Monday, February 27, 2012

"သစ်တိုင်း ကောင်းလား..."



တစ်ခါတုန်းက စင်္ကာပူနိုင်ငံတွင်

နိုင်ငံတကာ ဦးနှောက်ပြပွဲ တစ်ခုပြုလုပ်ပါတယ်။ ကွယ်လွန်ပြီးဖြစ်တဲ့

ထူးခြားတဲ့ပညာရှင်တွေရဲ့ဦးနှောက်တွေကိုလည်းပြသထားပါတယ်။

ဥပမာအားဖြင့် အိုင်းစတိုင်းတို့လို လူပုဂ္ဂိုလ်တို့ရဲ့ဦးနှောက်ကိုလည်း

တစ်ခန်းတစ်နားပြသထားတာကိုတွေ့ရပါတယ်။

ထူးခြားတဲ့အစီအစဉ်တစ်ရပ်က ဦးနှောက်အရောင်းပြပွဲတစ်ခုကိုလည်း

ပူတွဲ ပြုလုပ်ပါတယ်။

ဈေးနှုန်းများလည်း ကပ်ထားတာကိုတွေ့ရပါတယ်။

အမေရိကန် ဦးနှောက်တစ်လုံး……ဒေါ်လာ 50 $

အင်္ဂလိပ် ဦးနှောက်တစ်လုံး……ဒေါ်လာ 60 $

ပြင်သစ် ဦးနှောက်တစ်လုံး……ဒေါ်လာ 70 $

တရုတ် ဦးနှောက်တစ်လုံး…..ဒေါ်လာ 75 $

အိန္ဒိယ ဦးနှောက်…..ဒေါ်လာ 100 $

စင်္ကာပူ ဦးနှောက်တစ်လုံး……ဒေါ်လာ 150 $

ယိုဒယား ဦးနှောက်တစ်လုံး……ဒေါ်လာ 250 $

မြန်မာ ဦးနှောက်တစ်လုံး……ဒေါ်လာ 500 $

အရောင်းပြပွဲကိုလာရောက်သူတွေထဲက သတင်းထောက်တစ်ယောက်ကမေးပါတယ်။

“ဘာကြောင့် မြန်မာဦးနှောက်က ဈေးအကြီးဆုံးဖြစ်နေတာလဲ”

အမျိုးသမီး အရောင်းမန်နေဂျာကပြန်ဖြေလိုက်တာက…

“တစ်ခါမှ အသုံးမပြုရသေးလို့ပါရှင်…

လုံးဝ အသစ်စက်စက်ဆိုတာ အာမခံပါတယ်။”


Sunday, February 26, 2012

"ကိုယ်ကိုယ်တိုင် ဖတ်ဖို့- ၉..."




