တစ်ခါတုန်းက
ဆရာတစ်ဦးက တပည့်များအား
ကမ္ဘာ့လူဦးရေ ထူထပ်ပုံနှင့် ငတ်မွတ်ခေါင်းပါးပုံ
အကြောင်းကို ရှင်းပြနေခဲ့တယ်။
အစာရေဆာ ငတ်မွတ်ခေါင်းပါးမှုကြောင့်
ကမ္ဘာပေါ်ရှိလူများ စက္ကန့်ပိုင်းတွင် တစ်ဦးဦးသေဆုံးရပုံကို
ဒီလိုခိုင်းနှိုင်းပြပါတယ်။
“ဆရာ ထွက်သက်ဝင်သက်
ရှူလိုက်တဲ့အချိန်တိုင်း ကမ္ဘာပေါ်မှာ လူတစ်ယောက်သေဆုံးရတယ်”
အဲဒီမှာ ကျောင်းသားတစ်ဦးပြောလိုက်တာက
“ဆရာနေ့တိုင်း သွားတိုက်သင့်တယ်”
ဟူသတည်း။
No comments:
Post a Comment