Monday, October 4, 2010

“ အချက်ပေါင်း များစွာ....”



ကျနော်ဟာ ဘာမှ လုပ်လို့ကိုင်လို့အဆင်မပြေတဲ့အတွက် စိတ်ညစ်ညစ်နဲ့

ကျောက်တုံးကြီးကို ထုခွဲဖြတ်တောက်နေတဲ့ ကျောက်ဖြတ်သမား

အလုပ်လုပ်နေတာကို သွားကြည့်ခဲ့ဖူးပါတယ်။

ကျောက်တုံးကြီးက အင်နဲ့အားနဲ့ ထုနေလေရဲ့။

တစ်ချက်…...

နှစ်ချက်…....

သုံးချက်…....

အကြိမ်ပေါင်းများစွာ ထုခွဲသော်လည်း ကျောက်တုံးကြီးမှာ အက်ရာမျှပင်မပေါ်ပါ။

ကျောက်ဖြတ်သမားကလည်း စိတ်မပျက်ပါ။

အချက်ပေါင်းတစ်ရာလည်းအက်ရာမပေါ်ပေမယ့်

အချက်ပေါင်း တစ်ရာနှင့် တစ်ချက်မြောက်မှာတော့

အဲဒီကျောက်တုံးကြီးဟာ နှစ်ပိုင်းကွဲသွားပါတော့တယ်။

အဲဒီလို ကွဲသွားတဲ့ရလဒ်ဟာ နောက်ဆုံးတစ်ချက်တည်းကြောင့် မဟုတ်မှန်း

ကျနော်သဘောပေါက်သွားပါတယ်။

အဲဒီနောက်ဆုံးတစ်ချက်မတိုင်မီက ပြုလုပ်ခဲ့တဲ့ အချက်ပေါင်းများစွာကြောင့်ဖြစ်ပါတယ်။


ဒီလိုပါပဲတစ်ကြိမ်တည်းနဲ့မအောင်မြင်တိုင်း

စိတ်ပျက်စရာမဟုတ်ဘူးဆိုတာကို သဘောပေါက်ပြီး ဆက်ကြိုးစားဖို့ပါပဲ။

ဆက်ကြိုးစားရမယ်လို့နားလည်လာပါတယ်။

ကျနော်ပြန်လာတော့ စိတ်လက်ပေါ့ပါးလန်းဆန်းနေပါပြီ။


ဆက်ကြိုးစားပါ။

ဘာဘဲဖြစ်ဖြစ် ဆက်ကြိုးစားပါ။

မနားမနေ ကြိုးစားပါ။

“ တတ်ရဲ့သားနဲ့…”



