သိလည်း တာဝန်ကတော့ ရှိနေမြဲ ရှိနေမည် ဖြစ်၏
မသိလည်း တာဝန်ကတော့ ရှိနေမြဲ ရှိနေမည်ဖြစ်၏
အမှန်အားဖြင့် တာဝန်ဟူသည်ကား
သိစိတ် နှင့် ကင်းလွတ်၍ တည်နိုင်သော
ဓမ္မနိယာမ ဖြစ်၏။
+++++++++++++++++++++++++++++++++++++++
အမြတ်များများလိုချင်လျှင်
အရင်းအနှီးများများ စိုက်ရ၏။
ဓမ္မသဘာဝ၌ ဖြတ်လမ်းဟူ၍ မရှိ။
+++++++++++++++++++++++++++++++++++++++
ကျေးဇူးဆပ်ခြင်း၏ သဘောအရ
များများ ကျေးဇူးဆပ်နိုင်လေလေ…
များများကြည်နူးမှုရလေလေ…
ဖြစ်သကဲ့သို့
လုပ်သင့်လုပ်ထိုက်သော လုပ်ငန်းကို
တာဝန်အရ လုပ်ရာ၌ များများလုပ်နိုင်လေ…
များများ ကြည်နူးရလေ ဖြစ်၏။
+++++++++++++++++++++++++++++++++++++++
လောဘကို အောင်နိုင်သူသည်
လောကကို အောင်နိုင်သူဖြစ်၏။
+++++++++++++++++++++++++++++
မြင့်မြတ်သူများအတွက်
အရေအတွက်သည် အရေးမကြီး၊
အရည်အချင်းသည်သာ
အရေးကြီး၏။
+++++++++++++++++++++++++++++
အကုသိုလ်တရားများကို
အသိခံအာရုံတရားများအနေဖြင့်
အကုသိုလ်မှန်းသိလျှင်
ထိုအသိသည် ယထာဘူတ-ကျသောအသိ
( သမ္မာဒိဋ္ဌိ )ဖြစ်သဖြင့်“ ဆေး ” ဖြစ်၏။
အကုသိုလ်မှန်းမသိလျှင် ထိုအသိသည်
မှားယွင်းသောအသိ (မိစ္ဆာဒိဋ္ဌိ )
ဖြစ်သဖြင့်“ ဘေး ”ဖြစ်၏။
+++++++++++++++++++++++++++++++++++++++
လောကတွင် အရေးကြီးဆုံးမှာ
ကျေးဇူးသိတတ်ဖို့ပင်ဖြစ်၏။
+++++++++++++++++++++++++++++++++++++++
လောကဓံ ကို လောကဓံ မှန်းသိလျှင်
ယထာဘူတ ဉာဏ်ကို ရသည်။
ယထာဘူတဉာဏ်ဟူသည်ကား
သမ္မာဒိဋ္ဌိ အမြင် ဖြစ်၏။
+++++++++++++++++++++++++++++++++++++++
ကုသိုလ်ဟူသည် ကောင်းသောအကျိုးကို ပေးမြဲဖြစ်၏။
ထို့ကြောင့် လောကဓံနှင့် ကြုံလျှင်
လောကဓံမှန်း သိဖို့ အရေးကြီး၏။
+++++++++++++++++++++++++++++++++++++++
ရာမ မင်းသားက
“ လောက၏ အစီးအပွားအတွက် ဆောက်ရွက်ရာ၌
နိုင်ငံသူ၊နိုင်ငံသား ကျေနပ်စေရန်၊
ချစ်ခြင်းမေတ္တာကိုဖြစ်စေ၊
မင်းစည်းစိမ်ချမ်းသာကိုဖြစ်စေ၊
အကယ်၍ လိုအပ်လျှင် သီတာဒေဝီကို ဖြစ်စေ
စွန့်လွှတ်မှ ကျေနပ်မည်ဆိုလျှင်
မဆိုင်းမတွ စွန့်လွှတ်မည်ဖြစ်၏
ထိုသို့စွန့်လွှတ်ရသဖြင့် ကျွန်ုပ်အား
မကျေမနပ်ခြင်း မည်သည် မဖြစ်ပါ။
+++++++++++++++++++++++++++++++++++++++
အဖိုးအန ဂ္ဃထိုက်တန်သော ရတနာတို့သည်
လည်း တောမှပင် ထွက်ကြ၏။
+++++++++++++++++++++++++++++++++++++++
ကံ၏အရာသည် သာမန်ပုဂ္ဂိုလ်တို့အနေဖြင့်
နားမလည်နိုင်လောက်အောင်
အံ့ဖွယ်ရှိသည်။
+++++++++++++++++++++++++++++++++++++++
ဟင်း ဟူသမျှ၌ ဆား လိုအပ်သလို
ဘဝဇာတ်လမ်းဟူသမျှ၌
လူကြမ်းသည် လိုအပ်၏.
