ပြင်သစ်စာရေးဆရာကြီး ဗစ်တာဟူးဂိုး ကို စာပေဝါသနာရှင်အများစုက သိကြပါတယ်။
ဗစ်တာဟူးဂိုးဟာ ပြင်သစ်ဘုရင် တတိယမြောက် နပိုလီယံနဲ့မတည့်ဘူး။
ဒါကြောင့် သူချစ်တဲ့ပြင်သစ်ပြည်ကို ခွဲခွာပြီး ဂျာစီကျွန်းမှာခိုလှုံနေရတယ်။
အဲဒီရက်တွေမှာ ဗစ်တာဟူးဂိုးဟာ
ညနေစောင်းတိုင်းမှာ ကမ်းပါးယံပေါ်တက်ပြီး ခုံတန်းလေးမှာ ထိုင်လေ့ရှိတယ်။
ပြီးရင် နေဝင်ချိန်ရှုခင်းကို ငေးမောကြည့်ရင်း အတွေးနယ်ချဲ့နေတတ်တယ်။
ဒီနောက်မှာတော့ ထိုင်ခုံက ထပြီး သူစိတ်တိုင်းကျတဲ့
ကျောက်စရစ်ခဲတစ်လုံးကို ကောက်ယူလိုက်ပါတယ်။
ကျောက်စရစ်ခဲတစ်လုံးကို ကောက်ယူလိုက်ပါတယ်။
တစ်ခါတစ်လေ ကျောက်စရစ်ခဲကသေးသေးလေးပေါ့။
တစ်ခါတစ်လေ ကျောက်စရစ်ခဲကကြီးကြီးပေါ့။
ပြီးရင် ဒီကျောက်စရစ်ခဲကို အောက်ဘက်မှာရှိတဲ့ ပင်လယ်ရေပြင်ထဲကို
အားပါးတရ လွှဲပြီးပစ်လိုက်ပါတယ်။
အားပါးတရ လွှဲပြီးပစ်လိုက်ပါတယ်။
အဲဒါက သူ့ရဲ့နေ့စဉ်အလုပ်တစ်ခုဖြစ်ပါတယ်။
ဗစ်တာဟူးဂိုးဟာအဲဒီလို နေ့စဉ်နေ့တိုင်း ကျောက်စရစ်ခဲတစ်လုံးစီကောက်ပြီး
လွှင့်ပစ်တာကို အနီးအနားမှာ ကစားနေတဲ့ ကလေးတွေက သတိထားမိကြတာပေါ့။
လွှင့်ပစ်တာကို အနီးအနားမှာ ကစားနေတဲ့ ကလေးတွေက သတိထားမိကြတာပေါ့။
ဒါနဲ့ပဲ တစ်နေ့မှာ ကလေးတွေထဲက နဲနဲကြီးတဲ မိန်းကလေးတစ်ယောက်က
သိချင်နေတာနဲ့ ဆရာကြီးကိုမေးမိတယ်။
“ဆရာကြီး နေ့တိုင်းနေ့တိုင်း ဒီကိုလာပြီး
ကျောက်စရစ်ခဲလေးတွေကို ပင်လယ်ထဲလွှင့်ပစ်နေတာ
ဘာကြောင့်လဲ ဟင်?”
မမျှော်လင့်ထားတော့ အံသြသွားတယ်။
ပြီးတော့ ဗစ်တာဟူးဂိုးဟာ ငေးသွားပါတယ်။
ပြီးတော့မှ ပြုံးပြီး ကလေးမလေးကို အလေးအနက်ပြန်ဖြေလိုက်ပါတယ်။
“ကျောက်စရစ်ခဲတွေကို လွှင့်ပစ်နေတာမဟုတ်ပါဘူးကလေးရယ်…..
