Monday, October 4, 2010

“ အချိန်ဆိုတာ……”





အချိန်ဆိုတာ……

သင်ဟာ အချိန်ကို မဝယ်နိုင်ပါ။

သူတစ်ပါးထံမှ ချေးငှား၍မရပါ။

လုယက်တိုက်ခိုက်၍လည်းမရပါ။

ဆပွားတိုးအောင် ကြိုးစားအားထုတ်၍လည်း မရပါ။

ကိုယ်တိုင် ပြုလုပ်ဖန်းတီးယူ၍လည်း မရပါ။

ခြိုးခြံချွေတာ စုဆောင်း၍လည်း မရပါ။

လုပ်နိုင်တာ တစ်ခုတော့ ရှိပါတယ်။

အသုံးချနိုင်ပါတယ်။





“ဝက် နဲ့ နွား ဘာကွာခြားသလဲ?...”



ချမ်းသာသူတစ်ဦးက သူ့ရဲ့မိတ်ဆွေရှေ့မှာ ညည်းတယ်။

လူတွေက ကျနော်ကို မကြိုက်ကြဘူး။

ကျနော်ကို တစ်ကိုယ်ကောင်းဆန်တယ်။

ကပ်စေးနည်းတယ်လို့ပြောကြတယ်။

တကယ်တော့ ကျနော်ရဲ့ သေတမ်းစာထဲမှာ ကျနော်ပိုင်ဆိုင်တာတွေ အားလုံးကို

မိဘမဲ့ ဂေဟာကို လှူဒါန်းထားတာပါ

လို့ ပြောပြပါတယ်။


အဲဒီအခါ နားထောင်နေတဲ့ မိတ်ဆွေက ဝက် နဲ့ နွားပုံပြင်ကို ချမ်းသာသူအတွက် ပြောပြပါတယ်။

တစ်ခါတုန်းကပေါ့ဗျာ….ဝက် နဲ့ နွား နှစ်ကောင်ဟာ မိတ်ဆွေတွေဖြစ်ကြပါတယ်။

တစ်နေ့တော့ ဝက်ကနွားဆီလာပြီးညည်းပါတယ်။

အိုကိုနွားကြီး၊ လူတွေက ခင်ဗျားကောင်းကြောင်းပြောလိုက်ကြတာဗျာ။

ပြောလည်း ပြောသင့်ပါတယ်လေ။

ခင်ဗျားက သူတို့အတွက် နို့တွေ အမြဲပေးနေတာကိုး။

ဒါပေမယ့် သူတို့တွေ ကျနော်ဆီက ပိုတောင်ရကြပါတယ်ဗျာ

ကျနော်ရဲ့ အသားရော၊အဆီရော နံရိုးပါမကျန်ရကြပါတယ်။

ကျနော်ရဲ့ခြေ၊ လက်တွေနဲ့ အမြီးတောင် ချက်ပြုတ်စားကြပါသေးတယ်။

ဝက်သားတုတ်ထိုးဆိုပြီး ကျနော်ရဲ့တစ်ကိုယ်လုံးကို

အားရပါးရစားနေကြတာ ခင်ဗျားအမြင်ဘဲလေ။

ဒါပေမယ့် ဘယ်သူကမှ ကျနော်ကို ကောင်းတယ်လို့မပြောကြဘူး။

ကျနော့်ကို မကြိုက်ကြဘူး။

လူတွေအတွက် ကျနော်ဟာ ဘာမှ သုံးမရတဲ့ ဝက်တစ်ကောင်တဲ့ဗျာ

အဲဒီလို ဘာကြောင့် ဖြစ်နေတာလဲဟင်

လို့ဝက်က နွားကို ပြောပြပါတယ်။


နွားက စဉ်းစားပြီးပြန်ပြောတာက….


ဖြစ်နိုင်တာတစ်ခုတော့ရှိတယ်ဗျ။

ကျနော်က အသက်ရှင်နေတုန်းမှာ လူတွေကို အကျိုးပြုနေတာကိုး။

ခင်ဗျားကတော့ သေတော့မှ အကျိုးပြုတာကတော့…..... ကွာခြားနေတယ်ဗျ။

လို့ ပြန်ဖြေလိုက်ပါတယ်။

“ ငယ်သူငယ်ချင်း သို့အမှတ်တရ……”




ဒီမှာ …………သူငယ်ချင်း

မင်းနဲ့ငါ .……ငါနဲ့မင်း

အတင်းစကားတွေ….

အဖျင်းစကားတွေကြားမှာ

အငြင်းမပွားချင်ဘူး။


ဒီမှာ ………….သူငယ်ချင်း

မင်းနဲ့ငါ…..……ငါနဲ့မင်း

အချစ်ကြောင့်….

