တကယ်မေတ္တာအစစ်၊အမှန်နဲ့
ချစ်ရင် ကိုယ်ချစ်တဲ့သူကို ကိုယ့်ခြေထောက်ပေါ်
ကိုယ်ရပ်တည်နိုင်တဲ့သူ၊
ကိုယ့်အသိဉာဏ်နဲ့ကိုယ် စဉ်းစားနိုင်တဲ့သူ၊
ဆုံးဖြတ်နိုင်တဲ့သူ၊
သွားရဲလာရဲ၊ပြောရဲဆိုရဲ၊
လုပ်ရဲကိုင်ရဲသူ
ဖြစ်လာအောင်လုပ်ပေးချင်တယ်။
+++++++++++++++++++++++
တစ်ယောက်နဲ့တစ်ယောက်က
ဘယ်အချိန်မှာ တကယ်အချစ်ခင်ဆုံးဖြစ်မလဲဆိုတော့
သူလည်းသူ့အားသူ ကိုးနိုင်တဲ့သူ၊
ကိုယ်လည်းကိုယ်အားကိုယ်ကိုးနိုင်တဲ့သူ၊
သူမရှိလည်း ကိုယ့်ဘဝကိုယ်အဓိပ္ပာယ်ရှိရှိ၊
ပြည့်ပြည့်စုံစုံနေသွားနိုင်တဲ့သူ၊
ကိုယ်မရှိလည်း သူ့ဘဝသူ
အဓိပ္ပာယ်ရှိရှိ၊ ကျေကျေနပ်နပ်၊
ချမ်းချမ်းသာသာနေသွားနိုင်တဲ့သူ၊
ဒီလိုလူနှစ်ယောက်ရဲ့ချစ်ခြင်းသာလျှင်
တစ်ယောက်ကို တစ်ယောက်
တကယ်အစစ်အမှန်ချစ်တယ်လို့ပြောလို့ရမယ်။
+++++++++++++++++++++++
မေတ္တာဆိုတာဟာ ကိုယ့်စိတ်အတွက်
အာဟာရတစ်မျိုးပြန်ဖြစ်သွားတယ်နော်။
သူတစ်ပါးအတွက်လည်း အာဟာရဖြစ်တယ်။
ကိုယ့်အတွက်လည်း အာဟာရဖြစ်တယ်။
+++++++++++++++++++++++
သူတစ်ပါးရဲ့စိတ်ဓာတ်နဲ့အသိဉာဏ်
လေးနက်မှု၊ ရင့်ကျက်မှု၊ မြင့်မြတ်မှု
ရှိလာအောင် ကိုယ်က အထောက်အကူ ပေးလေလေ၊
ကိုယ့်မှာလည်းပဲ လေးနက်တဲ၊မြင့်မြတ်တဲ့စိတ်ဓာတ်နဲ့
အသိဉာဏ် ပိုပြီးတော့ ကြီးမားလာလေလေပဲ ဖြစ်လာတယ်။
+++++++++++++++++++++++
ဆရာတော် ဦးဇောတိက
No comments:
Post a Comment