ပါမောက္ခကြီးဟာ တပည့်များကို လူတွေ့
စစ်မေးနေတယ်။
“ လျှပ်စစ်နဲ့ပတ်သက်ပြီး ဓာတ်လိုက်ခြင်း ဆိုတာ ဘာလဲ ”
“ကျနော်သိတော့ သိခဲ့ပါတယ်ဆရာ၊
ဒါပေမယ့် အခုမေ့နေတယ် ”
ပါမောက္ခကြီးက တပည့်ကို
ဂရိတ်ဖိုက်(=အဆင့်အမြင့်ဆုံးဖြစ်တဲ့ ၅မှတ်)
ကိုပေးလိုက်တယ်။
ကျောင်းသားက အံ့သြပြီး ပါမောက္ခကြီးကိုမေးတယ်။
“ ဆရာကြီး၊
ဘာဖြစ်လို့ ကျနော့်ကို ဒီလောက်အထိ
အမြင့်ဆုံးအမှတ်ကို ပေးရတာလဲခင်ဗျား ”
“ ရှင်းရှင်းလေးပဲ၊
ငါ့တပည့်ရယ်၊
အခုချိန်အထိ ဓာတ်လိုက်တယ်ဆိုတာကို
ဘယ်သူမှ မသိကြဘူး။
အဲ…ဒါပေမယ့် တပည့်က သိခဲ့တယ်။
ဒါကြောင့် ဂရိတ်ဖိုက် ပေးလိုက်တယ်၊
ဒါနဲ့ တပည့် အဲဒီအကြောင်းကို ပြန်ပြီး သတိရတဲ့အခါမှာ
ဆရာ့ကို လာပြောပြဖို့ မမေ့နဲ့နော် ”
No comments:
Post a Comment