အပြစ်မြောက်ပေမဲ့

အချစ်အခင်နဲ့

အပြစ်မတင်ချင်ဘူး။


ဒီမှာ …………သူငယ်ချင်း

မင်းနဲ့ငါ….……ငါနဲ့မင်း

အမှန်တရား….စံထားပြီး

အကာတွေကြားမှာ

ဘဝကိုအနစ်မြှပ်မခံနိုင်ဘူး။


ဒီမှာ …………သူငယ်ချင်း

မင်းနဲ့ငါ……..…ငါနဲ့မင်း

ဘဝမှာ….အမှားမကင်းကြပေမဲ့

အကြိမ်ကြိမ်မမှားဖို့ သတိပြုရမယ်။


ဒီမှာ ………….သူငယ်ချင်း

မင်းနဲ့ငါ………ငါနဲ့မင်း

ရုပ်အဆင်းက….ဇရာခင်းပြီး

သေမင်းဘက်ကို တစ်ဝက်ကျော်ကျော်နင်းခဲ့ပြီ။


ဒီမှာ ………….သူငယ်ချင်းရေ….

မွေးလို့…………………..သေတာ၊

ဖြစ်လို့…………………..ပျက်တာ၊

နေထွက်လို့…………….နေဝင်တာ၊

အကြောင်းရှိလို့……....အကျိုးရှိတာ၊

တစ်ခါက………………..မင်းစကား၊

တို့တွေ နေမဝင်ခင် တိမ်တောက်ကြရအောင်လား။


စိမ်းထိုက်သူ... (မော်ကျွန်း)

22/02/2008 (7:30-P.M)


ကျနော့်မှာ ငယ်သူငယ်ချင်းများစွာ ရှိခဲ့ဖူးပါတယ်။

ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အခုချိန်မှာတော့များများစားစားမရှိတော့ပါ။

လက်ချိုးရေတွက်ကြည့်ရင် ရှားရှားပါးပါး နှစ်ယောက်သာကျန်ပါတော့တယ်။

တစ်ယောက်ကတော့ အမေရိကမှာရောက်နေပြီး

ကြီးပွားနေတဲ့ ငယ်သူငယ်ချင်းတစ်ယောက်ပေါ့။

ကျန်တစ်ယောက်ကတော့ ကဗျာဆရာ စိမ်းထိုက်သူ(မော်ကျွန်း) ဖြစ်ပါတယ်။

ငယ်ငယ်ကတည်းက ကဗျာတွေရေးပြီး ကျနော့်ကိုပေးဖတ်ခိုင်းတတ်တယ်။

မဂ္ဂဇင်းတိုက်ကို ပို့ပါလားလို့ အကြံပေးတိုင်းလည်း ငြင်းတတ်တယ်။

သူ့ကဗျာတွေကို လေးလေးစားစား သိမ်းထားတတ်တယ်။

အကြိမ်ကြိမ် တောင်းဆိုတော့မှ ယခုကဗျာတွေကို ထုတ်ပေးခဲ့ပါတယ်။

ဘာဘဲဖြစ်ဖြစ် ဖတ်ပြီး ခံစားပေးပါလို့ မေတ္တာရပ်ခံချင်ပါတယ်......။



Sunday, October 3, 2010

“ ပေးကမ်း စွန်ကြဲခြင်း...”




ခရစ်စတိုဖာ ချက်ပ်မင်းရဲ့ အုတ်ဂူကျောက်တုံးတွင်

ရေးသားထားတဲ့ စာသားများမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

ပေးသည့်အတိုင်း ရခဲ့ပါသည်။

အသုံးချခဲ့သည့်အတိုင်း ရှိခဲ့ပါသည်။

ရယူသိမ်းဆည်းခဲ့သည့်အတိုင်း
ဆုံးရှုံးခဲ့ရပါသည်။

“ပေးမှ အချစ်ဖြစ်လာတာပါ...”


အသံမမြည်က
ခေါင်းလောင်းမမြည်ပါ။


သီဆိုခြင်းမရှိပါက

သီချင်းမမြည်ပါ။


သင်ရဲ့ နှလုံးသားတွင်

ကိန်းအောင်းနေတဲ့ ချစ်ခြင်းမေတ္တာဟာ

အခြားလူများကို မပေးကမ်းသမျှ
ချစ်ခြင်းမေတ္တာ မမြည်ပါ။

Saturday, October 2, 2010

“ သုံးမှ တန်ဖိုးရှိတာပါ...”




