Friday, May 13, 2011

" အကောင်းဆုံးကုထုံး... "



တစ်ခါတုန်းက
ဆွေးနွေးမေးမြန်းခန်းတစ်ခုတွင်
ဒေါက်တာကားလ်မနင်ဂျာအား

လူတစ်ယောက်ကမေးခဲ့ပါတယ်။

" လူတစ်ယောက်ဟာ
နေမထိ ထိုင်မသာ
ခြေမကိုင်မိ လက်မကိုင်မိလောက်အောင်
စိတ်မချမ်းသာတဲ့အခါမျိုးမှာ
ဘာလုပ်သင့်ပါသလဲ"

လို့မေးမြန်းခဲ့ခြင်းဖြစ်ပါတယ်။


အဲဒီအခါ ထင်ရှားကျော်ကြားတဲ့
စိတ်အထူးကုပညာရှင်ကြီးက

" ခင်ဗျားရဲ့အိမ်ကို သော့ပိတ်လိုက်ပါ။
ကားလမ်းကို ဖြတ်ကျော်ပြီး၊
တကယ်အကူအညီလိုအပ်နေတဲ့လူကို တွေ့အောင်ရှာပါ၊
ပြီးတော့
အဲဒီလူအတွက်
ခင်ဗျားတတ်နိုင်သလောက်
တစ်ခုခု ကူညီလိုက်ပါ "

လို့ အကြံပေးလိုက်ပါတယ်။




No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com