ကြောင်တွေကို မုန်းတီးတဲ့ လူတစ်ဦးရှိတယ်။
အဲဒီလူဟာ
သူ့ဇနီးချစ်စနိုးမွေးထားတဲ့ ကြောင်ဝကြီးကို အမုန်းဆုံးဖြစ်တယ်။
တစ်နေ့မှာတော့ ညစာအတွက် အသားတွေ ဝယ်လာပါသည်။
ဝယ်လာတဲ့ အသားတွေကို မီးဖိုထဲရှိ စားပွဲတွင် တင်ထားလိုက်ပါတယ်။
နောက်ပိုင်းမှာ သူဝယ်လာတဲ့ အသားတွေ အားလုံး ပျောက်ဆုံးသွားပါတယ်။
“ အဲဒါ ဒီကြောင်စုတ်ကြောင့်ပေါ့ ”
လို့ ခင်ပွန်းဖြစ်သူက စိတ်ဆိုးဆိုးနဲ့ အော်ပြောပါတယ်။
ဇနီးက
“ မဟုတ်နိုင်ပါဘူးရှင်၊
ဒီကြောင်က သုံးပေါင်လောက်ရှိတဲ့ အသားတွေ
အားလုံးကို မစားနိုင်ပါဘူး ”
လို့သူမရဲ့ကြောင်ကို ကာကွယ်ပြောဆိုပါတယ်။
ခင်ပွန်းဖြစ်သူက
“ အေး…စားနိုင်သလား၊ မစားနိုင်ဘူးလားဆိုတာ
သက်သေပြမယ်၊
ကဲ…ချိန်ခွင်ယူခဲ့၊
အခုချိန်ကြည့်မယ် ”
လို့ ဒေါသနဲ့ သူရဲ့ဇနီးကို ချိန်ခွင်ယူခိုင်းလိုက်ပါတယ်။
ချိန်ကြည့်လိုက်တဲ့အခါမှာတော့ ကံမကောင်း၊အကြောင်းမလှတဲ့
ကြောင်ဝကြီးမှာ သုံးပေါင်တိတိဖြစ်နေတာကို တွေ့ရပါတယ်။
ခင်ပွန်းဖြစ်သူက
“ အဲဒါကြောင့် ပြောတာပေါ့၊
အဲဒါ ငါဝယ်ခဲ့တဲ့အသားတွေရဲ့ အလေးချိန် အတိအကျပဲ ”
လို့ ခင်ပွန်းက သူထင်မြင်ချက်မှန်ကန်ကြောင်း
လက်တွေ့တွေ့နေရတဲ့အတွက်
အားရဝမ်းသာ ပြောလိုက်ပါတယ်။
အဲဒီအခါ ဇနီးသည်က လေအေးလေးနဲ့
“ အဲဒါ အားလုံး ရှင်ဝယ်လာတဲ့အသားဆိုရင်
ကြောင်က ဘယ်ရောက်သွားသလဲ၊
ကြောင်ရဲ့အလေးချိန်က ဘယ်ရောက်သွားသလဲ ”
လို့ ပြန်မေးလိုက်ပါတော့တယ်။
အမုန်းဓာတ်ခံရှိရင် အမှန်ကို မြင်နိုင်ဖို့ခက်ခဲတတ်ပါတယ်။
မုန်းတဲ့အရာကိုပဲ ပျက်စီးစေချင်တာ ဓမ္မတာပါပဲ။
အမုန်းဟာ အမြင်ကို ဆိုးစေပြီး၊
အဆိုးကို မြင်စေပါတယ်။
ဒါကြောင့်
မေတ္တာစိတ်မွေးပြီး
အကောင်းမြင်ကြည့်လိုက်ပါလား ။
အရာရာဟာ လှပလာပါလိမ့်မယ်။
No comments:
Post a Comment