သဲသဲဆိုတဲ့အမျိုးသမီးဟာ
အပျော်အပါးအတွက်
အများအမြင်အရ မသွားသင့်တဲ့နေရာကိုသွားရောက်ခဲ့ပါတယ်။
သူမရဲ့ အပြုအမူကို ကာကွယ်တဲ့အနေနဲ့
“ မိန်းကလေးတွေဟာလည်း ယောက်ျားလေးတွေလို
နေရာတိုင်းသွားနိုင်တယ်လို့ ကျမတော့ယူဆတာပဲ ”
လို့ပြောဆိုပါတယ်။
“ဟုတ်တော့ဟုတ်တာပေါ့ ”
ဟု သူမ၏ သူငယ်ချင်းတစ်ဦးဖြစ်တဲ့ မခိုင် က
ဝင်ပြောပြပါတယ်။
ဒါပေမယ့်လည်း
မခိုင်ရဲ့ အဖေ အလုပ်လုပ်တဲ့ ကျောက်မီးသွေးတွင်းမိုင်းကို
သွားကြည့်တုန်းက အဖြစ်အပျက်ကလေးကို ပြောပြပါတယ်။
မခိုင်က
အလွန်လှပတဲ့အ၀တ်အစား အဖြူရောင် လှလှလေးကိုဝတ်လာပါတယ်။
ကျောက်မီးသွေးတွင်းသို့ သွားရောက်လေ့လာတဲ့အခါမှာ
အဲဒီလို အဖြူရောင် အ၀တ် အစားလှလမ၀တ်သင့်ကြောင်း၊
အခြေအနေနှင့်မကိုက်ညီကြောင်း
ကျောက်မီးသွေးတွင်းလုပ်သားကြီးဖြစ်တဲ့ အဖေက ပြောပါတယ်။
ထိုအခါ အ၀တ်ဖြူဝတ်လာသော မခိုင်က
“ လမ်းပြအဖြစ်ပြသမဲ့ မိုင်းလုပ်သားကြီးအဖေကို
မိုင်းထဲသွားကြည့်တဲ့အခါ အခုလို အ၀တ်ဖြူကိုမ၀တ်ရဘူးလား”
လို့ထပ် မေးကြည့်ပါတယ်။
ကျောက်မီးသွေးတွင်းမိုင်းလုပ်သားကြီးဖြစ်တဲ့အဖေက
“ ဒီမှာ သမီးလေး၊
မိုင်းထဲကိုသွားကြည့်တဲ့အခါ အ၀တ်အစားအဖြူရောင် မ၀တ်ရဘူးလို့တော့
သမီးကိုဘယ်သူကမှ မတားပါဘူးကွယ်။
ဒါပေမယ့်
မိုင်းကပြန်လာတဲ့အခါတော့ သမီးရဲ့
အင်္ကျီကို မူလအတိုင်း ဖြူဖြူဖွေးဖွေး တွေ့ရတော့မှာမဟုတ်ဘူး”
လို့ ရှင်းပြလိုက်ပါတယ်။
“ ဒီလိုပါပဲ
နင်ဟာလည်း မသွားသင့်တဲ့နေရာကို သွားတဲ့အတွက်
နင့်ရဲ့ ဖြူစင်တဲ့အနေအထားကတော့ မူလအတိုင်း
ပြန်ပါလာမှာမဟုတ်ဘူးဆိုတာ သူငယ်ချင်း နားလည်စေချင်ပါတယ်။ ”
လို့ ရှင်းပြလိုက်ပါတယ်။
No comments:
Post a Comment