ကမ္ဘာစစ်အတွင်းက
ကျနော်ဟာ ခြေလျင်တပ်ရင်းတစ်ခုနဲ့လိုက်ပါခဲ့ရပါတယ်။
ကယ်နယ်ဇုံဒေသရှိ မီးရထားဘူတာရုံတွင်
စိတ်အေးသက်သာစွာ ရပ်နေမိခဲ့ပါတယ်။
အပူပိုင်းဒေသရဲ့တောက်ပတဲ့နေရောင်ဟာ
ကျနော်တို့အား ပင်ပန်းစေပါတယ်။
အဲဒီအချိန်မှာ ဖိနပ်မပါတဲ့ကလေးတစ်ခုက
ချိုချဉ်တို့၊ ပီကေတို့၊ စားစရာတွေကို
ပေးဖို့လှမ်းတောင်းနေတာကို တွေ့ရပါတယ်။
သူတို့တစ်တွေ လှမ်းတောင်းရင်း ပြုံးနေကြပါတယ်။
ရုတ်တရက်မှာပင် ကလေးတစ်စုဟာ
ကောင်လေးတစ်ယောက်ကို ရှေ့ကိုတွန်းပို့ပြီး
“ ဒီကောင်မှာ ခြေချောင်းခြောက်ချောင်းရှိတယ်ဗျို့၊
ဒီကောင်မှာ ခြေချောင်းခြောက်ချောင်းရှိတယ်ဗျို့”
လို့အော်ကြပါတယ်။
တွန်းအပို့ခံရတဲ့ ကလေးဟာ
ရှက်တဲ့အတွက် နောက်ဖက်ကို ပြန်တိုးဝင်သွားပါတယ်။
အဲဒီအချိန်မှာ အေးတိအေးစက်နေတတ်တယ်လို့
ကျနော်ထင်ခဲ့တဲ့ တပ်ကြပ်ကြီးတစ်ယောက်က
ရုတ်တရက်ထပြီး
“ ခြေချောင်းခြောက်ချောင်း ရှိတဲ့လူ ဆုရမယ်”
လို့အော်ပါတယ်။
ပြီးတော့ ချိုချဉ်တချို့ကို
ခြေချောင်းခြောက်ချောင်းရှိတဲ့ကလေးရဲ့လက်ထဲကို
ထည့်ပေးပါတယ်။
အဲဒီကလေးမှာ တအံ့တသြဖြစ်ပြီး ချိုချဉ်များကို လက်ခံယူပါတယ်။
ချက်ချင်းဆိုသလိုပင် အခြားလူများကလည်း
တပ်ကြပ်ကြီးလုပ်တဲ့အတိုင်းလိုက်လုပ်ကြရာ၊
ခြေချောင်းခြောက်ချောင်းရှိတဲ့ကလေးရဲ့လက်ထဲမှာ
စားစရာများနဲ့ပြည့်သွားပါတော့တယ်။
တွန်းပို့ခဲ့တဲ့ ကလေးတွေဟာ
ရုတ်တရက်ပြောင်းလဲသွားတဲ့အနေအထားကြောင့်
အံ့သြပြီး ငြိမ်ကျသွားပါတယ်။
ပြီးတော့ လက်ဆောင်တွေအများကြီးရတဲ့ကလေးဆီကပင်
တောင်းစားကြရပါတော့တယ်။ ။
No comments:
Post a Comment