တစ်ခါတုန်းကပေါ့။
ကော့သောင်းမြို့က မြို့နယ်ဆရာဝန်ကြီးဦးသန်းအေးဟာ
အလွန်အလုပ်များတဲ့ဆရာဝန်ကြီးဖြစ်တယ်။
မြို့နယ်ရဲ့အုပ်ချုပ်ရေးတာဝန်ကိုယူရသလို
ဆေးကုသမှုလုပ်ငန်းကိုလည်းလုပ်ရပါတယ်။
မြို့နယ်အုပ်ချုပ်ရေးကလည်းအလွန်ဖိစီးမှုများတဲ့အလုပ်ဖြစ်ပါတယ်။
တစ်နေ့တော့ ဆရာဝန်ကြီးဟာ နားကြတ်ကို နားပေါက်မှာတပ်ဆင်ခြင်းမရှိဘဲနဲ့
လည်ပင်းတွင် ညှပ်ထားပြီး လူနာကို စမ်းသပ်နေတာကို
နောက်က သူနာပြုတွေက ပြုံးစိစိလုပ်နေကြပါတယ်။
ဆရာဝန်ကြီးကိုသတိပေးသူမရှိပါ။ သတိမပေးရဲကြပါ။
ပြီးတော့ လူနာကို သေချာအောင်ဆိုပြီးတတွတ်တွတ်မှာနေပါတယ်။
“အခု ဆရာရေးပေးလိုက်တဲ့ဆေးကို ခေါင်းမကိုက်မီ ၁၅-မိနစ်အလိုမှ သောက်နော်” တဲ့။
“ဆရာ ကျနော်ခေါင်းကိုက်တာက ပုံမှန်မဟုတ်ဘူးဆရာ၊
ခေါင်းမကိုက်မီ ကိုကျနော်ဘယ်လိုလုပ်သိရမလဲ” လို့လူနာကမေးတော့
ဆရာဝန်ကြီးက “ဆရာပြောတဲ့အတိုင်းသာ လုပ်စမ်းပါ” တဲ့။
နောက်လူနာတစ်ယောက်ကိုစမ်းသပ်တော့
ဆရာဝန်ကြီးက “ခင်ဗျားရဲ့သွေးခုန်နှုန်းက မှန်သားပဲ”
လူနာက
“ဆရာ ကျနော့်ရဲ့ဘယ်လက်ကို ကိုင်ပါ။
ညာဖက်လက်က အတုကြီးပါ” တဲ့။
1 comment:
ဖြစ်မှဖြစ်ရလေရှင်
Post a Comment