
ဘုရင့်နောင် ခန်းမကြီးထဲတွင်
ဟောပြောပွဲတစ်ခု ကျင်းပနေတယ်။
အရက်ရဲ့ဆိုးကျိုးများကို စာရေးဆရာတစ်ဦးက
အာဘောင်အာရင်း သန်သန်နဲ့ပြောနေတယ်။
အဲဒီနောက် ပရိသတ်ထဲက အနီးဆုံးခုံမှာ ထိုင်နေတဲ့
လူငယ်တစ်ယောက်ကို လှမ်းမေးလိုက်တယ်။
“ ကိုင်း ခင်ဗျားဟာ
အရက်တစ်ပုလင်းကို သောက်ထားတယ်ဆိုပါစို့။
အဲဒီလိုဆိုရင် ခင်ဗျားဟာ ကျနော့်ရဲ့အခုလို ပို့ချချက်ကို
အခုလို ဂရုတစိုက် နားထောင်နိုင်ပါ့မလား ”
လူငယ် ပြန်ပြောလိုက်တာက
“မြင်တဲ့အတိုင်းပဲ၊
နားထောင်နေတယ်လေ ”
No comments:
Post a Comment