တစ်ခါတုန်းက
ပညာရှိကြီးတစ်ယောက်ဟာ မီးရထားနဲ့ခရီးသွားပါတယ်။
အဲဒီပညာရှိရဲ့အနားမှာ
လူငယ်တစ်ယောက်ဟာ ငေးငေးမှိုင်မှိုင်နဲ့ထိုင်ပြီး
ရထားရဲ့ပြူတင်ပေါက်ကနေ
အပြင်ကို ငေးနေပါတယ်။
ဒီတော့ ပညာရှိကြီးဟာ
လူငယ်ကို မေးလိုက်ပါတယ်။
“ဘယ်ကို သွားမလို့လဲ”
ပေါ့။
လူငယ်က ပြန်ဖြေပါတယ်။
“ မြို့တက်ပြီး
အလုပ်သွားလုပ်မလို့ပါ”
“ဒီလိုဆို
တောမှာ အလုပ်မရှိလို့လား” လို့ ပညာရှိက မေးလိုက်ပါတယ်။
“ ရှိတော့
ရှိပါတယ်။ ဒါပေမယ့် ကျနော်က လယ်ဧက ငါးဧကလောက်လိုချင်လို့ပါ။
အဲဒီစိတ်ကူးကို အကောင်အထည်ဖော်ဖို့
မြို့တက်ပြီး ငွေသွားရှာမလို့ပါ”
လို့ပြန်ပြောလိုက်ပါတယ်။
ဒီတော့ ပညာရှိကြီးကပြန်ပြောလိုက်တာက
“လူကလေးရယ်။
စိတ်ကူးဆိုတာ ငွေပေးရတာမှတ်လို့၊
ဘာကြောင့်
လယ်ဧက ငါးဧကလောက် စိတ်ကူးရသလဲ
ကူးမှကူးလည်း
လယ်ဧက ငါးရာကို
ငါတစ်နေ့ပိုင်ဆိုင်ရမယ်ဆိုတဲ့စိတ်ကူးမျိုး
ကူးပါတော့လားကွယ်”တဲ့။
+++++++++++++++++++++++++++
အဲဒီပညာရှိကြီးဟာ လူပေါင်းသန်း၂၀၀ကျော်ရဲ့ဘဝတွေကို
ကျွန်ဘဝက လွတ်မြောက်အောင် စွမ်းဆောင်ပေးခဲ့တဲ့
မဟတ္တမ ဂန္ဒီ ဖြစ်ပါတယ်။
ဂန္ဒီပြောလိုတာက
စိတ်ကူးယဉ် ရည်မှန်းချက်ကို ကြီးကြီးမားမား ထားဖို့ပါ။
စိတ်ကူးယဉ် ရည်မှန်းချက်ကို ကြီးကြီးထားပြီး
မေတ္တာအခြေခံနဲ့အလုပ်ကို ကြိုးစားလုပ်ဖို့
သူ့ဘဝတစ်လျှောက်လုံး သက်သေပြသွားခဲ့ပါတယ်။
လူကြီးမင်းကိုလည်း လယ်ကွင်းတွေ တွေ့လေတိုင်း
ဂန္ဒီ ပြောခဲ့တဲ့စကားကို အမှတ်ရနေစေချင်ပါတယ်။
No comments:
Post a Comment