ဥာဏ်ကြီးရှင် အမေးအဖြေဂဏ္ဍ…
++++++++++++++++++
အမေး။ ။ “မိန်းမနဲ့ယောကျာ်း ဘာခြားနားသလဲ”?
အဖြေ။ ။
“မိန်းမတစ်ယောက် လိုချင်တာအများကြီး၊
ဒါပေမယ့် ယောက်ျားတစ်ယောက်တည်းဆီက။
ယောက်ျားကတော့ တစ်ခုပဲလိုချင်တယ်။
ဒါပေမယ့် မိန်းမအများကြီးဆီက”
++++++++++++++++++
အမေး။ ။"မှို့တစ်ပိဿာ နဲ့ ခဲတစ်ပိဿာ ဘာကွာခြားပါသလဲ?"
အဖြေ။ ။အဲဒီမှို့တစ်ပိဿာနဲ့ခဲတစ်ပိဿာကို တစ်ခါစီ အပေါ်ကိုမြှောက်လိုက်ပါ။
ပြီးတော့ ကိုယ့်ခေါင်းကိုထိုးခံလိုက်ပါ။
ကွာခြားတာကို သိလာပါလိမ့်မယ်။
++++++++++++++++++
အမေး။ ။"အရင်းရှင်စံနစ်နဲ့ ဆိုရှယ်လစ်စံနစ် ဘာခြားနားသလဲ?"
အဖြေ။ ။“အရင်းရှင်စံနစ်မှာ လူက လူကိုခေါင်းပုံဖြတ်တယ်။
ဆိုရှယ်လစ်စံနစ်မှာတော့ ပြောင်းပြန်”
+++++++++++++++
အမေး။ ။"ဆေးရုံနဲ့ထောင် ဘာကွာခြားသလဲ"
အဖြေ။ ။"ဘာမှမကွာဘူး။
ဒါပေမယ့် ထောင်မှာ ကိုယ်နေရမယ့်သက်တမ်းကိုသိတယ်"
No comments:
Post a Comment