အပြင်ထွက်ရန်
ဟန်ပြင်နေတဲ့ယောက်ျားဖြစ်သူကိုကျော်ဝင်းကို
မိန်းမဖြစ်သူ မစန်းမြင့်ကပြောတယ်။
“ ဘာလဲ သူငယ်ချင်းတွေနဲ့ အရက်သွားသောက်ဦးမလို့လား၊
ရှင်သိထားဖို့ကောင်းတာက လာမယ့်အပတ်မှာ
အိမ်ခန်းခငွေ ရှင်းစရာရှိတယ်။
ပြီးတော့
ဈေးထဲက ဟင်းသီးဟင်းရွက်သည်ကိုလည်း
အကြွေးပေးရမယ် ”
ကိုကျော်ဝင်းပြန်ပြောလိုက်တာက...
“ မစိုးရိမ်ပါနဲ့မိန်းမရယ်၊
အဲဒီအချိန်မတိုင်မီ ငါ ပြန်ရောက်မှာပါကွ ”
No comments:
Post a Comment