တာချီလိတ်မှ လားဟူလူမျိုး ကိုအကြိုင်ဟာ

ကိုယ်ပိုင် ကားကို မောင်းပြီး ရန်ကုန်မြို့ကို ဝင်သွားပါတယ်။


ယာဉ်ထိန်းရဲကကားကိုတားပြီးပြောတယ်။


ခင်ဗျား သတ်မှတ်မိုင်နှုန်းထက် ပိုပြီးမောင်းလာတယ်။

ဘာကြောင့်လဲဆိုတာ မြန်မာစာနဲ့ ရှင်းလင်းချက်ရေးပါ


ကိုအကြိုင်က

ကျနော် မြန်မာစာမှမတတ်ဘဲ ဘယ်လိုလုပ် ရေးရမှာလဲ

လို့ပြန်ပြောပါတယ်။


ဆင်ခြေမပေးနဲ့၊

မြန်မာဘာသာနဲ့ ရှင်းလင်းချက်ရေး၊

ဒါပဲ

ကိုအကြိုင် အတော်စိတ်ညစ်သွားတယ်။


ရန်ကုန်မြို့ကိုလာမိတာ မှားပြီထင်တယ်။

ကိုအကြိုင်ဟာတိုင်းရင်းသားဖြစ်တာမို့ မြန်မာစာ မတတ်ပါ။

မြန်မာစကားကိုပင် လည်လည်ဝယ်ဝယ် မသိပါ။

တစ်လုံးစ၊ နှစ်လုံးစသာသိသူဖြစ်တယ်။


မော်တော်ပီကယ် (ယာဉ်ထိန်းရဲ)ကိုလည်း ဘယ်လိုမှ ရှင်းမရ။

ယာဉ်ထိန်းရဲကလည်း အင်မတန် ခေါင်းမာလှတယ်။

နောက်ဆုံးမှာတော့ ကိုအကြိုင်ဟာ

စာရွက်အလွတ်တစ်ရွက်ကြားမှာ

ငါးထောင်တန်တစ်ရွက်ကို

ညှပ်ထည့်ပေးလိုက်တယ်။

ပြီးတော့

ယာဉ်ထိန်းရဲကို ကမ်းပေးလိုက်တယ်။


ယာဉ်ထိန်းရဲက စာရွက်ကို ဖြန့်လိုက်တယ်။

ငါးထောင်တန် ငွေစက္ကူကို

တွေ့တဲ့အခါမှာတော့ ကိုအကြိုင်ကို ပြောတယ်။


မြန်မာစာ မတတ်ဘူးလို့ ဘာဖြစ်လို့ပြောတာလဲ။

အခုတောင် တစ်ဝက်တောင်ရေးပြီးပြီပဲ၊

ဆက်ရေးလိုက်ဦး

“ ဦးလောဘ…”




တစ်ခါတုန်းကပေါ့လေ..ဦးလောဘဆိုတဲ့ လူတစ်ယောက်ရှိတယ်။
နာမည်နဲ့လိုက်အောင်ပါဘဲ
သူ့မှာငွေတွေ အမြောက်အများရှိနေပေမယ့်

လောဘရဲ့သဘောအတိုင်းပါပဲ ပို၍ပိုကာလိုချင်နေတော့တယ်။
သူ့မှာရှိတဲ့ငွေတွေကို သူခိုးတွေကလာခိုးမှာကိုလည်း
အလွန်စိုးရိမ်တဲ့အတွက်

သူခိုးမခိုးနိုင်တဲ့ကြီးမားတဲ့ သေတ္တာကြီးတစ်ခုကိုပြုလုပ်ပါတယ်။
အဲဒီသေတ္တာကြီးကို သူ့အခန်းတွင်းမှာ ထည့်ထားလိုက်ပါတယ်။
မိသားစုဝင်တွေတောင် ဘယ်သူမှမသိကြဘူး။
မိသားစုဝင်တွေ ကိုလည်းမယုံဘူးလေ။
တံခါးကို သံနဲ့လုပ်ထားပြီး မမြင်အောင် နံရံထဲမှာ ကွယ်ဝှက်ထားလိုက်တယ်။
အဲဒီသေတ္တာကြီးရှိတယ်ဆိုတာ ဘယ်သူမှ မမြင်တော့ဘူး။ ဘယ်သူမှ မသိဘူး။
အဲဒီသေတ္တာကြီးထဲကို ရွှေတွေ၊ငွေတွေ၊ အဖိုးတန်ရတနာတွေထည့်ထားပြီး
ညဖက်မှာ ဝင်ကြည့်ရတာကို ဦးလောဘ အလွန်နှစ်သက် သဘောကျနေလေ့ရှိတယ်။
တစ်နေ့တစ်ခြား သူရဲ့လက်ဖျားမှာ ငွေတွေ၊ရွှေတွေ
တစ်ဝေါဝေါဝင်နေတာကို သူဟာကျေနပ်နေပါတယ်။

တစ်နေ့မှာတော့ ဦးလောဘဟာ ကံကောင်းချင်တော့ ထီပေါက်ပါတယ်။
သိန်းတစ်ထောင်ဆုပေါက်တာပါ။
စိတ်တွေလှုပ်ရှားနေပါတယ်။
အရမ်းလည်း ပျော်နေပါတယ်။
ရလာတဲ့ငွေတွေကို အဲဒီသေတ္တာကြီးထဲကို အလျင်စလို ယူသွားမိတယ်။
ယူသွားနေကျ သော့တံကို အပြင်ဖက်မှာ မေ့ကျန်ခဲ့ပါတယ်။
သံတံခါးကတော့ အလိုအလျှောက်အမြဲပိတ်သွားတတ်ပါတယ်။
အခုလည်း သူဟာငွေတွေနဲ့ဝင်သွားတာနဲ့ တံခါးကအလိုလိုပိတ်သွားပါတယ်။
ငွေတွေကို ကြည့်ပြီးကျေနပ်နေတယ်။
အချိန်တန်လို့ အပြင်ဘက်ထွက်ချင်လာတော့မှ
သော့တံမေ့ကျန်ရစ်ခဲ့တာကိုသတိပြုမိတော့တယ်။

