ပညာရှိတွေနဲ့ တိုင်ပင်ပါ။
စာကောင်းပေကောင်းတွေကို ဖတ်ပါ။
ဒါပေမယ့် နောက်ဆုံး ဆုံးဖြတ်ချက်ချတဲ့အချိန်မှာ
ကိုယ့်ကိုယ်ပိုင်ဆုံးဖြတ်ပဲ ဖြစ်ရမယ်။
++++++++++++++++++
အမြင့်မြတ်ဆုံးလမ်းခရီးကို
သွားချင်တဲ့လူဟာ အဖော်ကို
သိပ်ခင်လို့မဖြစ်ဘူး။
++++++++++++++++++
လူရဲ့ဂုဏ်သိက္ခာနဲ့တန်ဖိုးကို
ပိုပြီးတော့ မြင့်လာအောင်လုပ်ပေးတယ်ဆိုရင်
အဲဒီဘာသာတရားဟာ အကျိုးပြုတဲ့ဘာသာ
တရားဖြစ်တယ်။
++++++++++++++++++
“ ဒီကိစ္စအတွက် အသက်ရှင်နေတာ၊
ဒီကိစ္စအတွက် သေရမယ်ဆိုရင်တောင်
အသေခံလိုက်မယ်လို့ပြောလို့ရတဲ့
မြင့်မြတ်တဲ့တန်ဖိုးထားစရာ
Values တွေဟာ ရှိနေတယ် ”လို့
ကိုယ့်ဉာဏ်ပညာနဲ့ကိုယ်သေသေချာချာမြင်တဲ့အချိန်မှာ
အဲဒီလူဟာသူ့ဘာသာတရားကို သူတွေ့သွားပြီ။
++++++++++++++++++
ဘယ်လောက်ပဲ ရိုးတဲ့အမှန်တရားဖြစ်ပလေ့စေ
ကိုယ်ကိုယ်ပိုင်ဉာဏ်နဲ့သိလိုက်ရတဲ့အခါမှာ
အင်မတန်အားရတယ်။
အင်မတန်ကျေနပ်တယ်။
အင်မတန်လည်း အံ့သြတယ်။
++++++++++++++++++
တစ်နေ့ထက်တစ်နေ့
အသိဉာဏ်တွေပိုရင့်ကျက်လာတဲ့အခါမှာ
တစ်နေ့ထက်တစ်နေ့ ပိုကောင်းတာတွေ
ရွေးချယ်ပြီးလုပ်သွားရမှာပဲ။
++++++++++++++++++
ကိုယ်ပိုင်ဦးတည်ချက်ရှိလာအောင်လုပ်ရမယ်။
ရှိလာအောင်လုပ်နည်းက
ကိုယ့်စိတ်ကို ကိုယ်သိတာပဲ။
++++++++++++++++++
ငါ့ ဆုံးဖြတ်ချက်နဲ့ငါလုပ်တာ၊
မှားသွားရင် ငါ့မှာပဲ တာဝန်ရှိတယ်။
++++++++++++++++++
လူ့ဘဝမှာ နေခဲ့ရတာ
ဘာထူးခဲ့သလဲလို့
သေခါနီးမှာ မေးကြည့်ရရင်ကောင်းမယ်။
++++++++++++++++++
မနက်ဖန် ငါဒီထက်ပိုကောင်းတာတစ်ခု
ကိုသိလာရင် ပိုကောင်းတာကို
စိတ်ပါလက်ပါလုပ်မှာပဲ။
တစ်နေ့ထက်တစ်နေ့အသိဉာဏ်တွေ ပိုရင့်ကျက်
လာတဲ့အခါမှာ တစ်နေ့ထက်တစ်နေ့
ပိုကောင်းတာတွေ ရွေးချယ်လုပ်သွားရမှာပဲ။
ဘာကို ရွေးချယ်ရွေးချယ်၊
အဲဒါကို ဘဝပေးပြီးလုပ်ဖို့
အသက်ပေးပြီးလုပ်ဖို့၊
အသဲနှလုံးပေးပြီးလုပ်ဖို့လိုတယ်။
++++++++++++++++++
ကိုယ်လုပ်တဲ့အလုပ်က
ကိုယ့်ရဲ့အကောင်းဆုံးစိတ်ထားနဲ့
ကိုယ့်ရဲ့အကောင်းဆုံးအရည်အချင်းကို
ဖော်ပြနေတာ ဖြစ်ရမယ်။
++++++++++++++++++
(ဆရာတော်ဦးဇောတိက)
No comments:
Post a Comment