တစ်နေ့တွင်
ဆရာမဟာ ကျောင်းသူကျောင်းသားများကို
မနာလို ဝန်တိုခြင်းနှင့်ပတ်သက်တဲ့ စာစီစာကုံး
တစ်ပိုဒ်ရေးခိုင်းပါတယ်။
အဲဒီစာစီစာကုံးထဲက ပဉ္စမတန်းကျောင်းသား ကောင်းခန့်ညိမ်းဟာ
အောက်ပါအတိုင်းရေးသားထားပါတယ်။
‘ မနာလိုဝန်တိုမှုကို ကျနော်သာ ပိုင်ပါသည်။
အဘယ့်ကြောင့်ဆိုသော် ကျနော်ကိုယ်တိုင် ဖန်တီးယူတဲ့အတွက်ကြောင့် ရလာခြင်းဖြစ်ပါသည်။
ကောင်လေးတစ်ယောက်ယောက်အပေါ် မကျေနပ်ဖြစ်ပြီး မနာလိုဝန်တိုသော
စိတ်ခံစားမှုဖြစ်လာပါသည်။
မနှစ်က ကျနော်သည် သိန်းစိုးအပေါ် မနာလိုဝန်တိုစိတ် မွေးခဲ့ပါသည်။
သူက ပထမတန်းဘောလုံးအသင်းမှာ ပါပြီး ကျနော်က မပါပါ။
ထိုကြောင့် သူ့အပေါ်မနာလိုဖြစ်မိပါသည်။
သူ့အပေါ် တစ်နှစ်လုံး မနာလိုဝန်တိုစိတ်ဖြစ်ခဲ့ပါသည်။
ကျနော့်အနား သူလာထိုင်တိုင်း မနာလိုစိတ်က ဖြစ်လာတတ်ပါသည်။
နောက်ဆုံးတွင် ကျနော်သူ့ကို မုန်းသည်ဟု စိတ်ထဲတွင် အလိုလိုဖြစ်ပေါ်လာပါသည်။
သိန်းစိုးသည် ကျနော်အမုန်းဆုံး လူတစ်ယောက်ဖြစ်လာခဲ့ပါတော့သည်။
ထူးဆန်းတာ ဖြစ်နေပါသည်။
သိန်းစိုးနှင့် ကျနော်တွေ့တိုင်း သိန်းစိုးက စကားပြောသည့်အခါ
ကျနော်က စကားမပြောနိုင်ပါ။
ခေါင်းကိုသာ ညိတ်ပြတတ်ပါသည်။
သို့သော် သိန်းစိုးကတော့ ပြောစရာကို ဆက်ပြောပါသည်။
ကျောင်းအုပ်ကြီးထံရောက်ရမည့်ကိစ္စတွင်
ကျနော်မပါအောင်ပင် သူက ကျနော့်အား ကယ်တင်ခဲ့ပါတယ်။
ကျနော်က သူ့အပေါ် မနာလိုဖြစ်နေသည်ကို သိန်းစိုးကမသိပါ။
တစ်နေ့တွင် ကျနော်ဘာသာ ပြန်သုံးသပ်မိပါသည်။
‘ ငါကသာ သူ့အပေါ် မနာလိုဖြစ်နေတာ၊ ငါကသူ့အပေါ် မနာလိုဖြစ်နေတယ်ဆိုတာတောင်
သူကတော့ သိပုံမရဘူး။အဲဒီတော့ ဒါတွေအားလုံးမေ့ပစ်လိုက်ပါတော့မယ်။
ဒီကိစ္စမှာ စိတ်ထဲမှာ ခုလုခုလုဖြစ်နေတာ ငါတစ်ယောက်တည်းပဲ ’ ဟုပြန်လည်ဆင်ခြင်မိပါသည်။
ယခုဆိုရင် ကျနော်နှင့်သိန်းစိုးသည် အလွန်ရင်းနှီးသော သူငယ်ချင်းများဖြစ်နေပါပြီ။
မနာလိုဝန်တိုခြင်းဆိုသည်မှာ
တစ်ဖက်သတ်ဖြစ်နေသော ကစားပွဲတစ်ခုနှင့်သာ တူပါသည်။
ပန်းသီးအစိမ်းကိုစားရတာနှင့် တူပါသည်။
ချဉ်သည့်အတွက် အခြားသူကို မထိပါ။
စားသူသာ သွားကျိန်းပါသည်။
ပြီးတော့ ဗိုက်နာသောရောဂါလည်း စားသူသာရပါသည်။
No comments:
Post a Comment