Thursday, December 16, 2010

“ ဆေးကောင်းတွေ့ပြီ…”



တစ်ခါတုန်းက သားအမိနှစ်ယောက်

အေးအေးဆေးဆေး ခြံစိုက်စားကြတယ်။

တစ်နေ့ အမေဖြစ်သူ ဒေါ်စိန်စိန်ဟာ နေမကောင်းဖြစ်ပြီး

အိပ်ရာထဲ လဲတယ်။

သားဖြစ်သူ ကိုအေးက ဆရာဝန်

ဒေါက်တာ ဦးကိုယုကို ပင့်ခေါ်တယ်။

ဆရာဝန်က လူနာကို ကြည့်ပြီးနောက်

သားဖြစ်သူကိုအေး ကို ဘေးဘက်ခေါ်ထုတ်ပြီးပြောတယ်။


ခင်ဗျားအမေ အားပြတ်လို့လဲတာပါ။

ခင်ဗျားကို အကြံတစ်ခုပေးမယ်။

သူ့ကို ဘရန်ဒီ နည်းနည်း တိုက်ကြည့်ပါ။

စိတ်အားတက်ကြွလာပြီး အစာစားလာမယ်။

မကြာခင် ထူထူထောင်ထောင် ဖြစ်လာမယ်


ကိုအေးက

ဒုက္ခပါပဲ ဒေါက်တာရယ်၊

ကျနော့်အမေက အရက်ကို လက်ဖျားနဲ့တောင်

တို့ထိတာ မဟုတ်ဘူးခင်ဗျ


ဒေါက်တာဦးကိုယုက

ဒီလိုလုပ်၊

နွားနို့နဲ့ဘရမ်ဒီကို တစ်ဝက်စီ ရောပြီးတိုက်၊

သူ့ကို ဘာမှ မပြောနဲ့၊

ကျန်းမာရေးအတွက် တိုက်တာပဲ။

ဒီလိုမှ မလုပ်ရင် ဒီတောင်ကကျော်နိုင်မှာမဟုတ်တော့ဘူး


ဒေါက်တာဦးကိုယု ပြောတဲ့အတိုင်း သားဖြစ်သူကိုအေးက

ဘရမ်ဒီကို အိမ်မှာ မွေးထားတဲ့ နွားမမှ ညှစ်လို့ရတဲ့ နို့နဲ့ရောပြီးတိုက်တယ်။

ပထမမှာတော့ အမေက နည်းနည်းပဲ သောက်တယ်။

နောက်ပိုင်းမှာတော့ တဖြည်းဖြည်း ပိုသောက်လာတယ်။


တစ်နေ့မှာတော့ ဘရန်ဒီနဲ့နွားနို့တစ်ဝက်စီ ရောထားတဲ့

တစ်ပုလင်းလုံးကို တစ်ကျိုက်တည်းမော့ချလိုက်တယ်။

ကျေနပ်တဲ့အသံနဲ့ အမေစိန်ကပြောတယ်။


သား၊

အိမ်က နွားမကို

ဘယ်တော့မှ မရောင်းနဲ့နော်၊

သား ကြားလား

“ အသက်ရှည်နည်း…”



အသက် ၉၀အရွယ်ရှိ အဘိုးကြီး

အဘဦးဖိုးဉာဏ် ကို

သတင်းထောက်က သူ့ရဲ့နေအိမ်မှာ အင်တာဗျူးနေကြတယ်။


ဒီလောက်အထိ အသက်ရှည်အောင်

အဘ

ဘာဆေးနည်းတွေကို အသုံးပြုပါသလဲ ခင်ဗျ


အဘဦးဖိုးဉာဏ်က

ဘာဆေးနည်းကိုမှ မသုံးပါဘူး။

ရှိလည်း မရှိပါဘူး။

ပြောစရာဆိုလို့အခုချိန်ထိ

အဘဟာ

ဆေးလိပ်မသောက်ဘူး။

အရက်မသောက်ဘူး။

မိန်းမလည်း မလိုက်စားဘူး


အဲဒီအချိန်မှာ တစ်ဖက်ခန်းကနေပြီး

အော်ဟစ်သံများ၊

ဆဲဆိုသံများ၊

ပစ်ပေါက်သံများ၊

ပန်းကန်ကွဲသံများ၊

ကို ကြားရတယ်။


အဲဒါ ဘာဖြစ်တာလဲ အဘ


အဘရဲ့အဖေလေ၊

မကောင်းတဲ့မိန်းမတွေနဲ့သောက်စားလို့

မူးလာပြီဆိုရင် ဒီလိုပဲ သွေးဆိုးနေကျပါ

“ နာရေးကြော်ငြာ…”



ကားမောင်းကြမ်းတဲ့မိန်းမကို

ဘယ်လိုသတိပေးရပါ့မလဲလို့ ကိုလှမြင့်

အကြိမ်ကြိမ် စဉ်းစားတယ်။

နောက်ဆုံးကျတော့မှ နည်းလမ်းတစ်ခုကို

တွေ့တယ်။


ဇနီးသည်မအေမီကို

ကိုလှမြင့်က

ကားမောင်းရင် ကြည့်မောင်းနော်။

မတော်တဆကားတိုက်မှုဖြစ်ရင်

နာရေးကြော်ငြာမှာ

မင်းရဲ့အသက် ဘယ်လောက် ရှိပြီလဲဆိုတာ

ပါလာမယ်နော်

“ ကလဲ့စား…”



တစ်ခါတုန်းက

အလွန်ပိန်လှီတဲ့ ဂျူးတစ်ယောက် လမ်းလျှောက်လာတယ်။

အရက်မူးနေတဲ့ လူတစ်ယောက်က ဂျူးအနားကပ်လာပြီး ဘာမပြော ညာမပြောနဲ့

ဂျူးရဲ့မျက်ခွက်ကို ပိတ်ထိုးလိုက်တယ်။

ဖင်ထိုင်ရက် လဲကျသွားတယ်။

ဂျူးကမေးစေ့ကို ပွတ်ရင်း မျက်နှာငယ်နဲ့ပြန်မေးတယ်။


ကျနော့်ကို ဘာဖြစ်လို့ထိုးတာလဲဗျာ


အရက်သမားကြီးက

ငါတို့ရဲ့ သခင်ယေရှုကို မင်းတို့ ဂျူးတွေ လက်ဝါးကပ်တိုင်မှာ

တံစို့ရိုက်ပြီး နှိပ်စက်ညှဉ်းပန်းခဲ့တဲ့အတွက်ကြောင့် ထိုးတာဟေ့


ဂျူးကြီးက

ဟာဗျာ၊

ဒါက လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ကျော်က

ဖြစ်ခဲ့တဲ့ကိစ္စပဲဗျာ


အရက်သမားကြီးက

ဘယ်လောက်ပဲ ကြာကြာကွာ၊

ဒီအကြောင်းကို ငါ ဒီနေ့မှ သိတာဟေ့

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com