တစ်ခါတုန်းက
မွန်ပြည်နယ်က တောရွာတစ်ရွာမှာ
ကောက်ရိတ်သိမ်းပွဲ ကျင်းပဖြစ်ပါတယ်။
သြဇာအာဏာကြီးမားတဲ့ သူကြီးက
ရွာသားအားလုံးကို ခေါ်ပြီး အမိန့်ထုတ်လိုက်ပါတယ်။
“ ကောက်ရိတ်သိမ်းပွဲကို ရွာသားတိုင်းတက်ရောက်ရမယ်။
တက်ရောက်လာသူတိုင်း
ထန်းရည် တစ်ကျည်တောက်စီ ယူလာရမယ်။ ”
ကောက်ရိတ်သိမ်းပွဲ ကျင်းပတဲ့နေ့ရောက်လာတော့
ယူလာတဲ့ ထန်းရည်ကို
ရွာလယ်က ရာဝင်အိုးထဲကို ထည့်ကြတယ်။
ပြီးမှ
ရွာသားများ ပျော်ပွဲရွှင်ပွဲအဖြစ်
ထန်းရည်ကို ဝိုင်း သောက်ကြဖို့စီစဉ်ထားကြတယ်။
တကယ်တန်း ထန်းရည်ကိုသောက်ကြတဲ့အခါ
ထန်းရည်မဟုတ်ပဲ
ရေတွေဖြစ်နေတာကို သိရပါတော့တယ်။
ရေတွေဖြစ်နေတာကို သိရပါတော့တယ်။
ရွာသားတိုင်းက ကျည်တောက်ထဲကို
ထန်းရည်အစား ရေတွေကိုသာ ယူလာကြတယ်။
ဒီလောက်ကြီးမားတဲ့ ရာဝင်အိုးထဲကို
ရေတစ်ကျည်တောက်ကိုထည့်လိုက်ရုံနဲ့တော့
ဘာမှ မဖြစ်လောက်ဘူးလို့
ရွာသားတွေကထင်ပြီး ထန်းရည်အစား ရေကိုယူလာခြင်းဖြစ်တယ်။
ဒါပေမယ့် ရွာသားတွေ အားလုံးက ယူဆပုံခြင်းတူသွားတဲ့အခါမှာတော့
ဆိတ်ကွယ်ရာမှာ မကောင်းမှုကို လုပ်လိုက်လို့
ဘယ်သူမှ မသိပါဘူးလို့တွေးတတ်ကြတယ်။
ဒီအဖြစ်အပျက်ဟာ သိနိုင်တယ်ဆိုတာကို
ညွှန်းပြနေပါတယ်။
မကောင်းမှုကို မသိစေချင်ရင်
လုပ်နိုင်တဲ့နည်းကတော့ တစ်နည်းသာ ရှိပါတယ်။
အဲဒါကတော့ မကောင်းမှုကို မလုပ်တဲ့နည်းပါပဲ။
+++++++++++++++++++++++++++++++
အမှားဟာ အမှားပါပဲ။
အမှားတွေစုပေါင်းလိုက်လို့ အမှန်ဖြစ်မလာနိုင်ပါဘူး။
လူတိုင်းဟာ အမှားတွေ လုပ်လိုက်လို့
အမှန်တရား မဖြစ်ခဲ့ပါဘူး။
ကျနော်တို့တွေ မတိုးတက်ခဲ့တာလည်း
အမှားသံသရာမှာ လည်ခဲ့တယ် ဆိုတာ
သမိုင်းက သင်ခန်းစာ ယူနိုင်ပါတယ်။
ဘယ်သူမှ မသိပါဘူးလို့တွေးတတ်ကြတယ်။
ဒီအဖြစ်အပျက်ဟာ သိနိုင်တယ်ဆိုတာကို
ညွှန်းပြနေပါတယ်။
မကောင်းမှုကို မသိစေချင်ရင်
လုပ်နိုင်တဲ့နည်းကတော့ တစ်နည်းသာ ရှိပါတယ်။
အဲဒါကတော့ မကောင်းမှုကို မလုပ်တဲ့နည်းပါပဲ။
+++++++++++++++++++++++++++++++
အမှားဟာ အမှားပါပဲ။
အမှားတွေစုပေါင်းလိုက်လို့ အမှန်ဖြစ်မလာနိုင်ပါဘူး။
လူတိုင်းဟာ အမှားတွေ လုပ်လိုက်လို့
အမှန်တရား မဖြစ်ခဲ့ပါဘူး။
ကျနော်တို့တွေ မတိုးတက်ခဲ့တာလည်း
အမှားသံသရာမှာ လည်ခဲ့တယ် ဆိုတာ
သမိုင်းက သင်ခန်းစာ ယူနိုင်ပါတယ်။
No comments:
Post a Comment