အဲဒီတော့မှ သူထိတ်လန့်လာတယ်။ ဖွင့်လို့လည်းမရဘူး။
အသံကုန် အော်ဟစ်ပြီး အကူအညီတောင်းကြည့်တယ်။
ဘယ်သူမှ မကြားတော့မလာကြဘူးပေါ့။
ဦးလောဘ ကံဆိုးပြီပေါ့။
ဒီလိုနဲ့အချိန်တွေ ကြာလာတော့ မိသားစုတွေက စိတ်ပူပြီးလိုက်ရှာကြတယ်။ ရပ်ကွက်လူကြီးတွေ၊ရဲတွေကိုအကူအညီတောင်းပြီးလိုက်ရှာကြတယ်။
ရက်ပေါင်းများစွာ လိုက်ရှာကြတယ်။
နောက်ဆုံးကျတော့မှ သူတို့တွေဟာ အဲဒီသေတ္တာကြီးကို
လုပ်ပေးတဲ့ ပန်းပဲဆရာကြီးကိုတွေ့ကြပါတယ်။
အဲဒီဆရာကြီးရဲ့ပြောပြချက်အရ
အဲဒီ အလိုလိုပိတ်တတ်တဲ့ သေတ္တာကြီးအကြောင်းကိုသိရတော့တယ်။
အလိုလိုပိတ်တဲ့ သေတ္တာကြီးကို လာကြည့်ကြတော့
အပြင်မှာ သော့တန်းလန်းဖြစ်နေတာကိုတွေ့ကြရတယ်။

သူတို့တွေ သောတ္တာကြီးကို ဖွင့်ကြည့်တော့ အထဲမှာ
ဦးလောဘဟာ ငွေတွေ၊ရွှေတွေဖက်ကို
လက်ကိုဆန့်တန်းရင်း သေနေတာကိုတွေ့ကြရပါတယ်။

“ ကြင်နာတတ်သူ….. ”



ဂျွန်ဝက်စလေရဲ့ ဘဝမှာ လိုက်နာတဲ့ စည်းကမ်းရှိပါတယ်။

အဲဒါကတော့...


သူ စုနိုင်သမျှ စုဆောင်းပြီး၊

သူ စုဆောင်းရသမျှကို ပေးကမ်းမယ်


ဆိုတဲ့ စည်းကမ်းဖြစ်တယ်။

ဂျွန်ဝက်စလေ အောက်စဖို့ဒ် တက္ကသိုလ်မှာ

နေစဉ်က သူရဲ့ ဝင်ငွေမှာ တစ်နှစ်လျှင် ပေါင် ၃၀ ဖြစ်ပါတယ်။

သူက ၂၈ ပေါင်ကိုသာ သုံးပြီး ကျန် ပေါင်ကို လှူဒါန်းခဲ့ပါတယ်။

အောက်စဖို့ဒ် တက္ကသိုလ် ကထွက်ပြီးနောက်မှာ

သူရဲ့ ဝင်ငွေဟာ တစ်နှစ်အတွက်

ပေါင် ၆၀၊

နောက် ပေါင် ၁၀၀၊

နောက် ပေါင် ၁၂၀ အထိ

တိုးလာသော်လည်း သူ့အတွက် ၂၈ ပေါင်ကိုသာသုံးပြီး

ကျန်ဝင်ငွေအားလုံးကို ပေးကမ်းလှူဒါန်းခဲ့ပါတယ်။

အိမ်ထောင်စုအလိုက် ငွေထည်ပစ္စည်းများ ပိုင်ဆိုင်မှုကို စစ်ဆေးတဲ့အရာရှိကြီးက

ဂျွန်ဝက်စလေမှာ ရှိတဲ့ ငွေထည်ပစ္စည်းများနဲ့ ပတ်သက်ပြီး အစီရင်ခံစာ တင်ပြဖို့ တောင်းဆိုခဲ့ပါတယ်။

အဲဒီအခါ ဂျွန်ဝက်စလေရဲ့ ပြန်ကြားချက်မှာ….


ကျနော်မှာ လန်ဒန်တွင် ငွေဇွန်း ()ချောင်းရှိပါတယ်။

ဘရစ်စတိုတွင် ငွေဇွန်း ()ချောင်းရှိပါတယ်။

အဲဒါတွေကတော့ လက်ရှိ ကျနော်မှာရှိတဲ့ ငွေထည်ပစ္စည်းတွေ ဖြစ်ပါတယ်။

ဒီ့ထက်ပိုပြီး ဝယ်ယူခြင်းမရှိခဲ့ပါ။

ကျနော့် ပတ်ဝန်းကျင်က လူတွေ ငတ်ပြတ်နေတဲ့အချိန်မှာ

စားစရာလိုတဲ့အချိန်မှာ

ကျနော့်အတွက် ငွေထည်တွေ မလိုအပ်ပါဘူး။

ငွေထည်တွေမဝယ်ဖြစ်ပါဘူး။

လို့ရေးသားခဲ့ပါတယ်။

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com