
အချစ် အချစ်၊
ချစ်တိုင်းချစ်၍၊
ချစ်လေချစ်လေ၊
ချစ်မပြေတည်း။
ဆားငန်ရေနောက်၊
ငတ်တိုင်းသောက်က၊
သောက်လေသောက်လေ၊
ငတ်မပြေသို့၊
ပေမအရာ၊
တဏှာဖွဲ့ရစ်၊
ထိုအချစ်လည်း၊
အပြစ်မမြင်၊
မဆင်ခြင်ဘဲ၊
ချစ်လျှင်ပျော်နိုး၊
ချစ်စပျိုးသည်၊
ချစ်ရိုးချစ်စဉ်၊ချစ်လမ်းတည်း။
(ရှေးပညာရှိပျို့)
No comments:
Post a Comment