ဘဘမှာရှိနေတဲ့ ကိုယ်ကိုယ်ကို သနားတဲ့စိတ်ကို
+++++++++++++++++++++++++++++++++++
ကိုယ်ကိုယ်ကို သနားတဲ့စိတ်ဟာ ရင်ထဲကို ရောက်လာပြီးဆိုရင်
အက်စစ်လိုပဲ ကောင်းတဲ့အရည်အသွေးတွေကို လှိုက်စားတော့တာပဲ။
လူတိုင်းမှာ ကိုယ်ကိုယ်ကို သနားတဲ့စိတ်ဟာ အနည်းနဲ့အများရှိတတ်ကြပါတယ်။
လူတစ်ယောက်ဟာ အတ္တကြီးလာတာနဲ့အမျှ
ကိုယ်ကိုယ်ကို သနားတဲ့စိတ် ကလည်း ကြီးမားလာတော့တာပဲ။
ကိုယ်ကိုယ်ကို သနားတဲ့စိတ်ကို နဲပါးသထက်နဲပါးသွားအောင်
ကျောက်စရစ်ခဲတစ်လုံးကိုကောက်လိုက်ပါ။
အဲဒီကျောက်စရစ်ခဲကို ကိုယ်ကိုယ်ကို သနားတဲ့စိတ်လို သဘောထားပြီး
ဝေးနိုင်သလောက်ဝေးအောင် အားကုန်လွှင့်ပစ်လိုက်ပါလေ။
+++++++++++++++++++++++++++++++++++
ရောမတွေးခေါ်ရှင်ကြီး ဆီနီကာရဲ့စကားကို လက်ဆောင်ပါးလိုက်ပါတယ်။
“ကိုယ်ကိုယ်ကို သနားတဲ့စိတ်အတွေးတွေကြောင့်
ဘာအကျိုးကျေးဇူးမျှရရှိလာမည်မဟုတ်ပါ။
စိတ်ဓာတ်ပျော့ညံ့သူ၊ဆုတ်ယုတ်ကျဆင်းသူသာဖြစ်လာနိုင်၏။
ထို့ပြင် ဒီစိတ်များ ကြာရှည်နေပါက သူတစ်ပါးအပေါ် စာနာထောက်ထားတဲ့စိတ်များ
တစ်နေ့တခြား လျော့ပါးလာမည်ဖြစ်၏။”
++++++++++++++++++++++++++++++++++
ကျနော် အမေရိကားကိုရောက်လာတဲ့အတွက်
ကိုယ့်ကိုယ်ကိုယ် ကိုယ် ကံကောင်းလိုက်တာလို့
မရောက်လာသေးခင်မှာတော့ တွေးဖြစ်ခဲ့ဘူးပါတယ်။
ဒါပေမယ့်...ဒီရောက်ပြီးနောက်ပိုင်းမှာတော့ မတွေးဖြစ်တော့ဘူး။
ဆရာဝန်ဘဝကိုလည်း မမေ့နိုင်ဘူး။
လုပ်နေတဲ့အလုပ်ကလည်း ဆရာဝန်အလုပ်မဟုတ်ဘူး။
မဖြစ်မနေ ပေါင်းသင်းနေရတဲ့လူတွေနဲ့လည်း မတည့်ဘူး။
အတ္တနဲ့နပမ်းလုံးနေရတာနဲ့ ကိုယ့်ကိုယ့်ကိုယ် ကိုယ် သနားတဲ့စိတ်သာ
အခါခါ ဖြစ်ပေါ်လာမိပါတယ်။
ကမ်းစပ်တစ်ခုကိုသွားပြီး ကျောက်စရစ်ခဲအလုံးပေါင်းများစွာကို
ကောက် ပစ်ရမလို ဖြစ်နေပါတယ်။
ခက်တာက အခုလောလောဆယ်ရောက်နေတဲ့နေရာက
ကုန်းတွင်းပိုင်းဖြစ်တာမို့ မြစ်၊ချောင်းတွေနဲ့မနီးဘူးဖြစ်နေတယ်။
ကဲ...ဘာလုပ်ရမလဲ။
No comments:
Post a Comment