တစ်ခါတုန်းက
ကျနော်ဟာ ဖါးကန့်မှော်ထဲတွင် နှစ်ပေါင်းများစွာ
အလုပ်လုပ်ခဲ့ဖူးပါတယ်။ ဆရာဝန်အလုပ်ရော၊ လောပန်းအလုပ်ရော
နှစ်ခုစလုံးကို တပြိုင်နက်ထည်း လုပ်ခဲ့ခြင်းဖြစ်ပါတယ်။
အဲဒီထဲမှာ လောပန်းကြီးဖြစ်နေတဲ့တရုပ်တစ်ယောက်နဲ့သိကျွမ်းခဲ့ပါတယ်။
သူက ဆေးခန်းကို မကြာခဏလာပြရပါတယ်။
ခင်မင်လာတော့ သူ့အကြောင်းကို ပြောပြပါတယ်။
သူပြောတဲ့စကားတွေကတော့...
"ငယ်ငယ်တုန်းက ဆင်းရဲလွန်းလို့ ဘာမှမစားနိုင်ခဲ့ဖူး။
အငတ်ငတ် အပြတ်ပြတ် နေခဲ့ရတယ်။
ဒါနဲ့ပဲ မှော်ထဲကို စွန့်စားပြီးထွက်လာတယ်။
ရောက်ရောက်ချင်းတော့ ကျင်းသားလုပ်ရတယ်။
ကျင်းသားကနေ ကြိုးစားတဲ့အတွက် လောပန်းဖြစ်လာတယ်။
အခု အရမ်းချမ်းသာလာပြန်တော့နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ ဖြစ်လို့ဆိုပြီး
အငန်မစားရဘူး။အချိုမစားရဘူး။အဆီအဆိပ်မစားရဘူးဆိုပြီး
ဆရာဝန်တွေက တားမြစ်ပြန်တော့ ဘာမှမစားရပြန်ဘူး။
အကျိုးပေးမကောင်းပါဘူးဆရာရယ်"တဲ့။
No comments:
Post a Comment