Tuesday, April 10, 2012

"အရည်အချင်းတိုးနေမှ ဘဝ..."


စည်းစိမ်ဆိုတာ ဘဝမဟုတ်ဘူး။

အရည်အချင်းကို သုံးရတာမှ ဘဝ။

အရည်အချင်းတိုးနေမှ ဘဝ။

ဘဝ ဆိုတာရဲ့အဓိပ္ပာယ်က

တိုးပွားမှုလို့ အဓိပ္ပာယ်ရတယ်။

++++++++++++++++++++++++++++

ကိုယ့်ဘဝကို တကယ်အဓိပ္ပာယ်ရှိရှိ ကျေကျေနပ်နပ်

နေချင်ရင် ကိုယ်တတ်နိုင်သလောက်

အများအကျိုးကို ဆောင်ရွက်ပါ။

ဒါဟာဘဝရဲ့သဘာဝပဲ။

++++++++++++++++++++++++++++

ဘဝကို ရှင်းရှင်းလင်းလင်း နေသွားချင်တယ်ဆိုရင်

သတိလေးနဲ့နေလိုက်ပါ။

ဘဝဟာ ရှင်းလာပါလိမ့်မယ်။

စိတ်ရှင်းရင် ဘဝရှင်းတယ်။

စိတ်ရဲ့အရည်အသွေး မြင့်လာလို့ရှိရင်

ဘဝရဲ့အရည်အသွေးမြင့်လာတယ်။

ဘဝဆိုတာ စိတ်ရဲ့ရောင်ပြန်ဟပ်မှုပဲ။

+++++++++++++++++++++++++++++



ငါ ဘာဖြစ်လို့ လူ့ဘဝကို ရလာသလဲ

ဆိုတဲ့မေးခွန်းကို မေးပါ။

+++++++++++++++++++++++++++++

ဘဝရဲ့အရည်အသွေးကို ကောင်းစေတာ

အသိဉာဏ်ပဲ။

++++++++++++++++++++++++++++

ကိုယ့်ဘဝကို အဆင်ပြေအောင်နေသွားချင်ရင်

အတွင်းမှာ အင်အားရှိဖို့လိုတယ်။

ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဖို့လိုတယ်။

ကိုယ့်ကိုယ်ကို ချစ်ဖို့လိုတယ်။

စိတ်ဓာတ်ခိုင်မာဖို့လိုတယ်။

စိတ်ကို အကောင်းဘက်မှာ ထားနိုင်ဖို့လိုတယ်။

++++++++++++++++++++++++++++

အတွေ့အကြုံတွေ၊

အခြေအနေတွေ၊ အားလုံးဟာ

အသိဉာဏ်ဖြစ်ဖို့ ကုန်ကြမ်းတွေပဲ။

++++++++++++++++++++++++++++

အသိဉာဏ်ဖြစ်လာရင်တော့ အဲဒါကုန်ချောဖြစ်သွားပြီ။

အဲဒီအသိဉာဏ်ကပဲ ဘဝရဲ့အဓိပ္ပာယ်ဖြစ်တယ်။

++++++++++++++++++++++++++++

ပစ္စုပ္ပန်မှာပဲ ဘဝကို ပြည့်ပြည့်ဝဝနေလို့ရတယ်နော်။

လွတ်လပ်မှုဟာ ပစ္စုပ္ပန်မှာပဲ ရှိတယ်။

စိတ်ချမ်းသာမှုဟာ ပစ္စုပ္ပန်မှာပဲရှိတယ်။

++++++++++++++++++++++++++++

ဘဝကို ပြည့်ပြည့်ဝဝနေချင်တဲ့သူမှာ

စိတ်ဝင်စားစရာတွေ များတယ်။

သူ့အရည်အချင်းတွေကို သူအမြဲသုံးနေတယ်။

သူ့မှာ ရှိနေမှန်းတောင် သူမသိတဲ့ အရည်အချင်းတွေ

ထွက်လာတာကို သူ အားရတယ်။

မလုပ်တတ်တာကို လုပ်တတ်အောင်

လေ့လာပြီး လုပ်နေတယ်။

သူ့ဘဝဟာ ရှင်သန်နေတယ်။

++++++++++++++++++++++++++++

အိုမှာကို မကြောက်ပါဘူး။

အဓိပ္ပာယ်မရှိတဲ့ဘဝကို နေရမှာတော့ ကြောက်တယ်။

++++++++++++++++++++++++++++

(ဆရာတော် ဦးဇောတိက)


Monday, April 9, 2012

"ကိုယ်အလေးချိန် လျှော့ချနိုင်မယ့် နည်းလမ်းများ..."



ကိုယ်အလေးချိန် လျှော့ချနိုင်မယ့် လွယ်ကူတဲ့ နည်းလမ်း ၂၁-နည်း...