တစ်ခါတုန်းက ဆပ်ပြာချက်သမားဖြစ်သူ ကိုလှဝင်း ဟာ ဘုန်းကြီးကျောင်းကို ကိုလာပြီး ဘုန်းတော်ကြီးကိုလျှောက်ထားပါတယ်။
“တပည့်တော် ဘာသာအယူအဆနဲ့နေလာခဲ့တာ နှစ်ပေါင်းများစွာ ကြာပါပြီ။
ဘာသာတရားရဲ့ ရည်မှန်းချက်က ငြိမ်းချမ်းမှု၊
တရားမျှတမှု၊ နှင့်
မေတ္တာ၊ဂရုဏာတရားများ
က လောကလူသားတွေအပေါ် စိုးမိုးအောင် လုပ်ပေးဖို့၊
လို့ ဆရာတော်ဘုရားများက ခဏခဏဟောပါတယ်။
ဒါပေမယ့် ဘာသာတရားက ပြောခဲ့တာတွေ တပည့်တော်မှာ ဘာတစ်ခုမှာ ဖြစ်မလာခဲ့ပါဘူး ”
လို့ ဘာသာတရားကို ဆန့်ကျင်ပြောဆိုပါတယ်။
ဆရာတော်က ဘာမှတော့ ပြန်မပြောပါ။
ဆရာတော်နဲ့အတူ လမ်းလျှောက်နိုင်မလားလို့ ဆရာတော်က မိန့်ပါတယ်။
ကိုလှဝင်းကလည်း ဆရာတော်နဲ့အတူ လမ်းလျှောက်ထွက်လာခဲ့ပါတယ်။
လမ်းလျှောက်နေကြစဉ် လမ်းပေါ်တွင် ကလေးတစ်စုကစားနေကြပါတယ်။
ဆရာတော်က “ညစ်ပတ်ပေကျံနေတဲ့ ကလေးတွေကို ကြည့်လိုက်ပြီး ဆပ်ပြာကတော့ ဘာမှ မထိရောက်ဘူးလို့ပြောရင် မှန်မလား ”လို့ မေးလိုက်ပါတယ်။
ဒီတော့ ဆပ်ပြာသည်က
“ဒီလိုပြောရင်တော့ မမှန်ပါဘူး။
ဘာကြောင့်ဆိုတော့ ဆပ်ပြာဆိုတာ မသုံးရင် ဘာမှ မထိရောက်ပါဘူး။
ထိရောက်မှုရှိချင်ရင် ဆပ်ပြာကို သုံးရပါတယ် အရှင်ဘုရား ”
လို့ ပြန်လျှောက်ထားလိုက်ပါတယ်။
ဒီတော့ ဆရာတော်ဘုရားက

“အင်း အဲဒီအတိုင်းပါပဲ။
ဘာသာတရားရဲ့အဆုံးအမဆိုတာလည်း အတူတူပါပဲ။
ဘာသာတရားရဲ့ အဆုံးအမတွေကို ဘဝမှာ လက်တွေ့ကျင့်သုံးမှသာ
ဘာသာတရားရဲ့ အနှစ်သာရ တန်ဖိုးဆိုတာဖြစ်လာတာပါ။
အသုံးမပြုသရွေ့ ဘာတန်ဖိုးမှ မဖြစ်ပေါ်နိုင်ပါဘူး။”
လို့ ရှင်းပြလိုက်ပါတယ်။

“ ကျောက်တုံးကြီးထဲက လင်ကွန်း..”




ပန်း
ပုဆရာကြီး ဂုဇွန်ဗော့ဂလန်ရဲ့ လက်ရာများအနက် ထင်ရှားတဲ့လက်ရာတစ်ခုမှာ
သမ္မတလင်ကွန်းရဲ့ ဦးခေါင်းပုံ ရုပ်ထုတစ်ခုဖြစ်ပါတယ်။
အဲဒီရုပ်ထုဟာ အခုအခါမှာတော့ ဝါရှင်တန်မှာရှိပါတယ်။
သူရဲ့ ပန်းပုထုတဲ့ အခန်းထဲမှာ ထုလုပ်ခဲ့ပါတယ်။
အလွန်ကြီးမားတဲ့ လေးထောင့်အရွယ် ကျောက်တုံးကြီးမှ ထုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။
အဲဒီ ရုပ်ထုကို ထုလုပ်နေစဉ် လင်ကွန်းရဲ့မျက်နှာမှာ သိသာထင်ရှားစပြုလာတဲ့အချိန်မှာတော့ ကလေးမလေးတစ်ဦးက သူရဲ့မိဘများနဲ့အတူ ပန်းပုထုတဲ့ နေရာကို လာကြည့်ကြပါတယ်။
တစ်ဝက်တစ်ပျက်ပုံဖော်ထားပြီးဖြစ်တဲ့ လင်ကွန်းရဲ့ မျက်နှာပုံကို သေသေချာချာကြည့်ပြီး
သူမရဲ့မျက်နှာတွင် အံ့အားသင့်မှုအပြည့် ဖြစ်နေပါတော့တယ်။
သူမက ရုပ်ထုကို သေသေချာချာ စိုက်ကြည့်ပြီး ပန်းပုဆရာကြီးဆီကို ပြေးသွားပါတယ်။
“ ဒါ သမ္မတကြီး လင်ကွန်းလား ”လို့ မေးပါတယ်။
“ဟုတ်ပါတယ်သမီးရယ် ”လို့ ပန်းပုဆရာကြီးက ပြန်ဖြေပါတယ်။

“ ဘဘကြီးက သမ္မတကြီး လင်ကွန်း
ဒီကျောက်တုံးကြီးထဲမှာ ရှိမှန်း ဘယ်လိုလုပ်သိတာလဲဟင်”

လို့
ကလေးမလေးက တအံ့တသြ ပြန်မေးလိုက်ပါတော့တယ်။ ။
လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com