တစ်နေ့တော့ ကိုအေးကိုဟာ အရက်ဘားထဲကို ဝင်လာတယ်။
အသက်ကြီးပြီဖြစ်တဲ့ စားပွဲထိုးက မေးတယ်။
“ ဘာသုံးဆောင်မလဲ ”
ကိုအေးကိုက
“ ဝီစကီ သုံးပက်ပေးပါ ”
အဘိုးကြီး ထုံစံအတိုင်း အရက်ကို လျှော့ထည့်တယ်။
အားမနာတတ်တဲ့ကိုအေးကိုက
“ အဘိုးကြီး၊
ဘာလဲ၊ ပက်ချင်ခိုးပြန်ပြီလား ”
စားပွဲထိုးက
“ မဟုတ်ပါဘူး၊
အသက်ကြီးတော့ မျက်စိက မကောင်းတော့လို့ပါ ”
ကိုအေးကိုက ရီသလိုမောသလိုနဲ့...
“ အဲဒီဆို ခွက်လျှံအောင် ထည့်လိုက်ပါလား ”
စားပွဲထိုးဘဘက...
“ အဲဒီလောက် အထိလည်း မကန်းသေးဘူးလေ ”
No comments:
Post a Comment