အမှားမရှိရင် ကိုယ့်မှာ
ကြီးပွားမှု၊
တိုးတက်မှု၊
အောင်မြင်မှု၊
မရှိနိုင်ဘူး။
+++++++++++++++++++++++
အထီးကျန် မဖြစ်ချင်ရင် ဘာလုပ်ရမလဲဆိုတော့…
ကိုယ့်ကိုကို ချစ်ပါ။
ကိုယ့်အလုပ်ကို ကိုယ်စိတ်ဝင်စားပါ။
လူတွေကို တန်းတူရည်တူဆက်ဆံပါ။
လူတွေကို စိတ်ဝင်စားပါ။
လူတွေကို မေတ္တာပေးပါ။
နားလည်မှုပေးပါ။
သူ့အလိုအလျောက်ပေးလာတဲ့ချစ်ခင်မှုကို တန်ဖိုးထားပါ။
+++++++++++++++++++++++
ရင့်ရင့်ကျက်ကျက်၊
ခိုင်ခိုင်မာမာ
တစ်ကိုယ်တည်းနေနိုင်အောင်
ကြိုးစားကြပါ။
+++++++++++++++++++++++
ကိုယ့်အမှားတွေကို ကိုယ်ကြည့်ပြီး
သိပြီးတော့ ပြင်ပြီးနေသွားရတာ
ဘဝမှာကျေနပ်စရာ အကောင်းဆုံးအလုပ်ပါ။
အားရစရာ အကောင်းဆုံးအလုပ်ပါ။
+++++++++++++++++++++++
အမှားကို လက်ဆင့်ကမ်းလိုက်တာဟာ
ရောဂါတစ်မျိုးကို ကူးစက်အောင်
လုပ်လိုက်တာနဲ့ အတူတူပဲ။
ရောဂါကူးအောင်လုပ်တာဟာ အပြစ်ရှိသလို၊
အမှားကို လက်ဆင့်ကမ်းတာဟာ လည်း အပြစ်ရှိပါတယ်။
+++++++++++++++++++++++
No comments:
Post a Comment