ဆေးရုံတစ်ခုရဲ့ခန်းမတစ်ခုအတွင်းမှာဖြစ်တယ်။
အမျိုးသမီးငယ်တစ်ယောက်ဟာ
တွန်းလှည်းကုတင်လေးပေါ်မှာ ပက်လက်ကလေးစောင့်နေရရှာတယ်။
သူမဟာ ခွဲစိပ်ကုသခံရမှာ ဖြစ်တဲ့ အတွက်
အဝတ်အစားမပါ ဗလာကိုယ်တီးနဲ့ ဖြစ်နေလို့
စောင်ဖြူပါးလေးနဲ့ ချုံလွားပေးထားကြတယ်။
ခဏနေတော့ ဝတ်ရုံအဖြူကြီးဝတ်ထားတဲ့ လူတစ်ယောက်
အခန်းအတွင်းဝင်စောင်ကို မ, ကြည့်တယ်။
ပြီးတော့ ပြုံးပြုံးပြုံးပြုံးလုပ်ပြီးထွက်သွားပါတယ်။
ခဏနေပြန်တော့ ခုနလူ
နောက်တစ်ခါ ဝင်လာပြီး စောင်ကို မ, ကြည့်ပြန်တယ်။
ပြီးတော့
ပြုံးပြုံး ပြုံးပြုံးနဲ့ ပြန်ထွက်သွားပြန်ပါတယ်။
အဲ...သိပ်မကြာခင်ဘဲ ခုနလူ တတိယအကြိမ်အခန်းထဲ ပြန်ဝင်လာပြီး
စောင်ကို မ, ကြည့်ပြန်တယ်။
ဒီတခါတော့ အမျိုးသမီးငယ်က မေးတယ်။
"ဒေါက်တာ၊
ကျမကို မကြာခင် ခွဲစိပ်ကြတော့မှာလားဟင်"
ဒီတော့...အဲဒီလူက ပြန်ဖြေလိုက်တာက...
"အဲဒါတော့ မသိဘူးဗျ၊
ကျနော်က ဒီဆေးရုံကို ဆေးပြန်သုတ်နေတဲ့ ဆေးသုတ်သမားပါခင်ဗျာ..."တဲ့။
No comments:
Post a Comment