Saturday, November 13, 2010

“ မလုပ်နိုင်တဲ့အလုပ်….”



တရားရုံးတစ်ခုတွင်ဖြစ်တယ်။

တရားသူကြီးက


တရားခံရွှေအေး၊

မောင်မင်းဟာ ကိုယ့်ရဲ့မိဘ၊

ကိုယ့်ရဲ့မောင်နှမ နဲ့

ကိုယ့်ရဲ့သားသမီးရဲ့အိမ်ကပစ္စည်းတွေတောင်

ခိုးတယ်ဆိုတော့

မလွန်လွန်းဘူးလား၊

မရှက်ဘူးလား၊


တရားခံက


တရားသူကြီးမင်းခင်ဗျား၊

ကိုယ့်ရဲ့ ဂုဏ်သိက္ခာကို

ကိုယ်မလေးစားတော့ဘူးဆိုရင်

မလုပ်နိုင်တဲ့အလုပ်ဆိုတာ မရှိတော့ပါဘူးခင်ဗျား


“ လင်းလက်နေတဲ့ ဖယောင်းတိုင်ကလေး…”


တစ်ညနေမှာ ကိုဉာဏ်လင်းဆိုတဲ့ လူတစ်ဦးဟာ
ဘူးထဲက ဖယောင်းတိုင်တစ်တိုင်ကို ယူပြီး
လေပြင်းတိုက်နေတဲ့ လှေခါးအတိုင်း အပေါ်ကို တက်ခဲ့ပါတယ်။
ကျနော်တို့ ဘယ်သွားမလို့လဲ
လို့ ဖယောင်းတိုင်က မေးပါတယ်။
သဘောင်္တွေအတွက် ဆိပ်ကမ်းနေရာကိုပြဖို့
အိမ်ထက်မြင့်တဲ့ နေရာကို သွားမလို့လေ
ဒီတော့ ဖယောင်းတိုင်က
ဆိပ်ကမ်းမှာ ကပ်နေတဲ့ ဘယ်သဘောင်္မှ ကျနော့်အလင်းရောင်ကို
မမြင်နိုင်ပါဘူးဗျာ။
ကျနော့်အလင်းက မှုန်မှုန်ဝါးဝါးလေးမို့ပါ
လို့ပြန်ပြောပါတယ်။
မင်းရဲ့အလင်းက အားနည်းရင် လင်းနိုင်သလောက် လင်းအောင်သာ ကြိုးစားပါ။
ကျန်တဲ့အပိုင်းကို ငါ တာဝန်ယူပါတယ်
လို့ ကိုဉာဏ်လင်းက ပြောပါတယ်။
သူတို့ ခြေလှမ်းပေါင်းများစွာ လှမ်းပြီးနောက် ထိပ်ဆုံးကို ရောက်လာတဲ့အခါ
မီးအိမ်ကြီးတစ်လုံးကို တွေ့ပါတယ်။
အဲဒီကိုဉာဏ်လင်းဟာ ဖယောင်းတိုင်လေးကို ယူပြီး မီးအိမ်ကို မီးညှိလိုက်ပါတယ်။
မကြာမီမှာပင် မီးအိမ်နောက်ဖက်ရှိ တဖိတ်ဖိတ် အရောင်လင်းလက်နေတဲ့ ရောင်ပြန်ဟပ်တဲ့
ပစ္စည်းမှ အလင်းရောင်တန်းများကို ထုတ်ပေးပါတယ်။
အဲဒီ ဖယောင်တိုင်းရဲ့အရောင်တန်းများဟာ ပင်လယ်ထဲကို
မိုင်ပေါင်းများစွာ လင်းလက် ဖြာထွက်သွားပါတယ်။


ကျနော်တို့ဟာ ဖယောင်းတိုင်လေးလို
ကိုယ့်ကိုယ်ကိုယ် အမြဲတမ်းလျှော့တွက်တတ်ကြတယ်။
အဲဒီလို လျှော့တွက်တဲ့အတွက်ကြောင့်လည်း
ကိုယ်စွမ်းကိုယ်စကို ၁၀-ရာခိုင်နှုန်းလောက်ကိုသာ
အသုံးပြုဖြစ်ကြပါတယ်။
ဒါကြောင့်လည်း ဖြစ်သင့်တာထက် အမြဲတမ်းလျော့နည်းနေတတ်ပါတယ်။
အဲဒီလို မဖြစ်ချင်ဘူးဆိုရင်တော့ ကိုယ်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့
လင်းနိုင်သမျှ ဆက်လက် လင်းလက်နေအောင် ကြိုးစားအားထုတ်ဖို့ဖြစ်ပါတယ်။
အဲဒီလိုသာဆိုရင် ကျနော်တို့ရဲ့ အောင်မြင်မှုအတိုင်းအတာကတော့
ကျနော်တို့ မျှော်မှန်းတာထက် အများကြီး (အများကြီး) များသွားနိုင်တယ်ဆိုတာကို
ကျနော်တို့ ကိုယ်တိုင် တအံ့တသြ ဖြစ်သွားပါလိမ့်မယ်။

