တစ်ခါတုန်းက
တာချီလိတ်မြို့၊တာလော့ဈေးထဲတွင်
အရက်မူးပြီးတောင်းနေသောမြန်မာအမျိုးသားတစ်ဦးကိုတွေ့ရတယ်။
ကိုယ်လက်အင်္ဂါအစုံအလင်နဲ့ဖြစ်တယ်။
တာလော့ဈေးဟာ ထိုင်းလူမျိုးနဲ့နိုင်ငံခြားသားများအဓိကလာဝယ်တဲ့ဈေးဖြစ်နေပါတယ်။
အဓိကရောင်းကုန်ကလည်း
တရုပ်ဖြစ်ပစ္စည်းများကိုရောင်းဝယ်ဖေါက်ကားနေတယ်။
ဆိုင်ရှင်ဖြစ်တဲ့ကိုအေးမောင်ဆိုသူက လူများချိန်တွင်
နိုင်ငံခြားသားများကြားတွင်တိုးဝှေ့ပြီး
တောင်းစားနေတဲ့ကိုမူးကိုပြောလိုက်ပါတယ်။
"အရက်မူးပြီး အခုလို တောင်းစားနေတာ မရှက်ဘူးလား"
သူတောင်းစားကိုမူးပြန်ပြောလိုက်တာက...
"မရှက်ပါဘူး။
မမူးရင်သာ ရှက်တာ"
No comments:
Post a Comment