Saturday, October 2, 2010

“ အတင်းအဖျင်းစကားဆိုတာ….”



တစ်ခါတုန်းက ပညာရှိ ဆိုကရေးတီးဆီကို လူတစ်ယောက်အပြေးရောက်လာပြီး…

“ဆရာကြီး ဆိုကရေးတီး၊ ခင်ဗျာမိတ်ဆွေအကြောင်းနဲ့ပတ်သက်ပြီး သတင်းကြားပြီးပြီလား”

လို့တီးတိုးလာပြောပါတယ်။

“ခဏနေပါဦး၊ ခင်ဗျာပြောမယ့် စကားကို ဆန်ခါသုံးထပ်ချပြီးပြီလား”

လို့ ဆိုကရေးတီးကမြန်မြန်မေးလိုက်ပါတယ်။

“ဘာဆန်ခါသုံးထပ်လဲ..ခင်ဗျာ”

လို့ တီးတိုးလာပြောသူကပြန်မေးပါတယ်။

“ဟုတ်ပါတယ်မိတ်ဆွေ၊ ဆန်ခါသုံးထပ်ပါ။

ခင်ဗျားက ကျနော့်ကို ပြောပြချင်တဲ့စကားဟာ

အဲဒီဆန်ခါသုံးထပ်ကို ဖြတ်ကျော်ပြီးပြီလားဆိုတာ ကြည့်ရအောင်”

လို့ ဆိုကရေးတီးက ဆက်ရှင်းပြပါတယ်။

“ပထမ…..ဆန်ခါကတော့ အမှန်ဟုတ်၊မဟုတ်စစ်တဲ့ ဆန်ခါဖြစ်ပါတယ်။

ခင်ဗျားပြောမယ့်စကားဟာ အမှန်ဟုတ်၊ မဟုတ်၊ သေသေချာချာသိရဲ့လားလို့စစ်ကြည့်ဖို့လိုပါတယ်။”

“ဟုတ်ကဲ့၊ ကျနော်ကြားခဲ့တာက တစ်ဆင့်ခံကြားတာပါ” လို့

တီးတိုးလာပြောသူက ထစ်ထစ်ငေါ့ငေါ့ ပြန်ဖြေပါတယ်။

“ဟုတ်ပြီ။ ခင်ဗျားပြောမယ့်စကားဟာ ဒုတိယဆန်ခါနဲ့စစ်ရင် ရ,မရဆက်ကြည့်ရအောင်၊

ခင်ဗျားပြောမယ့်စကားဟာ အကြင်နာ၊ မေတ္တာနဲ့ယှဉ်ပြီးပြောမယ့်စကားဟုတ်ရဲ့လား ”

လို့ ဆိုကရေးတီးက

ဒုတိယစကားအကြောင်း ပြောပြပါတယ်။

“အဲဒါတော့ မဟုတ်ပါဘူး။

တကယ်အမှန်ပြောရရင်တော့ အကြင်နာ၊ မေတ္တာနဲ့ဆန့်ကျင်နေပါသေးတယ်”

လို့ တီးတိုးလာပြောသူက ဝန်ခံပါတယ်။

“အကြင်နာ၊မေတ္တာနဲ့မယှဉ်တဲ့စကားဆိုရင်ပြောဖို့လိုသေးလား”

လို့ ဆိုကရေးတီးက ဆက်မေးပါတယ်။

“မလိုတော့ပါဘူးခင်ဗျား”လို့ တီးတိုးလာပြောသူက ဝန်ခံပါတော့တယ်။

အဲဒီအခါ ပညာရှိ ဆိုကရေးတီးက “ခင်ဗျား၊ ကျနော်ကို လာပြောမယ့်စကားဟာ

မှန်ကန်ခြင်းလည်းမရှိဘူး။

အကြင်နာ၊မေတ္တာကိုလည်း ရှေ့ထားပြောတဲ့စကားလည်းမဟုတ်ဘူး၊

ပြောဖို့လိုအပ်ခြင်းလည်း မရှိဘူးဆိုရင် မပြောပါနဲ့တော့ဗျာ”

လို့ ပညာရှိ ဆိုကရေးတီးက တီးတိုးလာပြောသူအား ပိတ်ပင်လိုက်ပါတော့တယ်။


“ကျနော်တို့လည်း ဒီဆန်ခါသုံးထပ်နဲ့စစ်ပြီးမှ ပြောမယ်ဆိုရင်

ပြောဆိုရမယ့် အတင်းအဖျင်းစကားဆိုတာ နည်းသထက်နည်းသွားဖို့သာရှိပါတယ်၊

နောက်ဆုံး အတင်းအဖျင်းပြောစရာကိုမရှိအောင်ဖြစ်လာပါမယ်။

ဒါဆိုရင် အကျိုးရှိတဲ့အလုပ်လုပ်ဖို့ အချိန်များများထွက်လာပါလိမ့်မယ်။

အကျိုးရှိတဲ့အလုပ်ကို များများလုပ်သူသာ အဖိုးတန်သူဖြစ်နိုင်ကြောင်းပါခင်ဗျား”

လို့ပြောချင်ပါတယ်။

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com