တစ်ခါတုန်းက အဖွားအိုတစ်ယောက်ဟာ
ရွာဦးဘုန်းကြီးကျောင်းအနီးက ဘုရား စေတီပုထိုးမှာ ဘုရားရှိခိုးလေ့ရှိတယ်။
ဘုရားရှိခိုးတိုင်းလည်း အသံကျယ်ကျယ်နဲ့ ဆုတောင်းလေ့ရှိတယ်။
ဆုတောင်းတဲ့အခါမှာတော့
“ ရက်တိုတိုနဲ့ မဂ်ဖိုလ်နိဗ္ဗာန်ကို ရောက်ရပါလို၏ ”
ဆိုတဲ့ ဆုတောင်းကို အော်ပြီး
ဆိုလေ့ရှိပါတယ်။
ရွာထဲက အနောက်အပြောင်သန်တဲ့ ကိုမြသီက
ဘုရားစေတီပုထိုးနောက်မှာ
ဝင်ပုန်းပြီး အသံနက်၊အသံသြကြီးနဲ့
“ ငါ သကြားမင်းဖြစ်တယ်။
အဖွား ကြိုင် ရဲ့ဆုတောင်းကို ကြားရတယ်။
“ မနက်ဖြန်နံနက် ၉ နာရီတိတိအချိန်မှာ
နိဗ္ဗာန်ကိုသွားဖို့ အဖွား ကြိုင်ကို လာခေါ်မယ် ”
လို့ ပြောလိုက်ပါတယ်။
အဖွားကြိုင်ဟာ ကြောက်ကြောက်လန့်လန့်နဲ့ အိမ်ပြန်သွားပါတယ်။
အဲဒီညမှာ လုံးလုံး အိပ်မပျော်ပါ။
ဘုရားစေတီမှာကြားရတဲ့ အသံကြောင့် သောကရောက်နေပါတယ်။
နောက်ပိုင်းမှာ အဖွားကြိုင်ဟာ ဘယ်တော့မှ ဘုရားစေတီကို မသွားတော့ပါ။
ရွာဦးဘုန်းကြီးကျောင်းကိုတောင် မသွားဖြစ်တော့ပါ။
လူတိုင်းဟာ နိဗ္ဗာန်ကိုရောက်ချင်ကြပါတယ်။
ဒါပေမယ့် ဘယ်သူ့မှ မသေချင်ကြဘူး။
No comments:
Post a Comment