play.

Let’s go visiting.

What do you say?

Two red calves are ready to play.

Let’s go visiting.

What do you say?

Three black kittens are ready to play.

Let’s go visiting.

What do you say?

Four pink piglets are ready to play.

Let’s go visiting.

What do you say?

Five green ducklings are ready to play.

Let’s go visiting.

What do you say?

Six yellow puppies are ready to play.

No more visiting.

No more play.

Let’s curl up and sleep in the hay.


++++++++++++++++++++++++++++

ဘာသာပြန်…

နိဒါန်း…

ကြောင်ကလေးတွေ၊ ဝက်ကလေးတွေ၊ ဘဲကလေးတွေ…..

လယ်ကွင်းထဲမှာ ပျော်စရာတွေနဲ့ အပြည့်။

အလည်အပတ်သွားရအောင်၊

တွေ့တဲ့သူနဲ့ကစားဖို့အဆင်သင့်ပါ။

အဲဒီနောက် တို့တွေ ရောင်စုံသူငယ်ချင်းတွေကို တစ်ကြိမ်ရေတွက်တယ်။

နောက်တကြိမ်ပြန်ရေတွက်တယ်။

အားလုံးအတူတကွ နွေးနွေးထွေးထွေး ကွေးပြီးညနေခင်းတစ်ရေးတစ်မော အိပ်ကြရအောင်။

++++++++++++++++++++++++++++

အလည်အပတ်သွားရအောင်

မင်း ဘာပြောမလဲ?

အညိုရောင် မြင်းပေါက်စလေးတစ်ကောင်ဟာ ကစားရဖို့အဆင်သင့် ဖြစ်နေတယ်။

အလည်အပတ်သွားရအောင်

မင်း ဘာပြောမလဲ?

အနီရောင် နွားကလေးနှစ်ကောင်ဟာ ကစားဖို့အဆင်သင့်ဖြစ်နေတယ်။

အလည်အပတ်သွားရအောင်

မင်း ဘာပြောမလဲ?

အမည်းရောင် ကြောင်ကလေးသုံးကောင် ဟာ ကစားဖို့ အဆင်သင့်ဖြစ်နေတယ်။

အလည်အပတ်သွားရအောင်

မင်း ဘာပြောမလဲ?

ပန်းရောင် ဝက်ကလေး လေးကောင်ဟာ ကစားဖို့အဆင်သင့်ဖြစ်နေတယ်။

အလည်အပတ်သွားရအောင်

မင်း ဘာပြောမလဲ?

အစိမ်းရောင် ဘဲကလေး ငါးကောင်ဟာ ကစားဖို့ အဆင်သင့်ဖြစ်နေတယ်။

အလည်အပတ်သွားရအောင်

မင်း ဘာပြောမလဲ?

အဝါရောင် ခွေးကလေး ခြောက်ကောင် ဟာ ကစားဖို့ အဆင်သင့်ဖြစ်နေတယ်။

အလည်အပတ်သွားရအောင်

မင်း ဘာပြောမလဲ?

ဒီထက်ပိုပြီးမလည်နိုင်တော့ဘူး။

ဒီထက်ပိုပြီးမကစားနိုင်တော့ဘူး။

ကောက်ရိုးပုံထဲမှာ ကွေးကွေးလေး အိပ်ကြရအောင်…။


လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com