စာသင်ကျောင်းကို အလည်ရောက်လာသူ ဧည့်သည်တစ်ဦးက
“ကျောင်းမှာ ဘာသာရေးအဆုံးအမကို ဘယ်အချိန်မှာ သင်ပါသလဲ ”
လို့ ကျောင်းအုပ်ဆရာကြီးဦးတင်ဝင်း အားမေးပါတယ်။
ကျောင်းအုပ်ဆရာကြီး က
“ကျနော်တို့ ဘာသာရေး အဆုံးအမတွေကို တစ်နေ့လုံးသင်ပါတယ်။
သင်္ချာမှာလည်း သင်ပါတယ်။
တိတိကျကျ လုပ်တတ်တဲ့အကျင့်ကို အလေးအနက်ထားပါတယ်။
ဘာသာစကားမှာလည်း သင်ပါတယ်။
ရည်ရွယ်တဲ့အတိုင်း မှန်မှန်ပြောဖို့နဲ့ ပြောတဲ့အတိုင်း
ရည်ရွယ်ဖို့အလေ့အကျင့်ကို အားပေးတိုက်တွန်းပါတယ်။
သမိုင်းဘာသာသင်ရာမှာလည်း သင်ပေးပါတယ်။
လူသားအချင်းချင်း စာနာထောက်ထားတတ်တဲ့ အလေ့အကျင့်ကို
အသားပေးလေ့ကျင့်ပေးပါတယ်။
ပထဝီဝင် သင်တဲ့အခါမှာလည်း သင်ပေးပါတယ်။
စိတ်ထားကျယ်ကျယ်ပြန့်ပြန့် ထားတတ်တဲ့အလေ့အကျင့်ရအောင်
လေ့ကျင့်ပေးပါတယ်။
လက်မှုပညာသင်ရာမှာလည်း သင်ပေးပါတယ်။
အဓိကတော့ သေသေချာချာ လုပ်တတ်တဲ့ အလေ့အကျင့်ကို
ပျိုးထောင်ပေးပါတယ်။
ကစားကွင်းမှာလည်း သင်ပေးပါတယ်။
မျှမျှတတ၊ မှန်ကန်စွာ ကစားတတ်တဲ့ အလေ့အကျင့်ကို
လေ့ကျင့်ပေးပါတယ်။
မွေးမြုစိုက်ပျိုးရေးမှာလည်း သင်ပေးပါတယ်။
သတ္တဝါလေးများအပေါ် ကြင်နာသနားတတ်ဖို့၊
ယုယုယယ ဆက်ဆံတတ်ဖို့ သင်ကြားပေးပါတယ်။
သစ်ပင်ပန်းပင်လေးတွေကိုလည်း
ယုယုယယပြုစုစောင့်ရှောက်တတ်တဲ့
အလေ့အကျင့်တွေလေ့ကျင့်ပေးပါတယ်။
လူအများနဲ့ ဆက်ဆံရာတွင်
ယဉ်ယဉ်ကျေးကျေး သိမ်သိမ်မွေ့မွေ့ ဆက်ဆံတတ်တဲ့အလေ့အကျင့်၊
တစ်ဦးနဲ့တစ်ဦး ယဉ်ကျေးသိမ်မွေစွာ ပြုမူပြောဆိုတတ်မှု၊
တစ်ဦးနဲ့တစ်ဦး ကူညီရိုင်းပင်းတတ်တဲ့အလေ့အကျင့်များကို လေ့ကျင့်ပေးပါတယ်။
ဒီကျောင်းမှာရှိတဲ့ ကျနော်တို့လူကြီးတွေအားလုံးဟာ
ကလေးတို့ရဲ့ မိတ်ဆွေကောင်းတွေဖြစ်ကြောင်း
ပြသရင်းဘာသာတရား အဆုံးအမ အလေ့အကျင့်တွေကို
နေ့စဉ်တစ်နေကုန် သင်ကြားပေးနေပါတယ်။”
လို့ ကျောင်းအုပ်ဆရာကြီး ဦးတင်ဝင်းက
သေသေချာချာ ရှင်းပြပါတယ်။
No comments:
Post a Comment