၁။ အစာစားတဲ့အချိန် သတ်မှတ်ပါ။

၂။ များများ အိပ်စက်ပါ။

၃။ ဟင်းသီးဟင်းရွက် များများစားပါ။

၎။ စွတ်ပြုတ်သောက်ပါ။

၅။ ကောက်နှံတစ်ခုလုံး စားပါ။

၆။ ခန္ဓာကိုယ်နဲ့ ကွက်တိကျတဲ့ အဝတ်အစားများ ဝတ်ဆင်ပါ။

၇။ ဝက်ဆားနယ်ခြောက် မစားပါနဲ့။

၈။ ဟင်းသီးဟင်းရွက်နဲ့လုပ်တဲ့ ပီဇာစားပါ။

၉။ ရေပဲ သောက်ပါ။

၁၀။ ဖန်ခွက်သေးသေးရှည်ရှည်နဲ့သောက်ပါ။

၁၁။ လက်ဖက်စိမ်းရည် သောက်ပါ။

၁၂။ ယောဂ လေ့ကျင့်ပါ။


၁၃။ အိမ်မှာပဲ စားပါ။

၁၄။ အစားအစာ စားချိန်မှာ စကားမပြောပါနဲ့။

၁၅။ ပီကေ ဝါးပါ။

၁၆။ စားတဲ့အခါ ပန်းကန်ပြားသေးသေးကို အသုံးပြုပါ။

၁၇။ အစားအစာပမာဏ မှန်ကန်ပါစေ။

၁၈။ ၈၀%(ရာခိုင်နှုန်း) ကိုသာ စားပါ။ ၂၀%(ရာခိုင်နှုန်း) လျှော့စားပါ။

၁၉။ ကိုယ်တိုင် မှာယူပါ။

၂၀။ သတ်သက်လွတ် စားပါ။

၂၁။ ကယ်လိုရီ ၁၀၀ လောင်ကျွမ်းအောင် လေ့ကျင့်ခန်းလုပ်ပါ။

(အာရောဂျံ မဂ္ဂဇင်းမှ…)


Sunday, April 8, 2012

"သိသိ မသိသိ တာဝန်ကတော့ ရှိနေမြဲ..."


သိလည်း တာဝန်ကတော့ ရှိနေမြဲ ရှိနေမည် ဖြစ်၏

မသိလည်း တာဝန်ကတော့ ရှိနေမြဲ ရှိနေမည်ဖြစ်၏

အမှန်အားဖြင့် တာဝန်ဟူသည်ကား

သိစိတ် နှင့် ကင်းလွတ်၍ တည်နိုင်သော

ဓမ္မနိယာမ ဖြစ်၏။

+++++++++++++++++++++++++++++++++++++++

အမြတ်များများလိုချင်လျှင်

အရင်းအနှီးများများ စိုက်ရ၏။

ဓမ္မသဘာဝ၌ ဖြတ်လမ်းဟူ၍ မရှိ။

+++++++++++++++++++++++++++++++++++++++

ကျေးဇူးဆပ်ခြင်း၏ သဘောအရ

များများ ကျေးဇူးဆပ်နိုင်လေလေ

များများကြည်နူးမှုရလေလေ

ဖြစ်သကဲ့သို့

လုပ်သင့်လုပ်ထိုက်သော လုပ်ငန်းကို

တာဝန်အရ လုပ်ရာ၌ များများလုပ်နိုင်လေ

များများ ကြည်နူးရလေ ဖြစ်၏။

+++++++++++++++++++++++++++++++++++++++

လောဘကို အောင်နိုင်သူသည်

လောကကို အောင်နိုင်သူဖြစ်၏။

+++++++++++++++++++++++++++++

မြင့်မြတ်သူများအတွက်

အရေအတွက်သည် အရေးမကြီး၊

အရည်အချင်းသည်သာ

အရေးကြီး၏။

+++++++++++++++++++++++++++++

အကုသိုလ်တရားများကို

အသိခံအာရုံတရားများအနေဖြင့်

အကုသိုလ်မှန်းသိလျှင်

ထိုအသိသည် ယထာဘူတ-ကျသောအသိ

( သမ္မာဒိဋ္ဌိ )ဖြစ်သဖြင့်ဆေး ဖြစ်၏။

အကုသိုလ်မှန်းမသိလျှင် ထိုအသိသည်

မှားယွင်းသောအသိ (မိစ္ဆာဒိဋ္ဌိ )