စိတ်ချမ်းသာခြင်း အကျိုးဆယ်ပါး……..မှအဆက်



More likely to be more emotionally health

စိတ်ချမ်းသာတဲ့သူ၊ ပျော်ပျော်နေတတ်တဲ့သူဟာ စိတ်ခံစားမှု ကျန်းမာရေးပိုကောင်းတယ်။

စိတ်ဓာတ်ကျရောဂါ မဖြစ်ဘူး။ အားမငယ်ဘူး။

စိတ်ချမ်းသာအောင် နေတတ်တဲ့သူဟာ စိတ်ကြည်လင်ချမ်းသာနေလို့ စိတ်ကျန်းမာတယ်။

စိတ်ကျန်းမာနေရင် သဘောထားတွေမှန်တယ်။ အသိဥာဏ်လည်း ပိုပြီးထွက်တယ်။

စိတ်ချမ်းသာတဲ့သူ၊ စိတ်ကျန်းမာရေး ကောင်းတဲ့သူဟာ သူ့ကိုယ်သူ တာဝန်ယူနိုင်တယ်။

ဒါကြောင့် သူနဲ့ဆက်ဆံရတဲ့သူတွေဟာ စိတ်ချမ်းသာတယ်။

ကိုယ့်ဟာကိုယ် စိတ်ချမ်းသာအောင်နေပြီး ကိုယ့်အားကိုယ်ကိုးတဲ့သူကို လူတွေပိုခင်တယ်။

++++++++++++++++++++++++++++



၈။ More likely to be more active, and have greater energy and flow


ပျော်ပျော်နေတတ်တဲ့သူဟာ သွက်လက်တယ်။ တက်ကြွတယ်။ အားပိုရှိတယ်။

စိတ်အားထက်သန်တယ်။ အလုပ်ကို မပင်မပန်း စိတ်ပါလက်ပါ လုပ်နိုင်တယ်။

သူ့စိတ်က သိန်းငှက်တစ်ကောင် လေဟုန်စီးပြီး ပျံဝဲသလို

အလုပ်လုပ်တဲ့အခါ အလုပ်ထဲမှာ စိတ်က စီးဝင်သွားတယ်။

တစ်နည်းအားဖြင့် ပြောရရင် ဘာလုပ်လုပ် ဈာန်ဝင်ပြီး လုပ်လို့ရတယ်။

သူ့စိတ်ကို နောက်ကဆွဲထားတာ မရှိဘူး။

ပျော်တဲ့သူက အားရှိတယ်။ သွက်လက်တယ်။ ဒါကြောင့် အသက်ဝင်တယ်။

သူ့ကိုမြင်ရတဲ့သူလည်း ပျော်လာတယ်။ ပျော်တဲ့သူဟာ flow ကောင်းတယ်။

အားသိပ်မစိုက်ရပဲ အလုပ်လုပ်နိုင်တယ်။

ဒါကြောင့် သူ့နဲ့လက်တွဲပြီး လုပ်ချင်တဲ့သူ များတယ်။

စိတ်ပါလက်ပါ အားရပါးရ လုပ်တဲ့သူနဲ့ လုပ်ရရင် မမောနိုင်ဘူး။ အလုပ်တွင်တယ်။

အဲဒီလိုလူမှာ လက်တွဲမယ့်သူ များတယ်။ အဲဒီလူ ဦးဆောင်ရင်

နောက် က လိုက်မယ့်သူ များတယ်။

ဒါကြောင့် ခေါင်းဆောင်လုပ်မယ့်သူဟာ စိတ်ချမ်းချမ်းသာသာ

ပျော်ပျော်ရွှင်ရွှင် လုပ်တတ်တဲ့သူ ဖြစ်ရမယ်။

အလုပ်ကို အများကြီးလုပ်ပေမယ့် မပင်ပန်းအောင် နေတတ်ရမယ်။

စိတ်ချမ်းသာမှုဟာ အကောင်းဆုံးအားဆေးပဲ။

အားဆေးတွေ သောက်ပေမယ့် စိတ်မချမ်းသာရင် အားမရှိနိုင်ဘူး။

ဒါကြောင့် အားရှိချင်ရင် စိတ်ချမ်းသာအောင်နေပါ။ ပျော်ပျော်ရွှင်ရွှင် နေပါ။

+++++++++++++++++++++++



၉။ More likely to show symptoms of psychopathology


ပျော်ပျော်နေတတ်တဲ့သူဟာ စိတ်ရောဂါလက္ခဏာ ပြတာနည်းတယ်။

ငယ်ငယ်ကတည်းက စိတ်ဆင်းရဲတာ များခဲ့ရင် စိတ်ရောဂါဖြစ်တယ်။

ဒါကြောင့် ကလေးတွေကို စိတ်ဆင်းရဲအောင် ကြောက်အောင် မပြောသင့်ဘူး။

သူတို့လုပ်နိုင်တာကို လုပ်ပြီး စိတ်ချမ်းသာအောင် အားပေးရမယ်။

ကိုယ့်ကိုယ်ကို ကိုယ်ယုံကြည်မှုရှိအောင် အားပေးရမယ်။

အားငယ်ရင် စိတ်ရောဂါဖြစ်တယ်။

ကိုယ့်ကိုယ်ကို ကိုယ်ယုံကြည်မှုမရှိရင်လည်း မပျော်ဘူး။

စိတ်ချမ်းသာတဲ့သူ၊ ပျော်တတ်တဲ့သူတွေရဲ့ ထူးခြားတဲ့အချက်က

ကိုယ့်ကိုယ်ကို ကိုယ် ယုံကြည်မှုရှိတာပဲ။

ကလေးတွေကို ဥာဏ်မရှိဘူး။ အ တယ်၊ ညံ့တယ်။ ဖျင်းတယ်။ ပျင်းတယ်လို့

မကြာမကြာပြောရင် ကြာရင် သူတို့ကိုယ်ကို သူတို့ယုံကြည်မှု မရှိတော့ဘူး။

ဒီအချက်ကို မိဘတွေနဲ့ဆရာ ဆရာမတွေ သတိထားသင့်တယ်။

အ တယ်၊ ဥာဏ်မရှိဘူး၊ ပျင်းတယ် ဆိုတဲ့စကားတွေကို လွယ်လွယ်သုံးပြီး

ကလေးတွေကို နှိပ်ကွပ်တာဟာ ဘဝတစ်ခုလုံးကို ဖျက်ဆီးလိုက်တာပဲ။


Saturday, February 25, 2012

"ရတနာတွေ ရှာရအောင်..."


















Treasure…

By Suzanne Bloom

$15.95

X marks the spot.

But for what?

A little misunderstanding leads to a big discovery

when Bear follows Goose on a wild-goose chase.

What are you doing?

Are you looking for treasure?

I like to look for treasure. Yo ho ho!

Wait right here.

I’ll get my gear.

I’m back.

I’m packed.

Let’s go!

Are we there yet?

Let’s look.

Is it buried treasure?

Let’s dig.

Is it sunken treasure?

Let’s dive.

There is no treasure.

We didn’t find any treasure at all.

Yes we did.

We had a splendid day…..

