တစ်ခါတုန်းက
တာချီလိတ်မြို့၊ဆန်ဆိုင်းရပ်ကွက်မှာနေကြတဲ့သားအမိ၊သားအဖသုံးဦးရှိကြပါတယ်။
တစ်နေ့တော့ နံနက်စာအဖြစ် ယိုဒယားဆန်ပြုတ်ကို သားငယ်ထွန်းဦးနဲ့
ယောက်ျားဖြစ်သူကိုအေးရွှေတို့ကို
မိန်းမဖြစ်သူမနန်းဖေါင်းကထည့်ကျွေးပါတယ်။
သားငယ်ထွန်းဦးက ဆန်ပြုတ်ကိုမကြိုက်ပါ။
ဒါကြောင့်မစားချင်ဘူးဆိုကာ အင်တင်တင်လုပ်နေပါတယ်။
ကျောင်းတက်ချိန်နီးနေသောကြောင့် အမေလုပ်သူမနန်းဖောင်းက စိတ်တိုလာပါတယ်။
ဒါကြောင့် ဇွန်းနဲ့သားလုပ်သူရဲ့နဖူးကိုခေါက်လိုက်ပါတယ်။
အဖေလုပ်သူကိုအေးရွှေက
“ ဟဲ့ ကလေးကို ဘာဖြစ်လို့ ဒီလိုလုပ်ရတာလဲ”
လို့မိန်းမဖြစ်သူမနန်းဖောင်းကိုမာန်မဲပြောဆိုကာ သားဖြစ်သူကိုချော့ပါတယ်။
ပြီးတော့ သားရဲ့နားနားကပ်ပြီးလည်းတိုးတိုးပြောလိုက်ပါတယ်။
သားငယ်က အဖေ့ရဲ့စကားကိုကြားတာနဲ့ဆန်ပြုတ်ကို
ခဏအတွင်းကုန်အောင် သောက်လိုက်ပါတယ်။
အဲဒီနောက် ကျောင်းလွယ်အိတ်ကိုယူပြီးကျောင်းဖက်ကို ပျော်ပျော်ရွှင်ရွှင်ထွက်သွားပါတယ်။
လင်မယားနှစ်ယောက်ထဲကျန်တဲ့အခါ မိန်းမဖြစ်သူမနန်းဖောင်းက ကိုအေးရွှေကိုမေးပါတယ်။
“ ရှင် ကလေးကို ဘာပြောလိုက်သလဲ၊
ဆန်ပြုတ်မကြိုက်တဲ့ကလေး ချက်ချင်းသောက်ပစ်လိုက်ပါလား၊အံသြစရာပဲ”
ကိုအေးရွှေက...
“ အော် သားဆန်ပြုတ်မသောက်ရင်
သားရဲ့ဖွားဖက်တော်လေးဟာ ဘယ်တော့မှ ကြီးလာမှာ မဟုတ်ဘူးလို့”
ပြောလိုက်ပါတယ်။
မနန်းဖောင်းက တော်တော်ကြာအောင်တွေဝေသွားပါတယ်။
အဲဒီနောက် ရုတ်တရက်ဆိုသလို ကိုအေးရွှေရဲ့နဖူးကို ဇွန်းနဲ့ခေါက်လိုက်ပါတယ်။
ကိုအေးရွှေက...
“ ဟဲ့…မိန်းမ ဘာဖြစ်လို့ ငါ့နဖူးကို ခေါက်ရတာလဲ”လို့မေးလိုက်ပါတယ်။
ဒီတော့ မနန်းဖောင်းပြန်ပြောလိုက်တာက…
“ ရှင် ငယ်ငယ်တုန်းက ဆန်ပြုတ်မှန်မှန်မသောက်ခဲ့လို့”
တဲ့။
++++++++++++++++++
ခက်ဆစ်အဓိပ္ပာယ်....ဖွားဖက်တော်=ရွှေပန်း=ငယ်ပါ
No comments:
Post a Comment