“သတ်မှတ်တန်ဖိုး…”



အမေရိကန်ပြည်တွင်း စစ်ကာလက

ဝါဂွမ်းချည်များကို ရောင်းဝယ်ဖေါက်ကားခြင်းမှာ

တရားဥပဒေနဲ့မလွတ်ကင်းပါ။

ဒါပေမယ့် လောဘသမားများဟာ တောင်ပိုင်းမှ

ဝါဂွမ်းချည်များကို ဝယ်၊ တိုင်းပြည်ဒေသအများကို ဖြတ်သန်းပြီး

မြောက်ပိုင်းတွင် ဈေးကြီးတင်ပြီး ရောင်းချခဲ့ပါတယ်။

အဲဒီလိုရောင်းဝယ်ဖောက်ကားပြီး အမြတ်ကြီးကြီးရနေသူတစ်ဦးက

မစ္စစပီရေကြောင်းသင်္ဘော ကပ္ပတိန်တစ်ဦးထံ ချဉ်းကပ်ပါတယ်။

သူ့ရဲ့ဝါဂွမ်းချည်များကို မြစ်ကြောင်းအတိုင်း သယ်ဆောင်ပေးဖို့

ဒေါ်လာ ၁၀၀ လာဘ်ထိုးပါတယ်။

ကပ္ပတိန်က ငြင်းဆန်ပါတယ်။

ဒီကိစ္စဟာ တရားဥပဒေနဲ့ဆန့်ကျင်တဲ့လုပ်ငန်းဖြစ်တယ်လို့လည်း

ကုန်သည်ကို သတိပေးလိုက်ပါတယ်။

ကုန်သည်က နောက်တစ်ဆင့်တိုးပြီး

ကျနော် ခင်ဗျားကို ဒေါ်လာ ၅၀၀ ပေးပါ့မယ်

ကပ္ပတိန်က

မလိုချင်ဘူး

လို့ အော်ငေါက်လိုက်ပါတယ်။

ကဲဗျာ ဒေါ်လာ ၁၀၀၀ ဆိုရင်ကော…”

ကုန်သည်က ကမ်းလှမ်းပြန်ပါတယ်။

ကပ္ပတိန်က

မလိုချင်ဘူး

လို့ ထပ်မံငြင်းပါတယ်။

နောက်ဆုံးမှာတော့ ကုန်သည်က

ကဲဗျာ ဒေါ်လာ ၃၀၀၀ ပေးမယ်

လို့ ထပ်ဆင့်တိုးလာပါတယ်။

အဲဒီအချိန်မှာတော့ ကပ္ပတိန်ဟာ သူရဲ့ ပစ္စတိုသေနတ်ကို ထုတ်ပြီး

လာဘ်ပေးရန် သွေးဆောင်သူကို ချိန်လိုက်ပြီး၊


ဒီသင်္ဘောပေါ်က ဆင်းသွား။

ခင်ဗျားဟာ ကျနော်သည်းခံနိုင်တဲ့

နောက်ဆုံးအဆင့် နားကိုရောက်နေပြီ


လို့အော်ပြောလိုက်ပါတယ်။



လူတိုင်းမှာ သူဘာသာသူ သတ်မှတ်ထားတဲ့

သတ်မှတ် တန်ဖိုးရှိကြစမြဲဖြစ်ပါတယ်။

သတ်မှတ် တန်ဖိုးအနီးကိုရောက်ရင်တော့ ခံနိုင်ရည်ရှိသူ အလွန်နည်းပါးလှပါတယ်။

ဂုဏ်သိက္ခာကို တန်ဖိုးထားရကောင်းမှန်း မသိရင်တော့

ဝယ်လို့မရသူ မရှိသလောက်ပါပဲ။

ကိုယ့်ကိုယ်ကိုယ် ရောင်းတယ်ဆိုတာ

တကယ်တော့ ဂုဏ်သိက္ခာကို ဈေးနှုန်းသတ်မှတ်ပစ်လိုက်တာပါ။

ဂုဏ်သိက္ခာဆိုတာ ဝယ်လို့ရတဲ့အရာတော့ မဟုတ်ပါဘူး။

ဒါပေမယ့် ဝယ်လို့ရတာက တန်ဖိုး သတ်မှတ်ထားတဲ့လူပါ။

လူတိုင်းလူတိုင်း ဂုဏ်သိက္ခာကို တန်ဖိုးထားတတ်ကြပါစေ။

လူတိုင်းလူတိုင်း ဂုဏ်သိက္ခာကို တန်ဖိုးမသတ်မှတ်မိပါစေနဲ့၊

လို့ ဆုတောင်းမိပါတယ်။


လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com