And you are a treasure.

I am a treasure?

Yes, indeed.

You are my treasure.

Yo ho ho!

Oh! Yes!

You are my treasure, too.

Yo ho ho, indeed!


+++++++++++++++++++++++++++++


ဘာသာပြန်…

ရတနာ…

မိတ်ဆက်..

ကြက်ခြေခတ်အမှတ်အသား၊

အဲဒါ ဘာအတွက်လဲ။

ဝက်ဝံက ငန်းနောက်ကို တောငန်းတွေရဲ့ခြေရာအတိုင်းလိုက်တဲ့အချိန်မှာ

နားလည်မှုအနည်းငယ်လွဲမှားသွားတဲ့အတွက် ကြီးမားတဲ့ရှာဖွေမှု

ခေါ်ဆောင်ရာနောက် လိုက်သွားမိတယ်။

မင်းဘာလုပ်နေသလဲ။

မင်း ရတနာကို ရှာဖွေနေသလား။

ငါကတော့ ရတနာကို ရှာဖွေရတာကို ကြိုက်တယ်။

ယို ဟို ဟို..

ဒီမှာ စောင့်နေပါ။

ငါကတော့ အသုံးအဆောင်ပစ္စည်းတွေယူလာမယ်လေ။

ငါ ပြန်လာတယ်။ ငါ အထုပ်အပိုးတွေထည့်ခဲ့ပြီ။

ကဲ…သွားကြစို့။

တို့တစ်တွေ ဟိုမှာ ရှိနေသေးလား။

ကြည့်လိုက်ရအောင်။

ရတနာကို မြေမြှုပ်ထားသလား။

တူးကြည့်ရအောင်။

ရတနာတွေက ပင်လယ်ထဲမှာ မြုပ်နေသလား။

ငုပ်ကြည့်ရအောင်။

ရတနာတွေ မရှိဘူး။

တို့တွေ ရတနာတွေကှို ရှာပေမယ့် ဘယ်မှာမှ ရှာလို့မတွေ့ခဲ့ဘူး။

ဟုတ်တယ်။ တို့တွေ လုပ်ခဲ့တယ်။

တို့တွေမှာ ထူးခြားတဲ့နေ့တစ်နေ့ရှိခဲ့တယ်လေ။

မင်းဟာ ရတနာတစ်မျိုးဖြစ်တယ်။

ငါဟာ ရတနာတစ်မျိုးပါပဲ။

ဟုတ်တယ်။

တကယ့်ပါပဲ။

မင်းဟာ ငါ့ရဲ့ရတနာပါပဲ။

ယို ဟို ဟို..

အို…ဟုတ်တာပေါ့။

မင်းဟာ လည်းပဲ ငါ့ရဲ့ရတနာပဲလေ။

ယို ဟို ဟို…

တကယ်ပါပဲ။


+++++++++++++++++++++++++

ကျနော်တို့မြန်မာနိုင်ငံတွင် အသက် ၁၀-နှစ်အောက်ကလေးတွေအတွက်

ကလေးစာပေအလွန်နည်းပါသေးတယ်။

ကလေးစာပေကို များစေချင်မိတယ်။

အဲဒါကြောင့် ကလေးစာပေများကို စာကြည့်တိုက်တွင် ငှားရမ်းပြီး

ပြန်လည် မျှဝေပေးမိခြင်းဖြစ်ပါတယ်။

တစ်နေ့တွင် စာကြည့်တိုက်တွင် စာဖတ်နေတုန်း

မူလတန်းကျောင်းတစ်ကျောင်းမှ အသက်၅-၆-နှစ်အရွယ်ကလေးများတစ်စု

ခန့်မှန်းအရည်အတွက် ၂၀-၂၅-ယောက်လောက်တို့ဟာ ဆရာမ ၃-ယောက်နဲ့

အတူ စာကြည့်တိုက်သို့လေ့လာရေးလာကြတာကိုတွေ့ရပါတယ်။

စာကြည့်တိုက်မှ တာဝန်ရှိပုဂ္ဂိုလ်တစ်ယောက်က အခန်းတိုင်းကို

လိုက်ရှင်းပြနေတာကို တွေ့ရပါတယ်။

မြန်မာနိုင်ငံမှာလည်း ကလေးတွေ စာကြည့်တိုက်ကို ဘာဘဲဖြစ်ဖြစ်

လာစေချင်မိတယ်။ စာကြည့်တိုက်ဟာ ပျော်စရာကောင်းတဲ့နေရာတစ်ခု

အဖြစ် ရှုမြင်စေချင်မိပါတယ်။

စာအုပ်၊စာပေတွေကို ချစ်တတ်သူတွေ ဖြစ်စေချင်မိတယ်။

လူငယ်တွေတိုးတက်မှ နိုင်ငံတိုးတက်မယ်ဆိုတာကို

လူကြီးမင်းတွေ အမြင်ရှင်းရှင်းသိမြင်စေချင်မိပါတယ်။

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com