ဖြစ်သဖြင့်ဘေး ဖြစ်၏။

+++++++++++++++++++++++++++++++++++++++

လောကတွင် အရေးကြီးဆုံးမှာ

ကျေးဇူးသိတတ်ဖို့ပင်ဖြစ်၏။

+++++++++++++++++++++++++++++++++++++++

လောကဓံ ကို လောကဓံ မှန်းသိလျှင်

ယထာဘူတ ဉာဏ်ကို ရသည်။

ယထာဘူတဉာဏ်ဟူသည်ကား

သမ္မာဒိဋ္ဌိ အမြင် ဖြစ်၏။

+++++++++++++++++++++++++++++++++++++++

ကုသိုလ်ဟူသည် ကောင်းသောအကျိုးကို ပေးမြဲဖြစ်၏။

ထို့ကြောင့် လောကဓံနှင့် ကြုံလျှင်

လောကဓံမှန်း သိဖို့ အရေးကြီး၏။

+++++++++++++++++++++++++++++++++++++++

ရာမ မင်းသားက

လောက၏ အစီးအပွားအတွက် ဆောက်ရွက်ရာ၌

နိုင်ငံသူ၊နိုင်ငံသား ကျေနပ်စေရန်၊

ချစ်ခြင်းမေတ္တာကိုဖြစ်စေ၊

မင်းစည်းစိမ်ချမ်းသာကိုဖြစ်စေ၊

အကယ်၍ လိုအပ်လျှင် သီတာဒေဝီကို ဖြစ်စေ

စွန့်လွှတ်မှ ကျေနပ်မည်ဆိုလျှင်

မဆိုင်းမတွ စွန့်လွှတ်မည်ဖြစ်၏

ထိုသို့စွန့်လွှတ်ရသဖြင့် ကျွန်ုပ်အား

မကျေမနပ်ခြင်း မည်သည် မဖြစ်ပါ။

+++++++++++++++++++++++++++++++++++++++

အဖိုးအန ဂ္ဃထိုက်တန်သော ရတနာတို့သည်

လည်း တောမှပင် ထွက်ကြ၏။

+++++++++++++++++++++++++++++++++++++++

ကံ၏အရာသည် သာမန်ပုဂ္ဂိုလ်တို့အနေဖြင့်

နားမလည်နိုင်လောက်အောင်

အံ့ဖွယ်ရှိသည်။

+++++++++++++++++++++++++++++++++++++++

ဟင်း ဟူသမျှ၌ ဆား လိုအပ်သလို

ဘဝဇာတ်လမ်းဟူသမျှ၌

လူကြမ်းသည် လိုအပ်၏.

+++++++++++++++++++++++++++++++++++++++

အလှူဒါန ပြုရာ၌ ပါရမီကုသိုလ်၏ သဘောအရ

အလှူခံပုဂ္ဂိုလ် အကျင့်သီလသည်

ပဓာန မဟုတ်ကြောင်းတွေ့၏။

အလှူရှင်၏ ကိုယ်ကျင့်သီလ နှင့် စေတနာ

သည် ပဓာန ဖြစ်၏။

+++++++++++++++++++++++++++++++++++++++



အကျိုးလိုလားသော စိတ်ဖြင့် အလှူခံပုဂ္ဂိုလ်ကို

အယုတ်၊ အမြတ်ရွေးချယ်၍ ပြုသော ကုသိုလ်သည်

ပါရမီကုသိုလ်မဟုတ်။

+++++++++++++++++++++++++++++++++++++++

လောက၌ သစ္စာ

မည်သည်အစဉ်ထာဝရ ရှိ၏။

+++++++++++++++++++++++++++++++++++++++

အသက်ကို စွန့်လျှင်သာ စွန့်ရမည်။

မိမိ၏ စိတ် စင်ကြယ်မှုကို မစွန့်ရာ

+++++++++++++++++++++++++++++++++++++++

တန်ဖိုးကို တွက်ချက်ခြင်းသည်

မာန၏ တာဝန်ဖြစ်၏။

+++++++++++++++++++++++++++++++++++++++

ပဋိစ္စသမုပ္ပာဒ်အရ မည်သည့်အရာဝတ္ထုကို

မြင်မြင်၊ ထိုအရာဝတ္ထုကို မြင်လျှင် မြင်ရုံမျှနှင့်

လမ်းမဆုံးဘဲ စိတ်သည်ကောင်း၊

မကောင်းကိုဆုံးဖြတ်သည်အထိ သွားသည်။

ကောင်းအဖြစ် ဆုံးဖြတ်လျှင်

တဏှာ လာမည်။

မကောင်းအဖြစ်ဆုံးဖြတ်လျှင်

ဒေါသ လာမည်။

+++++++++++++++++++++++++++++++++++++++

ဘုရင် မကောင်းမှုပြုလျှင်

ထိုမကောင်းမှု၏ အကျိုးဆက်သည်

ပြည်သူပြည်သားအားလုံးအပေါ်၌

ကျရောက်၏။

+++++++++++++++++++++++++++++++++++++++

နတ်သုဓာ တစ်တင်းခွဲ၊

မစင် တပဲသား

အကျ မခံနိုင်။

( စလေဦးပုည)

+++++++++++++++++++++++++++++++++++++++

အနိုင်အထက်ယူခြင်းသည်

ဒုစရိုက်မှုကို ကျူးလွန်ခြင်း

ဖြစ်၏။

+++++++++++++++++++++++++++++++++++++++

ဆရာ ဦးရွှေအောင် ရေးတဲ့

ဗုဒ္ဓ

လောကသားတို့၏ အနှိုင်းမဲ့ကျေးဇူးရှင်

(ကိုယ်ကျင့်ဗုဒ္ဓဝင် ) စာအုပ်မှ ကောက်နှုတ်ဖော်ပြပါတယ်။



လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com