ကျနော်မြန်မာနိုင်ငံမှာနေစဉ်တုန်းက အမေရိကန်ဒေါ်လာကိုကိုင်ပြီးမသုံးဖူးပါ။
ကျနော့်အလုပ်နဲ့အမေရိကန်ဒေါ်လာကလည်း မပတ်သက်ပါ။
ဒါကြောင့်မနီးစပ်ခဲ့ပါ။
သူငယ်ချင်းမိတ်ဆွေတွေက အစိမ်းဆိုတဲ့အမေရိကန်ဒေါ်လာ
အကြောင်းပြောရင်လည်း ကျနော်စိတ်ဝင်စားခြင်းမရှိခဲ့ပါ။
ဒါ့အပြင် အမေရိကန်ဒေါ်လာကို တရားမဝင်ငွေကြေးအဖြစ်
သတ်မှတ်ထားတဲ့အတွက် တရားဝင်ကိုင်ဆောင်ခြင်းမရှိကြပါ။
ကိုင်ဆောင်သူတွေကလည်း ခိုးချောင်ခိုးဝှက်ကိုင်ဆောင်နေတာကိုသိတော့
ခိုးချောင်ခိုးဝှက်မလုပ်ချင်တာနဲ့အမေရိကန်ဒေါ်လာနဲ့မနီးစပ်တော့ပါ။
ဒါကြောင့် သေသေချာချာပင် မမြင်ဖူးခဲ့တဲ့ဒေါ်လာတွေများစွာရှိနေပါတယ်။
မြန်မာပြည်ကထွက်လာခါနီးတွင် အမေရိကန်ဒေါ်လာကိစ္စကို
အမျိုးသမီးက အားလုံးတာဝန်ယူဆောင်ရွက်နေတဲ့အတွက်
ဖါသိဖါသာနေခဲ့မိပြန်ပါတယ်။
အမေရိကန်ရောက်တော့ဖါသိဖါသာနေလို့မရတော့ပါ။
တကယ်လို့မှားခဲ့ရင် ကိုယ့်သာဆုံးရှုံးမှာမို့
အမေရိကန်ဒေါ်လာကို မှတ်မိအောင်လုပ်ရတော့တယ်။
အမေရိကန်ဒေါ်လာကလည်းအရွယ်အစားတူညီတာများလှတယ်။
ဒီမှာက ပြားစေ့ကအစ တန်ဖိုးရှိနေတယ်။
သုံးလို့ရနေတယ်။
တစ်ပြားလည်းသူ့တန်ဖိုးနဲ့သူရှိသလို
တစ်ဒေါ်လာလည်းသူ့တန်ဖိုးနဲ့သူရှိနေတာမို့
အမေရိကန်ဒေါ်လာကိုတန်ဖိုးထားကြပါတယ်။
အမေရိကန်ကိုအကြောင်းအမျိုးမျိုးကြောင့် မုန်းသူများပင်
အမေရိကန်ဒေါ်လာများကိုတော့ အကြောင်းအမျိုးမျိုးကြောင့် ချစ်ကြပါတယ်။
++++++++++++++++++
မြန်မာနိုင်ငံလို ခြင်းတောင်းနဲ့အပြည့်မြန်မာကျပ်ငွေယူသွားမှ
ခြင်းတောင်းနဲ့အပြည့်စားကုန်တွေရတာမျိုးမဟုတ်ပါ။
ဒီမှာ ဈေးသွားဝယ်ရင် ဒေါ်လာတစ်ရာဆိုရင် တွန်းလှည်းနဲ့
အပြည့် စားကုန်တွေရနိုင်တယ်။
လင်မယားနှစ်ယောက်ထဲဆိုရင် တစ်လမက စားနိုင်တယ်။
++++++++++++++++++
ကျနော်လိုမျိုး ဒေါ်လာငွေကြေးကို အမေရိကန်ရောက်မှမြင်းဖူး၊ကိုင်ဖူး၊သုံးဖူးသူ
မဖြစ်ရလေအောင် ကျနော် စိတ်ဝင်တစားကြိုးစားရှာဖွေ
စုဆောင်းတင်ပြလိုက်ခြင်းဖြစ်ပါတယ်။
ဒီမှာနေတာတောင် ကျနော်မမြင်ဖူးသေးတဲ့ဒေါ်လာငွေကြေးတွေ
အများကြီးရှိပါသေးတယ်။
အသုံးများတဲ့ဒေါ်လာငွေကြေးကိုသာ
မြင်ဖူး၊ကိုင်ဖူး၊သုံးဖူးကြောင်းပါခင်ဗျာ။

သူတို့ဒေါ်လာငွေကြေးရဲ့အဓိက မျက်နှာစာမှာ
သူတို့တိုင်းပြည်နဲ့လူမျိုးအတွက်
တန်ဖိုးထားလေးစားဖွယ်ကောင်းတဲ့အာဇာနည်ပုဂ္ဂိုလ်တွေနဲ့
ခေါင်းဆောင်ကောင်း၊ခေါင်းဆောင်မြတ်တွေရဲ့
ရုပ်ပုံတွေထည့်သွင်းဖော်ပြထားတာကို
သတိထားမိပါတယ်။
ဒေါ်လာအခေါ်အဝေါ်တွေကလည်းအမျိုးမျိုးရှိပါတယ်။
$
ဖြစ်ပါတယ်။

U.S. dollar
USD
Greenback
Buck
Dollar bill
တို့ဖြစ်ကြပါတယ်။
ဒေါ်လာရဲ့သင်္ကေတမှာ
$
ဖြစ်ပါတယ်။++++++++++++++++++
ငွေအကြွေစေ့များ...

အသုံးများတဲ့ဒေါ်လာအကြွေစေ့များဖြစ်ပါတယ်။
++++++++++++++++++
ငွေစက္ကူများ...
++++++++++++++++++
ငွေစက္ကူများ...

တစ်ဒေါ်လာတန်ငွေစက္ကူ...

နှစ်ဒေါ်လာတန်ငွေစက္ကူ...

ငါးဒေါ်လာတန်ငွေစက္ကူ...

ဒေါ်လာနှစ်ဆယ်တန်ငွေစက္ကူ...
ဒေါ်လာငါးဆယ်တန်ငွေစက္ကူ...

ဒေါ်လာတစ်ရာတန်ငွေစက္ကူ...

ဒေါ်လာငါးရာတန်ငွေစက္ကူ...

No comments:
Post a Comment