+++++++++++++++++++++++++++++++++++++++
အလှူဒါန ပြုရာ၌ ပါရမီကုသိုလ်၏ သဘောအရ
အလှူခံပုဂ္ဂိုလ် ၏ အကျင့်သီလသည်
ပဓာန မဟုတ်ကြောင်းတွေ့၏။
အလှူရှင်၏ ကိုယ်ကျင့်သီလ နှင့် စေတနာ
သည် ပဓာန ဖြစ်၏။
+++++++++++++++++++++++++++++++++++++++
အကျိုးလိုလားသော စိတ်ဖြင့် အလှူခံပုဂ္ဂိုလ်ကို
အယုတ်၊ အမြတ်ရွေးချယ်၍ ပြုသော ကုသိုလ်သည်
ပါရမီကုသိုလ်မဟုတ်။
+++++++++++++++++++++++++++++++++++++++
လောက၌ သစ္စာ
မည်သည်အစဉ်ထာဝရ ရှိ၏။
+++++++++++++++++++++++++++++++++++++++
“ အသက်ကို စွန့်လျှင်သာ စွန့်ရမည်။
မိမိ၏ စိတ် စင်ကြယ်မှုကို မစွန့်ရာ ”
+++++++++++++++++++++++++++++++++++++++
တန်ဖိုးကို တွက်ချက်ခြင်းသည်
မာန၏ တာဝန်ဖြစ်၏။
+++++++++++++++++++++++++++++++++++++++
ပဋိစ္စသမုပ္ပာဒ်အရ မည်သည့်အရာဝတ္ထုကို
မြင်မြင်၊ ထိုအရာဝတ္ထုကို မြင်လျှင် မြင်ရုံမျှနှင့်
လမ်းမဆုံးဘဲ စိတ်သည်ကောင်း၊
မကောင်းကိုဆုံးဖြတ်သည်အထိ သွားသည်။
“ ကောင်း ”အဖြစ် ဆုံးဖြတ်လျှင်
တဏှာ လာမည်။
“ မကောင်း ”အဖြစ်ဆုံးဖြတ်လျှင်
ဒေါသ လာမည်။
+++++++++++++++++++++++++++++++++++++++
ဘုရင် မကောင်းမှုပြုလျှင်
ထိုမကောင်းမှု၏ အကျိုးဆက်သည်
ပြည်သူပြည်သားအားလုံးအပေါ်၌
ကျရောက်၏။
+++++++++++++++++++++++++++++++++++++++
နတ်သုဓာ တစ်တင်းခွဲ၊
မစင် တပဲသား
အကျ မခံနိုင်။
( စလေဦးပုည)
+++++++++++++++++++++++++++++++++++++++
အနိုင်အထက်ယူခြင်းသည်
ဒုစရိုက်မှုကို ကျူးလွန်ခြင်း
ဖြစ်၏။
+++++++++++++++++++++++++++++++++++++++
ဆရာ ဦးရွှေအောင် ရေးတဲ့
ဗုဒ္ဓ
လောကသားတို့၏ အနှိုင်းမဲ့ကျေးဇူးရှင်
(ကိုယ်ကျင့်ဗုဒ္ဓဝင် ) စာအုပ်မှ ကောက်နှုတ်ဖော်ပြပါတယ်။
No comments:
Post a Comment