တစ်ခါတုန်းက ဆပ်ပြာချက်သမားဖြစ်သူ ကိုလှဝင်း ဟာ ဘုန်းကြီးကျောင်းကို ကိုလာပြီး ဘုန်းတော်ကြီးကိုလျှောက်ထားပါတယ်။
“တပည့်တော် ဘာသာအယူအဆနဲ့နေလာခဲ့တာ နှစ်ပေါင်းများစွာ ကြာပါပြီ။
ဘာသာတရားရဲ့ ရည်မှန်းချက်က ငြိမ်းချမ်းမှု၊
တရားမျှတမှု၊ နှင့်
မေတ္တာ၊ဂရုဏာတရားများ
က လောကလူသားတွေအပေါ် စိုးမိုးအောင် လုပ်ပေးဖို့၊
လို့ ဆရာတော်ဘုရားများက ခဏခဏဟောပါတယ်။
ဒါပေမယ့် ဘာသာတရားက ပြောခဲ့တာတွေ တပည့်တော်မှာ ဘာတစ်ခုမှာ ဖြစ်မလာခဲ့ပါဘူး ”
လို့ ဘာသာတရားကို ဆန့်ကျင်ပြောဆိုပါတယ်။
ဆရာတော်က ဘာမှတော့ ပြန်မပြောပါ။
ဆရာတော်နဲ့အတူ လမ်းလျှောက်နိုင်မလားလို့ ဆရာတော်က မိန့်ပါတယ်။
ကိုလှဝင်းကလည်း ဆရာတော်နဲ့အတူ လမ်းလျှောက်ထွက်လာခဲ့ပါတယ်။
လမ်းလျှောက်နေကြစဉ် လမ်းပေါ်တွင် ကလေးတစ်စုကစားနေကြပါတယ်။
ဆရာတော်က “ညစ်ပတ်ပေကျံနေတဲ့ ကလေးတွေကို ကြည့်လိုက်ပြီး ဆပ်ပြာကတော့ ဘာမှ မထိရောက်ဘူးလို့ပြောရင် မှန်မလား ”လို့ မေးလိုက်ပါတယ်။
ဒီတော့ ဆပ်ပြာသည်က
“ဒီလိုပြောရင်တော့ မမှန်ပါဘူး။
ဘာကြောင့်ဆိုတော့ ဆပ်ပြာဆိုတာ မသုံးရင် ဘာမှ မထိရောက်ပါဘူး။
ထိရောက်မှုရှိချင်ရင် ဆပ်ပြာကို သုံးရပါတယ် အရှင်ဘုရား ”
လို့ ပြန်လျှောက်ထားလိုက်ပါတယ်။
ဒီတော့ ဆရာတော်ဘုရားက
“အင်း အဲဒီအတိုင်းပါပဲ။
ဘာသာတရားရဲ့အဆုံးအမဆိုတာလည်း အတူတူပါပဲ။
ဘာသာတရားရဲ့ အဆုံးအမတွေကို ဘဝမှာ လက်တွေ့ကျင့်သုံးမှသာ
ဘာသာတရားရဲ့ အနှစ်သာရ တန်ဖိုးဆိုတာဖြစ်လာတာပါ။
အသုံးမပြုသရွေ့ ဘာတန်ဖိုးမှ မဖြစ်ပေါ်နိုင်ပါဘူး။”
လို့ ရှင်းပြလိုက်ပါတယ်။
No comments:
Post a Comment