တစ်ခါတုန်းက
ကျေးရွာလေးတစ်ခုမှာ နေထိုင်တဲ့ ပေါင်မုန့်ဖုတ်သမားဟာ
သူလိုတဲ့ထောပတ်ကို အိမ်နီးချင်းလယ်သမားဆီမှာ ဝယ်ပါတယ်။
တစ်နေ့တော့ သူဝယ်ထားတဲ့ ထောပတ်ဟာ
အရင်ကလို အလေးချိန်မပြည့်တာကို သတိထားမိလာတယ်။
အဲဒါကြောင့် သူဝယ်တဲ့ထောပတ်ကို မကြာခဏချိန်ကြည့်ပါတယ်။
အိမ်နီးချင်းလယ်သမားဆီကဝယ်ထားတဲ့ထောပတ်တွေဟာ
တဖြည်းဖြည်း အလေးချိန်လျော့လျော့လာတာကိုတွေ့ရပါတယ်။
ဒီဖြစ်ရပ်ကြောင့် ပေါင်မုန့်ဖုတ်သမားဟာ ဒေါသထွက်လာပါတယ်။
ဒါကြောင့် အလေးချိန်မမှန်မကန်လုပ်မှုအတွက်
ထောပတ်ရောင်းတဲ့လယ်သမားအား တရားစွဲပါတော့တယ်။
တရားရုံးရောက်လာတဲ့အခါမှာတော့
တရားသူကြီးက လယ်သမားကိုမေးပါတယ်။
“ ခင်ဗျားမှာ ချိန်စရာအလေးရှိမယ် ထင်ပါတယ်”
လယ်သမားက
“ မရှိပါဘူးခင်ဗျား”
တရားသူကြီးက
” အဲဒီလိုဆိုရင် ခင်ဗျားရောင်းတဲ့ ထောပတ်ကို
ဘယ်လိုချိန်တွယ်နေသလဲ”
လယ်သမားက
“ အော်…အဲဒါက လွယ်ပါတယ်ခင်ဗျား။
ပေါင်မုန့်ဖုတ်သမားဟာ ကျနော့်ဆီက ထောပတ်စဝယ်တုန်းက
ကျနော်ကလည်း သူ့ဆီက ပေါင်မုန့်ဝယ်ပါတယ်။
သူ့ဆီကဝယ်တဲ့ တစ်ပေါင်အလေးချိန်ရှိတဲ့ပေါင်မုန့်ကို
စံထားပြီးတော့ ထောပတ်ရောင်းခဲ့ပါတယ်။
တကယ်လို့ ကျနော့်ထောပတ်က အလေးချိန်မပြည့်ဘူးဆိုရင်
သူ့ပေါင်မုန့်အလေးချိန်မပြည့်လို့သာဖြစ်ပါတယ်။
ဒါကြောင့် အလေးချိန်လျော့နေတဲ့အတွက်
အပြစ်တင်ရမှာက ပေါင်မုန့်ဖုတ်သမားသာဖြစ်ပါတယ်”
လို့ရှင်းပြလိုက်ပါတယ်။
No comments:
Post a Comment