တစ်ခါတုန်းက
ကိုရင်လေး သုမန ဆွမ်းခံကြွလာတုန်း ဒကာကြီးဦးတင်ဝင်းက ထွက်ပြီးပင့်တယ်။
“ကိုရင်လေး ခဏကြွပါဦး”
အဲဒါနဲ့ ကိုရင်လေးကကြွပြီး ခင်းထားတဲ့နေရာမှာ အကျအနထိုင်လိုက်ပါတယ်။
ဒကာကြီးက ဆွမ်းလောင်းပြီးနောက် လက်အုပ်လေးချီကာ
“ကိုရင်လေး တပည့်တော်ကျောင်းသွားပြီး ဥပုသ်ယူဖို့ မမှီတော့လို့
တပည့်တော်ကို ရှစ်ပါးသီလပေးပါဘုရား”လို့ လျှောက်ထားပါတယ်။
ဒီတော့ ကိုရင်လေးကစဉ်းစားတယ်။
“ဆရာတော်က ဆယ်ပါးသီလကို မယုတ်မလျော့အောင် နေရမယ် လို့ မှာကြားထားတယ်။
အခု ရှစ်ပါးသီလတောင်းနေပြီး၊ဘယ်လိုလုပ်ရမလဲ?”
ကိုရင်လေးဆီက အသံမထွက်လာတော့ ဒကာကြီးကထပ်ပြီး
“ကိုရင်လေး တပည့်တော်ကို ရှစ်ပါးသီလ ပေးတော်မူပါဘုရား”လို့ထပ်လျှောက်ပြန်ပါတယ်။
ဒီတော့ ကိုရင်လေး သုမနက
“ဒကာကြီးရာ…ကိုရင်မှာကဆယ်ပါးရှိတာ။
ဒကာကြီးကိုရှစ်ပါးပေးလိုက်တော့ နှစ်ပါးပဲကျန်တော့မပေါ့။
မဖြစ်ပါဘူး။ဆရာတော်ဆူလိမ့်မယ်။”ဆိုပြီး ထပြန်သွားပါတော့တယ်။
ဒကာကြီးဦးတင်ဝင်းမှာ ကြမ်းခင်းတွင် ပုဆစ်တုတ်လျက် ငုတ်တုတ်ကျန်ရစ်ခဲ့ပါတယ်။
ရဟန်းတော်များက သီလကတော့…(၂၂၇)သွယ်သောဝိနည်းတော်များ၊
ကိုရင်များကတော့ (၁၀)ပါးသောသီလ၊
ဥပုသ်သည်များကတော့ (၈)ပါးသောသီလ၊
သာမန်လူများကတော့ (၅)ပါးသောသီလ၊ဆိုပြီးခွဲခြားထားပါတယ်။
သီလဆိုတာ မကျိုးမပေါက်အောင် စောင့်ထိမ်းရသောအကျင့်ဖြစ်တယ်။
No comments:
Post a Comment